Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယာ​ကုပ် 4:3

Judson Bible

ဆု​တောင်း​လျှင်​လည်း ကာ​မ​ဂုဏ်​ခံ​စား​စ​ရာ​ဖို့ ရှိ​စေ​ခြင်း​ငှာ၊ အ​လွဲ​တောင်း​သော​ကြောင့် မ​ရ​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် တာ​ရှည်​သော​အ​သက်​ကို မ​တောင်း၊ စည်း​စိမ်​ကို​လည်း မ​တောင်း၊ ရန်​သူ​တို့၏​အ​သက်​ကို​လည်း မ​တောင်း၊ တ​ရား​စီ​ရင်​ခြင်း​ငှာ တတ်​နိုင်​သော​ဉာဏ်​ကို​သာ ကိုယ်​အ​ဖို့​တောင်း​လျှောက်​သော​ကြောင့်၊

ထို​ကြောင့် အ​ဓ​မ္မ​လူ၊ ထောင်​လွှား​စော်​ကား​ခြင်း​ကို​ခံ​ရ၍ အော်​ဟစ်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် ထူး​တော်​မ​မူ။

သူ​တို့​သည် အော်​ဟစ်​ကြ​သော​အ​ခါ၊ ကယ်​တင်​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သော်​လည်း ထူး​တော်​မ​မူ။

ထို​အ​မှု​ရောက်​သော​သူ​တို့​သည် ငါ့​ကို​ခေါ်​သော်​လည်း ငါ​မ​ထူး။ ငါ့​ကို​ကြိုး​စား၍ ရှာ​သော်​လည်း မ​တွေ့​ရ​ကြ။

မ​တ​ရား​သော​သူ ပူ​ဇော်​သော​ယဇ်​ကို ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ့​ရှာ​တော်​မူ၏။ သ​ဘော​ဖြောင့်​သော​သူ ဆု​တောင်း​သော​ပ​တ္ထ​နာ​ကို​ကား၊ နှစ်​သက်​တော်​မူ၏။

ဆင်း​ရဲ​သော​သူ၏​အော်​ဟစ်​သံ​ကို မ​ကြား​လို၍၊ နား​ကို​ပိတ်​သော​သူ​သည် ကိုယ်​တိုင်​အော်​ဟစ်၍၊ အ​ဘယ်​သူ​မျှ မ​ကြား​ရ။

မ​တ​ရား​သော​သူ​ပူ​ဇော်​သော​ယဇ်​သည် စက်​ဆုပ်​ရွံ​ရှာ​ဖွယ် ဖြစ်၏။ ထို​မျှ​မ​က၊ မ​တ​ရား​သော​စိတ်​နှင့် ပူ​ဇော်​လျှင် သာ၍​ဖြစ်၏။

သို့​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ သူ​တို့​မ​လွတ်​နိုင်​သော ဘေး​အ​န္တ​ရာယ်​ကို သူ​တို့​အ​ပေါ်၌ ငါ​သက်​ရောက်​စေ​မည်။ သူ​တို့​သည် ငါ့​ကို​အော်​ဟစ်​သော်​လည်း၊ ငါ​နား​မ​ထောင်​ဘဲ​နေ​မည်။

သို့​ဖြစ်၍ သင်​သည် ဤ​လူ​မျိုး​အ​ဖို့ ပ​တ္ထ​နာ​မ​ပြု​နှင့်။ သူ​တို့​အ​ဖို့ အော်​ဟစ်​ခြင်း၊ ဆု​တောင်း​ခြင်း​ကို မ​ပြု​နှင့်။ ဘေး​ရောက်​သည်​ကာ​လ၊ သူ​တို့ အော်​ဟစ်​သော​စ​ကား​ကို ငါ​နား​မ​ထောင်။

သူ​တို့​သည် အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို​ကျင့်​သော​အ​ခါ၊ သူ​တို့​အော်​ဟစ်​သံ​ကို ငါ​နား​မ​ထောင်။ မီး​ရှို့​ရာ​ယဇ်​ကို သော်​လည်း​ကောင်း၊ ပူ​ဇော်​သ​ကာ​ကို​သော်​လည်း​ကောင်း၊ ဆက်​ကပ်​သော​အ​ခါ ငါ​လက်​မ​ခံ။ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့်၊ သူ​တို့​ကို ငါ​ဆုံး​စေ​မည်​ဟု​မိန့်​တော်​မူ​လျှင်၊

သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ​သော်​လည်း နား​ထောင်​တော်​မ​မူ။ ဒု​စ​ရိုက်​ကို ပြု​ကြ​သည်​နှင့်​အ​ညီ၊ ထို​ကာ​လ၌ မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​လိမ့်​မည်။

ငါ​ဟစ်​ခေါ်၍ သူ​တို့​သည်​နား​မ​ထောင်​သ​ကဲ့​သို့၊ တစ်​ဖန် သူ​တို့​သည်​ဟစ်​ခေါ်၍ ငါ​လည်း နား​မ​ထောင်​ဘဲ​နေ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​ရ​အံ့​သော ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​သည် တတ်​စွမ်း​နိုင်​ပါ၏​ဟု လျှောက်​ကြ​သော်၊-

ယေ​ရှု​က​လည်း၊ သင်​တို့​သည် အ​ဘယ်​သို့​တောင်း​ပန်​သည်​ကို သင်​တို့​မ​သိ​ကြ။ ငါ​သောက်​သော​ခွက်​ကို သောက်​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​ခံ​သော​ဗ​တ္တိ​ဇံ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် တတ်​စွမ်း​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊-

တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို ဖွင့်၏။-

ထို​နောက်​များ​မ​ကြာ၊ သား​အ​ငယ်​သည် မိ​မိ​ဥ​စ္စာ​များ​ကို သိမ်း​ယူ၍ ဝေး​စွာ​သော​ပြည်​သို့ သွား​ပြီး​လျှင်၊ ထို​ပြည်​မှာ ကာ​မ​ဂုဏ်၌ လွန်​ကျူး​သော​အား​ဖြင့် ဥ​စ္စာ​ပြုန်း​တီး၍၊-

ပြည့်​တန်​ဆာ​မိန်း​မ​တို့​နှင့် ပေါင်း​ဖော်၍ မိ​မိ​ဥ​စ္စာ​ကို​ဖြုန်း​သော ဤ​သား​ငယ် ရောက်​လာ​သော​အ​ခါ​မူ​ကား၊ အ​ဘ​သည် ဆူ​အောင်​ကျွေး​သော နွား​က​လေး​ကို သတ်​လေ​ပြီ​တ​ကား​ဟု ဆို၏။-

သင်​တို့​တွင် စစ်​တိုက်​ခြင်း၊ ရန်​တွေ့​ခြင်း​သည် အ​ဘယ်​အ​ကြောင်း​ကြောင့် ဖြစ်​သ​နည်း။ သင်​တို့​အင်္ဂါ​များ၌ စစ်​ပြိုင်​သော ကိ​လေ​သာ​ကာ​မ​စိတ်​ကြောင့် ဖြစ်​သည်​မ​ဟုတ်​လော။-

ငါ​တို့​သည် ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်၍၊ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​တို့​ကို ကျင့်​သော​ကြောင့်၊ ဆု​တောင်း​သ​မျှ​တို့​ကို ဘု​ရား​သ​ခင့် ထံ​တော်​မှ​ရ​ကြ၏။-

ငါ​တို့​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်၌ ရဲ​ရင့်​ခြင်း​အ​ကြောင်း​ဟူ​မူ​ကား၊ ငါ​တို့​သည် အ​လို​တော်​နှင့်​အ​ညီ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လျှင်၊ ဘု​ရား​သ​ခင်​သည် နား​ထောင်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ