မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကိုပေး၍ နို့တိုက်တတ်၏။ ငါ၏လူမျိုးသတို့သမီးမူကား၊ တော၌နေသော ကုလားအုတ်ငှက်ကဲ့သို့ ကြမ်းကြုတ်သောသဘောရှိ၏။
နံနက်အချိန်၌ ကျွန်တော်မသည် သားငယ်ကို နို့တိုက်မည်ထသောအခါ၊ သားငယ်သည် သေလျက်ရှိပါ၏။ သို့ရာတွင် ကျွန်တော်မသည် သေသောသူငယ်ကိုစေ့စေ့ကြည့်ရှုသောအခါ၊ ကျွန်တော်မ ဖွားမြင်သောသားမဟုတ်ပါဟု လျှောက်၏။
တောခွေးတို့သည်လည်း၊ ဘုံဗိမာန်များ၌လည်းကောင်း၊ မြေခွေးတို့သည်လည်း၊ ကြက်သရေတိုက်များ၌လည်းကောင်း၊ အူကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သောကာလနီးလှပြီ။ ထိုမြို့၏အသက်တာ မရှည်ရ။
ဘုံဗိမာန်တို့၌လည်းကောင်း၊ ရဲတိုက်တို့၌လည်းကောင်း၊ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ မြေခွေးခိုရာ၊ ငှက်ကုလားအုတ်နေရာ ဖြစ်ရလိမ့်မည်။
မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။
သတ်ခြင်းငှာ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက်နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်းချင်းတစ်ယောက်အသားကို တစ်ယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
အို ထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကိုစားရပါမည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။
စိတ်ကြင်နာတတ်သော မိန်းမတို့သည် မိမိတို့သားကိုပင် ပြုတ်ရကြ၏။ ငါ၏လူမျိုးသတို့သမီးသည် ပျက်စီးသောကာလ၌ မိမိတို့သားကိုပင် စားရကြ၏။
သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကို စားကြလိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသော လေရှေ့မှာ ငါလွှင့်မည်။
သင်တို့သည် ကိုယ်သားသမီးတို့၏အသားကို စားရကြလိမ့်မည်။
မိဘ သားမယားစသည်တို့ကို မချစ်သောသူ၊ ရန်ငြိုးထားသောသူ၊ သနားခြင်း ကရုဏာစိတ်မရှိသောသူ ဖြစ်ကြ၏။-