Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:11

Judson Bible

ငါ့​ကို လမ်း​လွဲ​စေ​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဖြတ်၍ ဖျက်​ဆီး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် ငါ့​ကို​ပင်​ပန်း​စေ​တော်​မူ​ပြီ။ ငါ့​အိမ်​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပြီ။

အ​ကျွန်ုပ်​သည် စိတ်​ပျက်​လျက်၊ ကိုယ်​အ​ထဲ၌ နှ​လုံး​ကြေ​ကွဲ​လျက်​ရှိ​ပါ၏။

ဘု​ရား​သ​ခင်​ကို မေ့​လျော့​သော​သူ​တို့၊ ဤ​အ​မှု​ကို ဆင်​ခြင်​ကြ​လော့။ သို့​မ​ဟုတ် သင်​တို့​ကို ကယ်​နုတ်​သော​သူ​မ​ရှိ။ ငါ​သည် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​မည်။

သူ၏​တံ​ခါး​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊

သူ​တို့​ကို သတ်​ရ​သော​ဓား၊ ဆွဲ​ဖြတ်​ရ​သော​ခွေး၊ ကိုက်​စား​ရ​သော​မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တည်း​ဟူ​သော ရန်​သူ​လေး​မျိုး​ကို သူ​တို့​တစ်​ဖက်၌ ငါ​ခန့်​ထား​မည်။

ဤ​မြို့​ကို​လည်း လူ​ဆိတ်​ညံ​ရာ၊ ကဲ့​ရဲ့​သံ​ကို ကြား​ရာ​အ​ရပ် ဖြစ်​စေ​မည်။ လမ်း၌ လျှောက်​သွား​သ​မျှ​သော သူ​တို့​သည် ဤ​မြို့​ခံ​ရ​သော ဘေး​အ​လုံး​စုံ​တို့​ကို မြင်​သော​အ​ခါ၊ အံ့​ဩ၍ ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။

လူ​မ​ရှိ၊ တိ​ရ​စ္ဆာန်​မ​ရှိ ဆိတ်​ညံ​ပြီ၊ ခါ​လ​ဒဲ​လူ​တို့​လက်​သို့ ရောက်​လေ​ပြီ​ဟု သင်​တို့​ဆို​တတ်​သော ဤ​ပြည်၌၊ နောက်​တစ်​ဖန် လယ်​ယာ​တို့​ကို ရောင်း​ဝယ်​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ တော​မှ​လာ​သော ခြင်္သေ့​သည် သူ​တို့​ကို​သတ်​လိမ့်​မည်။ ညဉ့်​ဦး​ယံ၌ လည်​တတ်​သော တော​ခွေး​သည် သူ​တို့​ကို ကိုက်​စား​လိမ့်​မည်။ ကျား​သစ်​သည် သူ​တို့​မြို့​ကို​စောင့်၍၊ မြို့​ပြင်​သို့ ထွက်​သွား​သော​သူ အ​ပေါင်း​တို့​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​ပြစ်​မှား​သော အ​ပြစ်​များ၍၊ အ​ကြိမ်​ကြိမ် အ​ထပ်​ထပ် ဖောက်​ပြန်​ကြ​ပြီ။

အို ယေ​ရု​ရှ​လင်​မြို့၊ ဆုံး​မ​ခြင်း​ကို​ခံ​လော့။ သို့​မ​ဟုတ်၊ သင့်​ကို​ငါ​ရွံ​ရှာ​မည်။ သင့်​ကို​ပယ်​ရှင်း၍ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

အ​ထက်​မှ​မီး​ကို ငါ့​အ​ရိုး​ထဲ​သို့ လွှတ်​လိုက်၍ ကြေ​မွေ​စေ​တော်​မူ​ပြီ။ ငါ့​ခြေ​ကို ကျော့​မိ​စေ​ခြင်း​ငှာ ကျော့​ကွင်း​ထောင်၍ ငါ့​ကို​ပြန်​စေ​တော်​မူ​ပြီ။ တစ်​နေ့​လုံး​ညှိုး​ငယ်​ခြင်း​အ​ကြောင်း၊ စိတ်​ပျက်​ခြင်း​အ​ကြောင်း​ကို ငါ၌ ဖြစ်​စေ​တော်​မူ၏။

ငါ့​ကို ချောင်း​မြောင်း​သော​ဝက်​ဝံ​ကဲ့​သို့​လည်း​ကောင်း၊ မ​ထင်​ရှား​သော အ​ရပ်၌​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​တော်​မူ၏။

ထို​သူ​က​လည်း စ​တု​တ္ထ​သား​ရဲ​သည် မြေ​ကြီး​ပေါ်​မှာ အ​ခြား​သော နိုင်​ငံ​ရှိ​သ​မျှ​တို့​ထက် ထူး​ခြား​သော စ​တု​တ္ထ​နိုင်​ငံ​ဖြစ်၏။ ထို​နိုင်​ငံ​သည် မြေ​ကြီး​ရှိ​သ​မျှ​ကို ကိုယ်​စား​ချိုး​ဖဲ့ နင်း​ချေ​လိမ့်​မည်။

လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် ကိုက်​ဖြတ်​သော်​လည်း ပ​က​တိ ဖြစ်​စေ​တော်​မူ​မည်။ ဒဏ်​ခတ်​သော်​လည်း အ​နာ​ကို​စည်း​တော်​မူ​မည်။

ကျန်​ကြွင်း​သော ယာ​ကုပ်​အ​မျိုး​သား​တို့​သည် တစ်​ပါး​အ​မျိုး​သား အ​များ​တို့​တွင်​နေ၍၊ တော​သား​ရဲ​တို့​တွင် ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ သိုး​စု​တို့​တွင် ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။ ခြင်္သေ့​ဝင်​သော​အ​ခါ အ​ဘယ်​သူ​မျှ မ​ကယ်​နုတ်​နိုင်​အောင် နင်း၍ ကိုက်​စား​တတ်၏။

သင်​တို့​နေ​သော​အိမ်​သည် သင်​တို့၌ လူ​ဆိတ်​ညံ​လျက် ကျန်​ရစ်​ရ၏။-

ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပင်​လယ်​ကူး​သော သင်္ဘော​ကို​ပိုင်​သော သူ​အ​ပေါင်း​တို့​အား ကိုယ်​စည်း​စိမ်​ကို​ပေး၍ ငွေ​ရ​တတ်​စေ​သော မြို့​ကြီး၊ တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ တ​ကား​ဟူ၍​လည်း​ကောင်း အော်​ဟစ်​လျက်၊ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်​လျက် ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ