မြည်တမ်းစကား 1:20Judson Bibleအို ထာဝရဘုရား၊ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်ပင်ပန်းပါ၏။ ဝမ်း၌ ဆူလှိုက်ခြင်းရှိပါ၏။ နှလုံးမှောက်လျက် ရှိပါ၏။ အကျွန်ုပ်သည် အလွန်ပြစ်မှားပါပြီ။ ပြင်မှာ ဓားဘေးနှင့် တွေ့ရပါပြီ။ အတွင်း၌လည်း သေမင်းနေသကဲ့သို့ ရှိပါ၏။ အခန်းကိုကြည့်ပါ။ |
သူ၌ မစင်ကြယ်သော လက္ခဏထင်ရှားသော်လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူ မရှိဘဲ အံ့ဩဖွယ်သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ရောက်လေ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။ ရန်သူသည် ကိုယ်ကို ချီးမြှောက်ပါပြီ။
အို ဧဖရိမ်၊ ငါသည် သင့်ကို အဘယ်သို့ စွန့်နိုင်မည်နည်း။ အို ဣသရေလ၊ သင့်ကို အဘယ်သို့ အပ်နှံနိုင်မည်နည်း။ သင့်ကို အာဒမာမြို့ကဲ့သို့ အဘယ်သို့ဖြစ်စေနိုင်မည်နည်း။ ဇေဘိုင်မြို့အရာ၌ အဘယ်သို့ ခန့်ထားနိုင်မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန် ကြင်နာသောစိတ်ရှိ၏။