Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 1:7

Judson Bible

ယေ​ရု​ရှ​လင်​မြို့​သည် ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို ခံ​ရ​စဉ်​တွင်၊ အ​ရင်​ခံ​စား​ဖူး​သော စည်း​စိမ်​ကို အောက်​မေ့၏။ သူ၏​လူ​တို့​သည် ရန်​သူ​လက်​သို့​ရောက်၍ မ​စ​သော​သူ မ​ရှိ​သော​အ​ခါ၊ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် သူ၏​အ​မှု​ကို​မြင်၍၊ သူ၏​ဆုံး​ခြင်း​ကို ကဲ့​ရဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် လွန်​လေ​ပြီ​သော​နှစ်၊ လ၊ ဘု​ရား​သ​ခင်​စောင့်​မ​တော်​မူ​သော နေ့​ရက်၌​ဖြစ်​သ​ကဲ့​သို့ တစ်​ဖန်​ဖြစ်​ပါ​စေ။

ထို​အ​ခြင်း​အ​ရာ​ကို ငါ​အောက်​မေ့၍ နေ​စဉ်​တွင်၊ ငါ့​စိတ်​နှ​လုံး​သည် ကြေ​ကွဲ​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် လူ​စု​များ​နှင့် ပေါင်း​ဖော်​လျက်၊ ရွှင်​လန်း​ခြင်း​အ​သံ၊ ထော​မ​နာ​ပြု​ခြင်း​အ​သံ​တို့​ကို ပြိုင်​ဆို၍၊ ဓ​မ္မ​ပွဲ​ခံ​သော​လူ​စု​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဖြည်း​ညင်း​စွာ သွား​လှ​လေ​ပြီ။

ဘု​ရား​သ​ခင်​ကို အောက်​မေ့၍ စိတ်​ပူ​ပန်​ခြင်း​ရှိ၏။ ဆင်​ခြင်၍ စိတ်​ပျက်​ခြင်း​သို့ ရောက်​တတ်၏။

အ​ကျွန်ုပ်​တို့​သည် အိမ်​နီး​ချင်း​များ ကဲ့​ရဲ့​ရာ၊ ပတ်​ဝန်း​ကျင်၌ နေ​သော​သူ​များ​ပြက်​ရယ်​ပြု၍ အ​ရှက်​ခွဲ​ရာ ဖြစ်​ကြ​ပါ၏။

သန့်​ရှင်း​သော​မြို့​တော်​တို့​သည် တော​ဖြစ်​ကြ​ပါ​ပြီ။ ဇိ​အုန်​တောင်​လည်း တော​ဖြစ်​ပါ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​လည်း ပျက်​စီး​ပါ​ပြီ။

ကိုယ်​တော်​ကို ဘိုး​ဘေး​တို့​ချီး​မွမ်း​ရာ​အ​ရပ်၊ အ​ကျွန်ုပ်​တို့၏ သန့်​ရှင်း​တင့်​တယ်​သော ဗိ​မာန်​တော်​ကို မီး​လောင်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ နှစ်​သက်​ဖွယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် သုတ်​သင်​ပယ်​ရှား​လျက် ရှိ​ကြ​ပါ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို​မေး​လျှောက်​စေ​ခြင်း​ငှာ၊ သင့်​ကို​မှာ​လိုက်​သော ယု​ဒ​ရှင်​ဘု​ရင်​အား ဤ​သို့​ပြန်​ပြော​လော့။ သင်​တို့​ကို​စစ်​ကူ​ခြင်း​ငှာ​လာ​သော ဖာ​ရော​ဘု​ရင်၏​ဗိုလ်​ခြေ​တို့​သည် သူ​တို့​နေ​ရင်း အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​သွား​ကြ​လိမ့်​မည်။

သင်​သည် ဣ​သ​ရေ​လ​ကို ကဲ့​ရဲ့​ပြီ​မ​ဟုတ်​လော။ သို့​ရာ​တွင်၊ သူ​သည် သူ​ခိုး​တို့​နှင့်​ပေါင်း​ဖော်​သည်​ကို တွေ့​ဖူး​သ​လော။ သူ၏​အ​ကြောင်း​ကို ပြော​လေ​ရာ​ရာ၌ သင်​သည် ခေါင်း​ကို​ညိတ်​ပါ​သည်​တ​ကား။

ငါ​တို့​သည်​ရှိ​စဉ်​တွင် မ​စ​မည့်​သူ​ကို မျှော်​လင့်၍ မ​မြင်​ရ​ကြ။ မ​ကယ်​တင်​နိုင်​သော​လူ​မျိုး​ကို ကင်း​စင်​ပေါ်​မှာ အ​ကျိုး​မ​ရှိ​ဘဲ စောင့်​ကြ​ပြီ။

ဆင့်​ဆို​ရ​မည်​မှာ၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ရှုတ်​ချ​လျက်​ရှိ​သော ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို​လည်း​ကောင်း၊ လူ​ဆိတ်​ညံ​ခြင်း​သို့​ရောက်​သော ဣ​သ​ရေ​လ​ပြည်​ကို​လည်း​ကောင်း၊ အေ့​ဟေ​ဟု သင်​ဆို​မိ​သော​ကြောင့်၊

သင်​သည် ဣ​သ​ရေ​လ​ပြည်​ကို မ​နာ​လို​သော​စိတ်​အား​ကြီး​လျက် လက်​ခုပ်​တီး​ခြင်း၊ ခြေ​နှင့်​ဆောင့်​ခြင်း​ကို ဝမ်း​မြောက်​စွာ ပြု​သော​ကြောင့်၊

သူ​သည် ရည်း​စား​တို့​ကို လိုက်​သော်​လည်း မ​မီ၊ ရှာ​သော်​လည်း မ​တွေ့​ဘဲ​နေ​ရ​သော​အ​ခါ၊ လင်​ဟောင်း​ထံ​သို့ ငါ​ပြန်​သွား​မည်။ ယ​ခု​နေ​ရာ​ထက် အ​ရင်​နေ​ရာ သာ၍​ကောင်း​သည်​ဟု ဆို​လိမ့်​မည်။

ယ​ခု​မှာ လူ​မျိုး​များ​တို့​က၊ ဇိ​အုန်​မြို့​သည် ညစ်​ညူး​ပါ​စေ။ သူ၌ ငါ​တို့​အ​လို ပြည့်​စုံ​ပါ​စေ​ဟု၊ သင့်​တစ်​ဖက်၌ စု​ဝေး​လျက် ဆို​ကြ၏။

ထို​အ​ခါ သ​တိ​ရ​လျှင်၊ ငါ့​အ​ဘ၏​အိမ်၌ အ​ခ​စား​သော​သူ​များ​တို့​သည် ဝ​စွာ​စား​ရ​ကြ၏။ ငါ​မူ​ကား ဤ​ပြည်၌ သေ​အောင်​အ​ငတ်​ခံ​ရ၏။-

အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ