ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါ့မျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။
သူငယ်သည် ကျွန်တော်၌မပါလျှင်၊ ကျွန်တော်အဘထံသို့ အဘယ်သို့ကျွန်တော်သွားနိုင်ပါမည်နည်း။ သို့ပြုလျှင် ကျွန်တော်အဘ၌ရောက်လတ္တံ့သော ဘေးဥပဒ်ကို ကျွန်တော်မြင်ရပါလိမ့်မည်တကားဟု လျှောက်လေ၏။
ငါသည်သူတို့ကို စစ်ကြောသဖြင့်၊ လူပျိုတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သားသမီးတို့သည်ငတ်မွတ်၍ သေကြလိမ့်မည်။
သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှစ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ဓားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကိုခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ငါညွှန်းလောင်းမည်။
ငါသည် မြို့ပြင်သို့သွားသောအခါ၊ သတ်သောအသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသောသူများကိုလည်း တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှုကိုမျှ မသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။
သတ်ခြင်းငှာ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက်နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်းချင်းတစ်ယောက်အသားကို တစ်ယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
ထာဝရဘုရားသည် တရားသဖြင့် စီရင်တော်မူ၏။ ငါသည် ပညတ်တော်ကို လွန်ကျူးမိပြီ။ လူမျိုးခပ်သိမ်းတို့၊ နားထောင်၍ ငါ၏ဒုက္ခကို ဆင်ခြင်ကြပါလော့။ ငါ၏လူပျိုနှင့် အပျိုတို့ကို သိမ်းသွားကြပြီ။
ငါ၏လူမျိုး သတို့သမီးပျက်စီးသောကြောင့်၊ ငါသည်မျက်ရည်ကျ၍ မျက်စိပျက်လေပြီ။ ဝမ်း၌ ဆူလှိုက်ခြင်းရှိ၍ အသည်းလည်း မြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့် နို့စို့ကလေးတို့သည် မြို့လမ်း၌ အားပျက်လျက်နေကြ၏။
လူအကြီးအငယ်တို့သည် လမ်း၌ မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏ လူပျိုနှင့် အပျိုတို့သည် ဓားဖြင့် သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော်ထွက်သောနေ့၌၊ သူတို့ကိုမသနားဘဲ ကွပ်မျက်တော်မူပြီ။
ထာဝရဘုရားသည် ကောင်းကင်ကငုံ့ကြည့်၍ ရှုမှတ်တော်မမူမီတိုင်အောင်၊ ငါ့မျက်ရည်သည်ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။
အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသော သူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကို လိုက်၍ရှာကြ၏။
ဇိအုန်မြို့၌ မိန်းမများကိုလည်းကောင်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကိုလည်းကောင်း၊ အဓမ္မပြုကြပါ၏။