မြည်တမ်းစကား 3:52Judson Bibleအကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသော သူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကို လိုက်၍ရှာကြ၏။ အခန်းကိုကြည့်ပါ။ |
မတရားသောသူတို့သည် သဘောဖြောင့်သော သူတို့ကို မထင်မရှားပစ်အံ့သောငှာ လေးကိုတင်၍၊ လေးညှို့ပေါ်မှာ မြားကိုပြင်ကြ၏။ အမှီတံကဲတို့သည် ပျက်လျှင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည်ငှက်သကဲ့သို့ ကိုယ်နေရာတောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာဖြစ်တော်မူ၏။