Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:10

Judson Bible

ငါ့​ကို ချောင်း​မြောင်း​သော​ဝက်​ဝံ​ကဲ့​သို့​လည်း​ကောင်း၊ မ​ထင်​ရှား​သော အ​ရပ်၌​နေ​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​ထ​လျှင် ကိုယ်​တော်​သည် ခြင်္သေ့​ကဲ့​သို့ အ​ကျွန်ုပ်​အ​ပေါ်​သို့ ခုန်၍ ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တို့​ကို ပြ​တော်​မူ၏။

ချုံ​ထဲ​မှာ​နေ​သော ခြင်္သေ့​ကဲ့​သို့ ကွယ်​ရာ​အ​ရပ်၌ ပုန်း၍​နေ​တတ်​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ဖမ်း​ဆီး​ခြင်း​ငှာ ပုန်း​ကွယ်၍ နေ​ပါ၏။ ဆင်း​ရဲ​သော​သူ​ကို ကွန်​ရွက်​ထဲ​သို့​ဆွဲ၍ ဖမ်း​ဆီး​တတ်​ပါ၏။

ဖမ်း​မိ​သော​အ​ကောင်​ကို စား​ချင်​အား​ကြီး​သော ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ဆိတ်​ကွယ်​ရာ​အ​ရပ်၌ ချောင်း၍​နေ​သော ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ၏။

ငါ့​အ​ရိုး​ရှိ​သ​မျှ​တို့​ကို ချိုး​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည် ခြင်္သေ့​ဟောက်​သ​ကဲ့​သို့ နံ​နက်​တိုင်​အောင် မြည်​ရ၏။ တစ်​နေ့​ချင်း​တွင် ငါ့​ကို ဆုံး​စေ​တော်​မူ​လိမ့်​မည်​ဟု ငါ​ဆို​သ​တည်း။

ငါ့​ကို လမ်း​လွဲ​စေ​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဖြတ်၍ ဖျက်​ဆီး​တော်​မူ၏။

ငါ​သွား​ရာ​လမ်း​ကို​ကျောက်​ထ​ရံ​နှင့် ပိတ်၍၊ ကောက်​သော​လမ်း​ဖြင့် သွား​စေ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ငါ​သည် ဧ​ဖ​ရိမ်၌ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ယု​ဒ​အ​မျိုး၌ ခြင်္သေ့​ပျို​ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်။ ငါ​သည် ကိုယ်​တိုင်​ကိုက်​ဖြတ်၍ သွား​မည်။ ချီ​သွား၍ အ​ဘယ်​သူ​မျှ မ​နုတ်​ရ။

လာ​ကြ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် ကိုက်​ဖြတ်​သော်​လည်း ပ​က​တိ ဖြစ်​စေ​တော်​မူ​မည်။ ဒဏ်​ခတ်​သော်​လည်း အ​နာ​ကို​စည်း​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ