Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 1:9

Judson Bible

သူ၌ မ​စင်​ကြယ်​သော လ​က္ခ​ဏ​ထင်​ရှား​သော်​လည်း၊ နောက်​ခံ​ရ​သော​အ​ပြစ်​ကို မ​အောက်​မေ့။ ထို​ကြောင့်၊ မျက်​နှာ​ပေး​သော​သူ မ​ရှိ​ဘဲ အံ့​ဩ​ဖွယ်​သော အ​ခြင်း​အ​ရာ​နှင့် နှိမ့်​ချ​ခြင်း​သို့​ရောက်​လေ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ ရန်​သူ​သည် ကိုယ်​ကို ချီး​မြှောက်​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

46 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ဒု​က္ခ​ကို​ကြည့်​ရှု၍ ယ​နေ့ ထို​သူ​ကျိန်​ဆဲ​သည်​အ​တွက် ကောင်း​သော​အ​ကျိုး​ကို ပြန်​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ဘိ​ရှဲ​နှင့် ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း အ​လွန်​လေး​လံ​သည်​ကို​လည်း​ကောင်း၊ မြို့၌ အ​ချုပ်​ခံ​ရ​သော သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ မ​စ​နိုင်​သော​သူ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မြင်​လျှင်၊

သို့​ဖြစ်၍၊ အို အ​ကျွန်ုပ်​တို့၏​ဘု​ရား၊ ကြီး​မြတ်၍ မ​ဟာ​တန်​ခိုး​နှင့် ပြည့်​စုံ​လျက် ကြောက်​မက်​ဖွယ်​သော​ဘု​ရား၊ က​ရု​ဏာ​ပ​ဋိ​ညာဉ်​တော်​ကို စောင့်​တော်​မူ​သော​ဘု​ရား၊ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​ထက်​မှ​စ၍ ယ​နေ့​တိုင်​အောင်၊ အ​ကျွန်ုပ်​တို့​ရှင်​ဘု​ရင်၊ မှူး​မတ်၊ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ အ​ဆွေ​အ​မျိုး​သူ​ကြီး၊ ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ ရောက်​သော ဘေး​ဒဏ်​ရှိ​သ​မျှ​ကို ပ​မာ​ဏ​မ​ပြု​ဘဲ နေ​တော်​မ​မူ​ပါ​နှင့်။

အ​ကျွန်ုပ်​ခံ​ရ​သော ဆင်း​ရဲ​ခြင်း​ကို​ကြည့်​ရှု၍၊ ကယ်​နုတ်​တော်​မူ​ပါ။ ကိုယ်​တော်၏​တ​ရား​ကို မ​မေ့​မ​လျော့​ပါ။

အို​ထာ​ဝ​ရ​ဘု​ရား၊ မ​တ​ရား​သော​သူ၏ အ​လို​ပြည့်​စုံ​ရ​သော​အ​ခွင့်၊ သူ၏​အ​ကြံ​ထ​မြောက်​ရ​သော​အ​ခွင့် ရှိ​စေ​တော်​မ​မူ​ပါ​နှင့်။

အ​ကျွန်ုပ်​နှိမ့်​ချ​ခြင်း​နှင့် ပူ​ပန်​ခြင်း​ကို​ကြည့်​ရှု၍၊ အ​ကျွန်ုပ်​အ​ပြစ်​ရှိ​သ​မျှ​တို့​ကို လွှတ်​တော်​မူ​ပါ။

အ​ကျွန်ုပ်​စား​စ​ရာ​ဖို့ ဆေး​ခါး​ကို ကျွေး​ကြ​ပါ၏။ ရေ​ငတ်​သော​အ​ခါ ပုံး​ရည်​ကို တိုက်​ကြ​ပါ၏။

အဲ​ဂု​တ္တု​ပြည်၌ ခံ​ရ​သော​ဒု​က္ခ​ထဲ​က သင်​တို့​ကို​ငါ​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​မည် ငါ​က​တိ​ရှိ​သည်​ဟု​မိန့်​တော်​မူ​ပြီ​ဟု သူ​တို့​အား​ပြော​လော့။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော​ငါ၏​လူ​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ကို​စေ​ခိုင်း​သော​သ​ခင်​တို့​ကြောင့် သူ​တို့​မြည်​တမ်း​သော​အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​ကို ငါ​သိ၏။

ထို​လူ​များ​တို့​သည်​ယုံ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို မှတ်​တော်​မူ​သည်​ကို​လည်း​ကောင်း ကြား​သော​အ​ခါ၊ ဦး​ညွှတ်​ချ၍ ကိုး​ကွယ်​ကြ​၏။

တစ်​ဖန်​တုံ၊ နေ​အောက်​မှာ​ပြု​သ​မျှ​သော ညှဉ်း​ဆဲ​ခြင်း​တို့​ကို ငါ​ထပ်၍​ဆင်​ခြင်၏။ ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် ငို​ကြွေး​သော်​လည်း၊ ချမ်း​သာ​ပေး​နိုင်​သော​သူ​မ​ရှိ။ ညှဉ်း​ဆဲ​တတ်​သော​သူ​တို့​သည် တန်​ခိုး​ရှိ​သ​ဖြင့် ချမ်း​သာ​ပေး​နိုင်​သော​သူ မ​ရှိ။

ယေ​ရု​ရှ​လင်​မြို့​ပြို​လဲ​လျက်၊ ယု​ဒ​ပြည် ဆုံး​ရှုံး​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ သူ​တို့​စ​ကား​နှင့် သူ​တို့​အ​ကျင့်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​လို​တော်​နှင့်​မ​ညီ၊ ဘုန်း​ကြီး​သော​မျက်​စိ​တော်​တို့​ကို ဆန့်​ကျင်​ဘက်​ပြု​ကြ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ နား​တော်​ကို လှည့်၍ နား​ထောင်​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား၊ မျက်​စိ​တော်​ကို​ဖွင့်၍ ကြည့်​ရှု​တော်​မူ​ပါ။ သ​နာ​ခ​ရိပ်​မင်း​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို​ကဲ့​ရဲ့၍၊ ပြော​စေ​သော​စ​ကား​အ​လုံး​စုံ​တို့​ကို မှတ်​တော်​မူ​ပါ။

သင်​သည် အ​ဘယ်​သူ​ကို ကဲ့​ရဲ့​ဆဲ​ရေး​သ​နည်း။ အ​ဘယ်​သူ​ကို အော်​ဟစ်၍ မျက်​နှာ​ထောင်​လွှား​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​သော​ဘု​ရား​ကို​ပင် ပြု​ပါ​သည်​တ​ကား။

ငါ၌ သင်၏​အ​မျက်​ဟုန်း​ခြင်း၊ စော်​ကား​ခြင်း​ကို ငါ​ကြား​ရ​သော​ကြောင့်၊ သင့်​ကို နှာ​ရှုတ်​တပ်၍ ဇက်​ခွံ့​ပြီး​မှ၊ သင်​လာ​သော​လမ်း​ဖြင့် ပြန်​စေ​မည်။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန် ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် ကြား​သော​စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊

စစ်​မှု​ကို ထမ်း​ရ​သော​အ​ချိန်​စေ့​ပြီ။ သင်၏​အ​ပြစ်​လည်း ပြေ​ရှင်း​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့​အား နှစ်​သိမ့်​စေ​သော​စ​ကား​ကို ပြော၍ ကြွေး​ကြော်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်၌ မိ​မိ​အ​ပြစ်​အ​တွက် နှစ်​ဆ​ခံ​ရ​ပြီ။

သင်​က​လည်း၊ ငါ​သည် အ​ရှင်​မ၏​အ​ရာ၌ အ​စဉ်​အ​မြဲ​နေ​မည်​ဟု ထင်​သော​ကြောင့်၊ ဤ​အ​မှု​အ​ရာ​တို့​ကို မ​ဆင်​ခြင်။ သင်၌ နောက်​ဆုံး​ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို မ​အောက်​မေ့။

အ​စာ​ခေါင်း​ပါး၍ လူ​ဆိတ်​ညံ​ခြင်း​ဘေး၊ ဓား​ဖြင့်​ဖျက်​ဆီး​ခြင်း​ဘေး​တည်း​ဟူ​သော ဘေး​နှစ်​ပါး​တို့​သည် သင်၏​အ​ပေါ်​မှာ ရောက်​လာ​သည်​ဖြစ်၍၊ သင့်​အ​တွက် အ​ဘယ်​သူ​ငို​ကြွေး​မြည်​တမ်း​သ​နည်း။ ငါ​သည် အ​ဘယ်​သို့ ချမ်း​သာ​ပေး​နိုင်​သ​နည်း။

အို ညှဉ်း​ဆဲ​ခြင်း​နှင့် မိုး​သက်​မုန်​တိုင်း​တိုက်​ခြင်း​ကို​ခံ​ရ၍၊ သက်​သာ​မ​ရ​နိုင်​သော​သူ၊ သင်၏​တိုက်​ကို ဟ​င်္သာ​ပ​ဒါး​သ​ရွတ်​နှင့် ငါ​စေ့​စပ်​မည်။ တိုက်​မြစ်​ကို နီ​လာ​ဖြင့်​လည်း​ကောင်း၊

သင်၏ မျောက်​မ​ထား​ခြင်း၊ ဟီ​မြည်​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၏ ညစ်​ညူး​ခြင်း၊ တောင်​ပေါ်၌​လည်း​ကောင်း၊ လယ်​ပြင်၌​လည်း​ကောင်း​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​တို့​ကို ငါ​သိ​မြင်၏။ အို ယေ​ရု​ရှ​လင်​မြို့၊ သင်​သည် အ​မင်္ဂ​လာ​ရှိ၏။ သန့်​ရှင်း​ခြင်း​သို့ မ​ရောက်​ဘဲ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး​နေ​လိမ့်​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သေ​သော​သူ​တို့​အ​တွက် စိတ်​မ​သာ ညည်း​တွား​သော​သူ​တို့​ကို နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ မ​သာ​ပွဲ​ကို မ​လုပ်​ရ။ မိ​ဘ​သေ​သော်​လည်း၊ နှစ်​သိမ့်​စေ​သော ခွက်​ဖ​လား​ကို​မ​ပေး​ရ။

ထို​မှ​တစ်​ပါး၊ အ​နိုင်​အ​ထက်​ပြု​သည်​ကို သင်​မ​တွေ့။ အ​ပြစ်​မ​ရှိ​သော ဆင်း​ရဲ​သား​တို့​ကို အ​သေ​သတ်၍၊ သွန်း​သော အ​သွေး​သည် သင်၏​အ​ဝတ်​စွန်း၌ ထင်​ရှား၏။

မော​ဘ​သည် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့် သူ့​ကို​ယစ်​မူး​စေ​ကြ​လော့။ သူ​သည် မိ​မိ​အန်​ဖတ်၌ လူး​လည်း၍ ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ၏။

ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

လေး​သ​မား​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ကြ​လော့။ ပစ်​တတ်​သော​သူ​အ​ပေါင်း​တို့၊ မြို့​ပတ်​ဝန်း​ကျင်၌ တပ်​ချ​ကြ​လော့။ မြို့​သူ​မြို့​သား တစ်​ယောက်​ကို​မျှ မ​လွတ်​စေ​နှင့်။ ထို​မြို့​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ပြစ်​ပေး​ကြ​လော့။ သူ​ပြု​ဖူး​သ​မျှ​အ​တိုင်း သူ၌​ပြု​ကြ​လော့။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၏ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား၊ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဝါ​ကြွား​ပြီ​တ​ကား။

ဇိ​အုန်​သ​တို့​သ​မီး​သည် မိ​မိ​လက်​ဝါး​တို့​ကို​ဖြန့်​သော်​လည်း၊ နှစ်​သိမ့်​စေ​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​ပတ်​လည်၌ ရန်​သူ​တို့​ကို ခန့်​ထား​တော်​မူ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သည် သူ​တို့​တွင် ရွံ​ရှာ​ဖွယ် ဖြစ်​လေ၏။

အ​ကျွန်ုပ် ညည်း​တွား​သံ​ကို​ကြား​သော​သူ​တို့​တွင်၊ နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်၌ ရောက်​သော​အ​မှု​ကို အ​ကျွန်ုပ်၏ ရန်​သူ​အ​ပေါင်း​တို့​သည် ကြား​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သည်​ကို ဝမ်း​မြောက်​ကြ​ပါ၏။ ကိုယ်​တော်​ချိန်း​ချက်​သော နေ့​ရက်​ကို ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် အ​ကျွန်ုပ်​ကဲ့​သို့​ပင် ဖြစ်​ကြ​ပါ​စေ​သော။

အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။

ရွှေ​သည် အ​လွန်​သမ်း​ညို​သည်​တ​ကား။ အ​ကောင်း​ဆုံး​သော ရွှေ​သည် အ​လွန်​ဖောက်​ပြန်​သည်​တ​ကား။ သန့်​ရှင်း​သော ကျောက်​တို့​သည် ခပ်​သိမ်း​သော​လမ်း​ဝ​တို့၌ ဖ​ရို​ဖ​ရဲ ကွဲ​ပြား​လျက်​ရှိ​ကြ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့၌​ရောက်​သော​အ​မှု​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​ခံ​ရ​သော ကဲ့​ရဲ့​ခြင်း​ကို ကြည့်​ရှု၍ ဆင်​ခြင်​တော်​မူ​ပါ။

သို့​ရာ​တွင်၊ သူ့​ကို တစ်​ဖန်​ငါ​ဖြား​ယောင်း​မည်။ တော​လမ်း​ဖြင့် ပို့​ဆောင်​သော်​လည်း၊ နှစ်​သိမ့်​စေ​သော စ​ကား​ကို​ပြော​မည်။

ထို​သူ​တို့​သည် မာ​န​ကြီး​သော​သူ​ဖြစ်၍၊ ကဲ့​ရဲ့​လျက်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏ လူ​မျိုး​တစ်​ဖက်၌ ဝါ​ကြွား​သော​ကြောင့် ထို​သို့​သော အ​ပြစ်​ကို ခံ​ရ​ကြ​လိမ့်​မည်။

မာ​သ​နှင့် မာ​ရိ​တို့၏​မောင်​သေ​သော​ကြောင့်၊ သူ​တို့​ကို နှစ်​သိမ့်​စေ​လို​သော​ငှာ ယု​ဒ​လူ​များ​တို့​သည် လာ​ကြ၏။-

ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်၍ လျှောက်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ပင်​ပန်း​ခြင်း​တို့​ကို ကြည့်​ရှု​တော်​မူ၏။

ရန်​ဘက်​ပြု​သော​သူ​တို့​သည် ထောင်​လွှား​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​ကို ထာ​ဝ​ရ​ဘု​ရား​မ​ပြု၊ ဘုန်း​ကြီး​သော​ငါ​တို့​လက်​ရုံး​ပြ​ပြီ​ဟု ပြော​မည်​ကို စိုး​ရိမ်​စ​ရာ​မ​ရှိ​လျှင်​လည်း​ကောင်း၊ သူ​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​စေ၍၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။

ပ​ညာ​ကို​ရ၍ ဤ​အ​မှု​ကို နား​လည်​ကြ​ပါ​စေ​သော။ နောက်​ဆုံး​ကာ​လ၌ အ​ဘယ်​သို့​ဖြစ်​မည်​ကို ဆင်​ခြင်​ကြ​ပါ​စေ​သော​ဟု မိန့်​တော်​မူ၏။

ဘု​ရား​သ​ခင်၏​အိမ်​တော်​သား​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​ရ​သော အ​ချိန်​ရှိ​ပြီ။ ငါ​တို့​ကို ရှေ့​ဦး​စွာ စစ်​ကြော​စီ​ရင်​လျှင်၊ ဘု​ရား​သ​ခင်၏ ဧ​ဝံ​ဂ​လိ​တ​ရား​စ​ကား​ကို နား​မ​ထောင်​သော​သူ​တို့၏ အ​မှု​သည် အ​ဘယ်​သို့ ပြီး​လိမ့်​မည်​နည်း။-

အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ