Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယာ​ကုပ် 2:3

Judson Bible

တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ​ကို ကြည့်၍၊ ကောင်း​မွန်​သော ဤ​အ​ရပ်​မှာ​ထိုင်​ပါ ဟူ၍​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို၊ ဟို​မှာ​နေ​လော့၊ သို့​မ​ဟုတ် ဤ​အ​ရပ်​မှာ ငါ့​ခြေ​တင်​ခုံ​အောက်၌ ထိုင်​လော့​ဟူ၍​လည်း​ကောင်း၊ သင်​တို့​သည် ပြော​ဆို​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဆင်း​ရဲ​သော​သူ​သည် တောင်း​ပန်​တတ်၏။ ငွေ​ရ​တတ်​သော​သူ​မူ​ကား၊ ကြမ်း​တမ်း​စွာ ပြန်​ပြော​တတ်၏။

သူ​တို့​က​လည်း၊ သင်​သည် အ​သီး​အ​ခြား​နေ​လော့။ ငါ့​ထံ​သို့ မ​ချဉ်း​နှင့်။ ငါ​သည် သင့်​ထက်​သာ၍ သန့်​ရှင်း​သည်​ဟု ဆို​တတ်၏။ ထို​သို့​သော​သူ​တို့​သည် ငါ့​နှာ​ခေါင်း၌ မီး​ခိုး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​လောင်​သော မီး​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

ဟေ​ရုဒ်​မင်း​သည် စစ်​သူ​ရဲ​တို့​နှင့်​တ​ကွ ကိုယ်​တော်​ကို မ​ခန့်​မ​ညား​ဘဲ ပြက်​ရယ်​ပြု၍ တင့်​တယ်​သော​အ​ဝတ်​ကို ဝတ်​စေ​ပြီး​မှ ပိ​လတ်​မင်း​ထံ​သို့ ပို့​ပြန်​စေ၏။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။

ရွှေ​လက်​စွပ်​နှင့် တင့်​တယ်​သော အ​ဝတ်​ကို ဝတ်​ဆင်​သော​သူ၊ ညစ်​သော​အ​ဝတ်​ကို​ဝတ်၍ ဆင်း​ရဲ​သော သူ​နှစ်​ဦး​သည် သင်​တို့၏ တ​ရား​ဇ​ရပ်​ထဲ​သို့ ဝင်​သော​အ​ခါ၊-

သင်​တို့​သည် ဆင်း​ရဲ​သော​သူ​ကို မ​ထီ​မဲ့​မြင် ပြု​ကြ​သည်​တ​ကား။ ငွေ​ရ​တတ်​သော သူ​တို့​သည် သင်​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​ကြ​သည် မ​ဟုတ်​လော။ တ​ရား​ပ​လ္လင်​ရှေ့​သို့ ဆွဲ​ငင်​ကြ​သည်​မ​ဟုတ်​လော။-

ထို​သူ​တို့​သည် မြည်​တမ်း၍ အ​ပြစ်​တင်​တတ်​သော​သူ၊ ကိုယ်​တပ်​မက်​ခြင်း​အ​တိုင်း ကျင့်​တတ်​သော​သူ၊ ထောင်​လွှား​သော စ​ကား​ကို ပြော​တတ်​သော​သူ၊ ကိုယ်​အ​ကျိုး​စီး​ပွား​ကြောင့် သူ့​မျက်​နှာ​ကို ထောက်​ထား ခန့်​ညား​တတ်​သော​သူ ဖြစ်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ