မြည်တမ်းစကား 1:19Judson Bibleငါသည် ရည်းစားတို့ကိုခေါ်၍ သူတို့သည် သစ္စာမရှိကြ။ ငါ၏ယဇ်ပုရောဟိတ်တို့နှင့် ငါ၏အသက်ကြီးသူတို့သည် ကိုယ်အသက်မွေးဖို့ စားစရာကိုရှာစဉ်ပင် မြို့ထဲ၌ အသက်ချုပ်ကြပြီ။ အခန်းကိုကြည့်ပါ။ |
သင်သည် ပျက်စီးခြင်းသို့ရောက်သောအခါ အဘယ်သို့ ပြုလိမ့်မည်နည်း။ နီမောင်းသောအဝတ်ကို ဝတ်သော်လည်းကောင်း၊ ရွှေတန်ဆာကို ဆင်သော်လည်းကောင်း၊ သင်၏မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်လည်းကောင်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှာ ရှာကြံကြ၏။