မြည်တမ်းစကား 1:10Judson Bibleရန်သူသည် သူ၏စည်းစိမ်ကို လုယူပါပြီ။ ပရိသတ်တော်ထဲသို့ မဝင်ရဟု မြစ်တားတော်မူသော သာသနာပလူတို့သည် သူ၏ သန့်ရှင်းရာဌာနတောင်ထဲသို့ဝင်ကြောင်းကို သူမြင်ရပါ၏။ အခန်းကိုကြည့်ပါ။ |
ဤမြို့၏ အစွမ်းသတ္တိရှိသမျှကိုလည်းကောင်း၊ လုပ်ဆောင်၍ ရသမျှသောဥစ္စာကိုလည်းကောင်း၊ ဆည်းပူးသမျှသော ရတနာကိုလည်းကောင်း၊ ယုဒရှင်ဘုရင်၏ဘဏ္ဍာတော်အလုံးစုံတို့ကိုလည်းကောင်း၊ ရန်သူလက်သို့ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။
ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင်ယောယကိမ်သား ယေခေါနိအစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော် အပေါင်းတို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောအခါ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသောတိုင်၊ ရေကန်၊ ရေကန်အခြေအမြစ်များ၊ ကျန်ကြွင်းသေးသောတန်ဆာများတို့ကိုရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊
သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်းငှာ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံသောကိုယ်ရှိသော တစ်ပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်းရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများကိုပြုမိသည်ဖြစ်၍၊ ရောင့်ရဲသောစိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဖွယ်သောအမှုများအားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။