ယာကုပ် 3:6Judson Bibleလျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည် ငါတို့၏အင်္ဂါတို့တွင်တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။- အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့ကလည်း၊ ငါတို့သည် ရှင်ဘုရင်၌ ဆယ်ဖို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့သာ၍ဆိုင်ကြ၏။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေ့ဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့စကားသည် သာ၍ခိုင်ခံ့၏။
လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသော အရပ်တို့၌ ကြောက်မက်ဖွယ်သော အကြောင်းရှိ၏။ သူတစ်ပါးတို့က သတင်းကို ကြားပြောကြလော့။ ငါတို့သည် တစ်ဆင့် ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေအပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသောစိတ်ပြေစေခြင်းငှာ၊ သူ့ကို သွေးဆောင်ကောင်း သွေးဆောင်လိမ့်မည်ဟု ဆိုကြ၏။
ထိုကြောင့်၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှာ ငါပြုမည်။ ထိုသူသည်၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက်၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား၍၊ အသင်းတော်ထဲက နှင်ထုတ်တတ်၏။-
ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တစ်ဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တစ်ဖန် မကြားရ။ အကြောင်းမူကား၊ လောကီမှူးမတ်တို့သည် သင်၏ ကုန်သည်ဖြစ်ကြပြီ။ လူအမျိုးမျိုးတို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြပြီဟု ကောင်းကင်တမန် ပြောဆို၏။-