ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် ပြည့်ဝစေ။
သူတစ်ပါးတို့သည် ငါ့ကိုပါးစပ်ဟကြ၏။ အရှက်ခွဲ၍ ပါးကိုပုတ်ကြ၏။ ငါ့တစ်ဘက်က တညီတညွတ်တည်း စုဝေးကြ၏။
ငါ့ကိုရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့မျက်နှာကို တံတွေးနှင့်မထွေးဘဲ မနေကြ။
အို ထာဝရဘုရား၊ ကယ်မသနားတော်မူပါ။ အကျွန်ုပ်တို့သည် အလွန်အရှက်ကွဲခြင်းကို ခံရပါသည်ဖြစ်၍၊ ကယ်မသနားတော်မူပါ။
ကဲ့ရဲ့ခြင်းအားဖြင့် အကျွန်ုပ်သည် စိတ်ပျက်၍ အလွန်ပူဆွေးခြင်းရှိပါ၏။ သနားသောသူကို ကြည့်၍ မမြင်။ သက်သာစေသောသူကို ရှာ၍ မတွေ့ရပါ။
ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။
ရိုက်သောသူတို့အား ငါ့ကျောကိုလည်းကောင်း၊ နားပန်းဆံကို နုတ်သောသူတို့အား၊ ငါ့ပါးကိုလည်းကောင်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကိုမလွှဲ။
ယခုမူကား၊ အို ဗိုလ်ခြေသတို့သမီး၊ စည်းဝေး၍ ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားကြပြီ။ ဣသရေလမင်း၏ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား။
ထိုအခါ မျက်နှာတော်ကို တံတွေးနှင့် ထွေးကြ၏။ လက်သီးနှင့် ထိုးကြ၏။-
ငါပညတ်သည်ကား၊ နှောင့်ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေးဦးလော့။-
သင်၏ ပါးတစ်ဖက်ကို ပုတ်သောသူအား ပါးတစ်ဖက်ကို ပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသော သူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှာ အခွင့်ပေးဦးလော့။-
သူတစ်ပါးသည် သင်တို့ကို ကျွန်ခံစေခြင်း၊ ရောင်း၍စားခြင်း၊ ဥစ္စာကိုလုယူခြင်း၊ ရန်တွေ့ခြင်း၊ ပါးပုတ်ခြင်းကိုပြုလျှင် သင်တို့သည် သည်းခံကြ၏။-