Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယာ​ကုပ် 4:2

Judson Bible

သင်​တို့​သည် တပ်​မက်၍​မ​ရ​ကြ။ လူ​အ​သက်​ကို သတ်၍​လည်း​ကောင်း၊ အ​လွန်​လို​ချင်​သော လော​ဘ​စိတ်​ရှိ၍​လည်း​ကောင်း၊ အ​လို​မ​ပြည့်​စုံ​နိုင်​ကြ။ ရန်​တွေ့​ခြင်း၊ စစ်​တိုက်​ခြင်း​ကို​လည်း ပြု၍​မ​ရ​ကြ။ အ​ကြောင်း​မူ​ကား၊ ဆု​မ​တောင်း​ဘဲ နေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​က၊ ယေ​ဇ​ရေ​လ​မြို့​သား​နာ​ဗုတ်​ကို ငါ​ခေါ်၍ သင့်​စ​ပျစ်​ဥ​ယျာဉ်​ကို ရောင်း​ပါ။ သို့​မ​ဟုတ် သင်​အ​လို​ရှိ​လျှင် အ​ခြား​သော​ဥ​ယျာဉ်​ကို ငါ​ပေး​မည်​ဟု​ဆို​သော်၊ ထို​ဥ​ယျာဉ်​ကို ကိုယ်​တော်​အား​မ​ပေး​ရ​ဟု ပြန်​ပြော​သော​ကြောင့် စိတ်​ညှိုး​ငယ်​သည်​ဟု ဆို၏။

မ​တ​ရား​သော​စီး​ပွား​ကို ရှာ​သော​သူ​အ​ပေါင်း​တို့​သည် ထို​သို့​သော​အ​ကျိုး​ကို​ခံ​ရ၍၊ ထို​စီး​ပွား​သည် မိ​မိ​အ​ရှင်၏​အ​သက်​ကို သတ်​တတ်၏။

လူ​သည် အ​ဖော်​အ​ဖက်၊ သား​သ​မီး၊ ညီ​အစ်​ကို​မ​ရှိ၊ တစ်​ယောက်​တည်း​ဖြစ်​သော်​လည်း၊ ကြိုး​စား​အား​ထုတ်၍ မ​ကုန်​နိုင်။ မိ​မိ​စည်း​စိမ်​ကို​မြင်၍ မ​ရောင့်​ရဲ​နိုင်။ ငါ​သည်​ကိုယ်​ကို​ညှဉ်း​ဆဲ၍၊ အ​ဘယ်​သူ​အ​ဖို့ ကြိုး​စား​အား​ထုတ်​သ​နည်း​ဟု မ​မေး​တတ်။ ဤ​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​အ​မှု၊ အ​လွန်​ပင်​ပန်း​စေ​သော​အ​မှု​ဖြစ်၏။

အာ​ခတ်​မင်း​က၊ ကျွန်ုပ်​မ​တောင်း​ပန်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ကို မ​စုံ​စမ်း​ပါ​ဟု ပြန်​ပြော၏။

ထို​မှ​တစ်​ပါး၊ စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​သော​သူ​သည် သ​စ္စာ​ပျက်​တတ်၏။ မာ​န​ထောင်​လွှား​သော​သူ​သည် ကိုယ်​နေ​ရာ၌ မ​နေ​နိုင်​ဘဲ၊ မိ​မိ​လော​ဘ​ကို မ​ရ​ဏ​နိုင်​ငံ​ကဲ့​သို့ ကျယ်​စေ​လျက်၊ သေ​မင်း​ကဲ့​သို့ မ​ပြေ​နိုင်​သော စိတ်​ရှိ​လျက်၊ တိုင်း​သူ​နိုင်​ငံ​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို မိ​မိ​ထံ​သို့​ဆွဲ​ငင်၍ စု​ဝေး​စေ၏။

ယ​ခု​တိုင်​အောင် ငါ၏​နာ​မ​ကို​အ​မှီ​ပြု၍ သင်​တို့​သည် အ​ဘယ်​ဆု​ကို​မျှ မ​တောင်း​ကြ​သေး။ သင်​တို့​သည် ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ တောင်း​ကြ​လော့။ ထို​သို့​တောင်း​လျှင် ရ​ကြ​လိမ့်​မည်။

ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ဆို​သော​သူ​ကား အ​ဘယ်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သည်​သိ​လျှင် ထို​သူ​ကို​တောင်း​လိမ့်​မည်။ ထို​သူ​သည်​လည်း အ​သက်​ရေ​ကို ပေး​လိမ့်​မည်​ဟု ပြန်၍ မိန့်​တော်​မူ​သော်၊-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-

ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​စီ​ရင်၍ ကွပ်​မျက်​ကြ​ပြီ။ သူ​သည်​လည်း သင်​တို့​ကို မ​ဆီး​တား။

မိ​မိ​ညီ​အစ်​ကို​ကို မုန်း​သော​သူ​မည်​သည်​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​ဖြစ်၏။ လူ​အ​သက်​ကို သတ်​သော​သူ တစ်​စုံ​တစ်​ယောက်၌​မျှ ထာ​ဝ​ရ​အ​သက် မ​တည်​သည်​ကို သင်​တို့​သိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ