ယာကုပ် 3:5Judson Bibleထိုနည်းတူ၊ လျှာသည် ငယ်သောအင်္ဂါဖြစ်သော်လည်း အလွန်ဝါကြွားတတ်၏။ အဘယ်မျှလောက် များစွာသောထင်းကို အနည်းငယ်သောမီးသည် ညှိနိုင်သည်ကို ကြည့်ပါလော့။- အခန်းကိုကြည့်ပါ။ |
သူတို့ကလည်း လာကြ။ ယေရမိတစ်ဖက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌လည်းကောင်း၊ ပညာရှိသောသူသည် အကြံပေးခြင်းအမှု၌လည်းကောင်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌လည်းကောင်း အရှုံးမခံရ။ လာကြ။ ယေရမိကို လျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင်ဘဲ နေကြကုန်အံ့ဟုဆိုကြ၏။
အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို တုရုရှင်ဘုရင်အား ဆင့်ဆိုရမည်မှာ၊ သင်သည် ကိုယ်ကိုဘုရားသခင်ကဲ့သို့ ထင်မှတ်သော်လည်း ဘုရားသခင်မဟုတ်၊ လူသက်သက်ဖြစ်လျက်နှင့် ငါသည် ဘုရားဖြစ်၏။ ပင်လယ်အလယ်၌ ဘုရားပလ္လင်ပေါ်မှာ ငါထိုင်သည်ဟု ဝါကြွားသောစိတ်နှင့် ဆိုသည်ဖြစ်၍၊
ယခုတွင် တံပိုး၊ ခရာ၊ စောင်း၊ ပုလွေ၊ တယော၊ ပတ်သာအစရှိသော တူရိယာမျိုးတီးမှုတ်ခြင်း အသံကို ကြားသောအခါ၊ ငါလုပ်သော ရွှေရုပ်တုကို ပျပ်ဝပ် ကိုးကွယ်အံ့သောငှာ အသင့်နေကြ။ သို့မဟုတ်လျှင်၊ မီးလောင်လျက်ရှိသော မီးဖိုထဲသို့ ချက်ချင်းချပစ်မည်။ ငါ၏လက်မှ ကယ်လွှတ်နိုင်သော ဘုရားကား၊ အဘယ်ဘုရားရှိသနည်းဟု မိန့်တော်မူ၏။