Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယာ​ကုပ် 2:4

Judson Bible

တစ်​ဖက်၌ ငဲ့​ကွက်​သော​စိတ်​ရှိ၍ မ​ကောင်း​သော​အ​ကြံ​အ​စည်​နှင့် စီ​ရင်​သော​သူ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် အောက်​မေ့​သော​အ​ရာ၊ ငါ့​ကို မ​နာ​လို​သော​စိတ်​နှင့် ဆင်​ခြင်​သော​အ​ရာ​တို့​ကို ငါ​သိ၏။

ထို​မျှ​မ​က၊ မင်း​တို့၏​မျက်​နှာ​ကို ထောက်​တော်​မ​မူ။ ဆင်း​ရဲ​သော​သူ​ကို အား​နာ​သည်​ထက်၊ ရ​တတ်​သော​သူ​ကို သာ၍ အား​နာ​တော်​မ​မူ​သော ဘု​ရား​သ​ခင်​ကို မ​ဆို​သင့်​သည် မ​ဟုတ်​လော။ ဘု​ရား​သ​ခင်​သည် ခပ်​သိမ်း​သော​သ​တ္တ​ဝါ​တို့​ကို ဖန်​ဆင်း​တော်​မူ​ပြီ။

အ​ကြောင်း​မူ​ကား၊ ဆင်း​ရဲ​သော​သူ၏​ဝိ​ညာဉ်​ကို အ​ပြစ်​စီ​ရင်​သော သူ​တို့၏​လက်​မှ ကယ်​တင်​ခြင်း​ငှာ၊ သူ၏​လက်​ယာ​ဘက်​မှာ​ရပ်၍ နေ​တော်​မူ​တတ်၏။

အို​လူ​သား​တို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် စ​ကား​ဖြောင့်​ကြ​သ​လော။

သင်​တို့​သည် မ​တ​ရား​သော​သူ​တို့၏​မျက်​နှာ​ကို​ထောက်၍၊ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး မ​တ​ရား​သ​ဖြင့် စီ​ရင်​ကြ​မည်​နည်း။

သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။

မ​တ​ရား​သော ထို​တ​ရား​သူ​ကြီး၏ အ​ကြံ​ကို မှတ်​ကြ​လော့။-

မျက်​နှာ​ကို​သာ​ကြည့်၍ မ​စီ​ရင်​ကြ​နှင့်။ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

အ​ထက်​မှ သက်​ရောက်​သော​ပ​ညာ​မူ​ကား၊ ရှေ့​ဦး​စွာ​စင်​ကြယ်၏။ ထို​မှ​တစ်​ပါး၊ အ​သင့်​အ​တင့်​နေ​တတ်၏။ ဖြည်း​ညင်း​သော​သ​ဘော ရှိ၏။ သွေး​ဆောင်​လွယ်၏။ က​ရု​ဏာ​နှင့်​လည်း​ကောင်း၊ ကောင်း​ကျိုး​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။ လျစ်​လျူ​သော​စိတ်​ရှိ၏။ လျှို့​ဝှက်​ခြင်း​နှင့် ကင်း​စင်၏။-

ညီ​အစ်​ကို​တို့၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကဲ့​ရဲ့​ခြင်း​ကို​မ​ပြု​ကြ​နှင့်။ ညီ​အစ်​ကို​ချင်း​ကို ကဲ့​ရဲ့၍၊ သူ၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်​သော​သူ​သည် တ​ရား​ကို ကဲ့​ရဲ့၏။ တ​ရား၌​အ​ပြစ်​ရှိ​သည်​ဟု စီ​ရင်၏။ ထို​သို့​ပြု​လျှင်၊ သင်​သည် တ​ရား​ကို ကျင့်​သော​သူ​မ​ဟုတ်၊ တ​ရား​ကို စစ်​ကြော​စီ​ရင်​သော​သူ ဖြစ်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ