Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 1:6

Judson Bible

ဇိ​အုန်​သ​တို့​သ​မီး၏ ဂုဏ်​အ​သ​ရေ​သည် အ​ကြွင်း​မဲ့​ကွယ်​ပျောက်၏။ သူ၏​မင်း​သား​တို့​သည် ကျက်​စား​ရာ​ကို ရှာ၍​မ​တွေ့​သော သ​မင်​ဒ​ရယ်​ကဲ့​သို့ ဖြစ်၍၊ လိုက်​သော​သူ​ရှေ့​မှာ အား​မ​ရှိ​ဘဲ ပြေး​သွား​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။

ခါ​လ​ဒဲ လူ​တို့​သည် မြို့​ရိုး​ကို​ဖြို​ဖောက်၍ မြို့​ကို​လည်း ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား ဥ​ယျာဉ်​တော်​နား တံ​ခါး​ဝ​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ရှင်​ဘု​ရင်​ကို​လိုက်၍ ယေ​ရိ​ခေါ​လွင်​ပြင်၌ မီ​သ​ဖြင့်၊ ဇေ​ဒ​ကိ​မင်း၏ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လွင့်​ပြေး​ကြ၏။

အ​သ​ရေ​တင့်​တယ်​ခြင်း​ပြည့်​စုံ​ရာ ဇိ​အုန်​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်၏​ရောင်​ခြည်​တော်​သည် ထွန်း​ပ၏။

သန့်​ရှင်း​သော​တန်​ဆာ​ကို​ဆင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ရှေ့​တော်၌ ကြောက်​ရွံ​ခြင်း​ရှိ​ကြ​လော့။

သ​စ္စာ​ရှိ​သော​မြို့​သည် အ​ဘယ်​သို့ မျောက်​မ​ထား​ပြန်​သ​နည်း။ အ​ထက်​က ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​နှင့်​ပြည့်​၏။ တ​ရား​သည် သူ​၏​အ​ထဲ​မှာ နေ​ရာ​ကျ​၏။ ယ​ခု​မူ​ကား၊ လူ​အ​သက်​ကို သတ်​သော​သူ​တို့​သည် နေ​ရာ​ကျ​ကြ​၏။

အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား​သည် သင်၏​အ​လယ်၌ ဘုန်း​ကြီး​တော်​မူ၏​ဟု မြွက်​ဆို​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း ဇိ​အုန်​တောင်​မှာ ရှိ​သ​မျှ​သော​အိမ်​များ​နှင့် စည်း​ဝေး​ရာ ပ​ရိ​သတ်​များ​အ​ပေါ်​တွင်၊ နေ့​အ​ချိန်၌ မိုး​တိမ်​နှင့် မီး​ခိုး​ကို​လည်း​ကောင်း၊ ည​အ​ချိန်၌ မီး​လျှံ​အ​လင်း​ကို​လည်း​ကောင်း ဖန်​ဆင်း​တော်​မူ၍၊ မြတ်​သော​အ​ရာ အ​လုံး​စုံ​တို့​ကို လွှမ်း​မိုး​တော်​မူ​လိမ့်​မည်။

ကိုယ်​ကို​ကိုယ်​နှိမ့်​ချ၍ ထိုင်​ကြ​လော့။ သင်​တို့၌ ဘုန်း​ကြီး​သော​သ​ရ​ဖူ​သည် သင်​တို့၏​ခေါင်း​ပေါ်​မှ ဆင်း​ရ​လိမ့်​မည်​ဟု၊ ရှင်​ဘု​ရင်​နှင့် မိ​ဖု​ရား​တို့​အား ပြော​လော့။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ယေ​ရု​ရှ​လင်​မြို့​မှ ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​စေ​တော်​မူ​သော သူ​အ​ပေါင်း​တို့​အား​မိန့်​တော်​မူ​သည်​ကား၊

ရန်​သူ​စီး​သော မြင်း​ခွာ​သံ၊ စိုင်း​သော​ရ​ထား​ဘီး​များ မြည်​သံ​ကြောင့်၊ အ​ဘ​တို့​သည် လက်​အား​လျော့၍ သား​တို့​ကို ပြန်​မ​ကြည့်​ကြ။

မြို့ တို့​ကို​လုပ်​ကြံ၍ ရဲ​တိုက်​တို့​ကို တိုက်​ယူ​သော​ကြောင့်၊ ထို​နေ့၌ မော​ဘ​အ​မျိုး​သူ​ရဲ​တို့ စိတ်​နှ​လုံး​သည်၊ သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကို ခံ​ရ​သော မိန်း​မ၏​စိတ်​နှ​လုံး​ကဲ့​သို့ ဖြစ်​ရ​လိမ့်​မည်။

ဇေ​ဒ​ကိ​မျက်​စိ​ကို​လည်း ဖောက်​ပြီး​မှ၊ သူ့​ကို ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်၍ ဗာ​ဗု​လုန်​မြို့​သို့​ယူ​သွား​သ​ဖြင့်၊ သေ​သည်​တိုင်​အောင် ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။

ဗိ​မာန်​တော်၊ နန်း​တော်၊ မင်း​အိမ်၊ ဆင်း​ရဲ​သား​အိမ်​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​လေ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား​ဆင့်​ဆို​ရ​မည်​မှာ၊ ငါ၏​သန့်​ရှင်း​ရာ​ဌာ​န၊ သင်​တို့​အ​စွမ်း​သ​တ္တိ အထွတ်​အ​မြတ်၊ သင်​တို့​ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ အ​လွန်​နှ​မြော​သော​အ​ရာ​ကို ငါ​ရှုတ်​ချ​မည်။ သင်​တို့​ဖွား​မြင်​သော သား​သ​မီး​တို့​သည် ဓား​ဖြင့်​ဆုံး​ကြ​လိမ့်​မည်။

အ​ချင်း​လူ​သား၊ သင်၏​အ​မှု​မူ​ကား၊ သူ​တို့​အ​စွမ်း​သ​တ္တိ၊ ဝါ​ကြွား​စ​ရာ​ဘုန်း၊ ကြည့်​ရှု​လို​ဖွယ်​သော​အ​ရာ၊ စိတ်​စွဲ​လမ်း​သော​အ​ရာ​ကို​လည်း​ကောင်း၊ သား​သ​မီး​တို့​ကို​လည်း​ကောင်း ငါ​ပယ်​ရှား​သော​အ​ခါ၊

သင်၏​ရန်​သူ​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဒဏ်​ပေး​တော်​မူ​မည်။ သင်​သည် တစ်​လမ်း​တည်း​ဖြင့် သူ​တို့​ရှိ​ရာ​သို့​သွား​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သူ​တို့​ရှေ့​မှ​ပြေး၍ မြေ​ပေါ်​မှာ​ရှိ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ပြောင်း​သွား​ရ​လိမ့်​မည်။

သူ​တို့​ခို​လှုံ​စ​ရာ​ကျောက်​သည် သူ​တို့​ကို​မ​ရောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အပ်​တော်​မ​မူ​လျှင်၊ လူ​တစ်​ယောက်​သည် လူ​တစ်​ထောင်​ကို အ​ဘယ်​သို့ နှင်​နိုင်​မည်​နည်း။ လူ​နှစ်​ယောက်​သည် လူ​တစ်​သောင်း​ကို အ​ဘယ်​သို့ ပြေး​စေ​နိုင်​မည်​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ