Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မိက္ခာ 2:7

Judson Bible

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဆီး​တား​ခြင်း​ကို ခံ​ရ​သ​လော။ ဤ​အ​မှု​တို့​ကို ပြု​တော်​မူ​သ​လော​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​မေး​လျှင်၊ ဖြောင့်​မတ်​စွာ ကျင့်​သော​သူ​သည် ငါ့​စ​ကား​အား​ဖြင့် အ​ကျိုး​ကို ရ​သည်​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်၌ ကျေး​ဇူး​ပြု​တော်​မူ​၏။

ကိုယ်​တော်​သည် ကောင်း​သော​သ​ဘော၊ ကျေး​ဇူး​ပြု​တတ်​သော​သ​ဘော ရှိ​တော်​မူ၏။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို အ​ကျွန်ုပ်၌ သွန်​သင်​တော်​မူ​ပါ။

ဖြောင့်​မတ်​သော​အ​ကျင့်၊ တ​ရား​သော​အ​မှု​ကို​ပြု​ကျင့်၍၊ သ​စ္စာ​စ​ကား​ကို စိတ်​နှ​လုံး​ပါ​လျက်​ပြော​ထ​သော၊

သန့်​ရှင်း​သော​သူ​အား သန့်​ရှင်း​ခြင်း​သ​ဘော​ကို​လည်း​ကောင်း၊ ဆန့်​ကျင်​သော​သူ​အား ဆန့်​ကျင်​သော​သ​ဘော​ကို​လည်း​ကောင်း ပြ​တော်​မူ၏။

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် နေ​လည်း​ဖြစ်​တော်​မူ၏။ အ​ကွယ်​အ​ကာ​လည်း ဖြစ်​တော်​မူ၏။ ထာ​ဝ​ရ​ဘု​ရား​သည် ကျေး​ဇူး​တော်​နှင့် ဘုန်း​အ​သ​ရေ​ကို ပေး​တော်​မူ၏။ ဖြောင့်​မတ်​စွာ​ကျင့်​သော​သူ​တို့​အား ကောင်း​သော​အ​ရာ​ကို ငြင်း​တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​လမ်း​သည် ဖြောင့်​မတ်​သော​သူ ခိုင်​ခံ့​ခြင်း​အ​ကြောင်း​ဖြစ်၏။ မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​မူ​ကား၊ ပျက်​စီး​ခြင်း​သို့ ရောက်​ရ​ကြ​လိမ့်​မည်။

ဖြောင့်​မတ်​ခြင်း​လမ်း​သို့ လိုက်​သော​သူ​သည် အ​နင်း​မှန်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ သ​ဘော​ထင်​ရှား​လိမ့်​မည်။

ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​တတ်၏။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​တတ်၏။

ဖြောင့်​မတ်​သော​သူ​တို့​အ​ဖို့ ပ​ညာ​ရ​တ​နာ​ကို သို​ထား​တော်​မူ၏။ တ​ရား​သ​ဖြင့် ကျင့်​သော​သူ​တို့​ကို ကွယ်​ကာ​တော်​မူ၏။

ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ဘေး​လွတ်​လိမ့်​မည်။ ကောက်​သော​လမ်း​သို့​လိုက်​သော​သူ​မူ​ကား၊ ချက်​ချင်း​လဲ​လိမ့်​မည်။

ငါ​လာ​သော​အ​ခါ အ​ဘယ်​ကြောင့် လူ​မ​ရှိ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​ကြောင့် မ​ထူး​သ​နည်း။ ငါ​သည် မ​ရွေး​မ​နုတ်​နိုင်​အောင် လက်​တို​သ​လော။ ကယ်​ချွတ်​နိုင်​သော တန်​ခိုး​မ​ရှိ​သ​လော။ ကြည့်​ရှု​လော့။ ငါ​ဆုံး​မ​သ​ဖြင့် ပင်​လယ်​ရေ​သည် ခန်း​ခြောက်၏။ မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ၏။ ရေ​မ​ရှိ​သော​ကြောင့် ငါး​တို့​သည်​နံ​ကြ၏။ ရေ​ငတ်၍ သေ​ကြ၏။

အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တွေ့​သော နှုတ်​က​ပတ်​တော်​စ​ကား​ကို ခံ​ယူ​ပါ​ပြီ။ နှုတ်​က​ပတ်​တော်​သည် အ​ကျွန်ုပ် ဝမ်း​မြောက်​ရွှင်​လန်း​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။ နာ​မ​တော်​ဖြင့် အ​ကျွန်ုပ်​ကို ခေါ်​ဝေါ်​ပါ၏။

အို ယာ​ကုပ်​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို နား​ထောင်​ကြ​လော့။

အ​ဘယ်​သူ​သည် ပ​ညာ​ရှိ​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို နား​လည်​လိမ့်​မည်။ အ​ဘယ်​သူ​သည် ဉာဏ်​ကောင်း​သ​နည်း။ ထို​သူ​သည် ဤ​အ​ရာ​တို့​ကို သိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လမ်း​တော်​တို့​သည် ဖြောင့်​ကြ၏။ ဖြောင့်​မတ်​သော သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ အ​ဓ​မ္မ​လူ​တို့​မူ​ကား၊ ထို​လမ်း​တို့၌ ထိ​မိ၍ လဲ​ကြ​လိမ့်​မည်။ ပ​ရော​ဖက်​ဟော​ရှေ​စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ဖြောင့်​မတ်​စွာ စီ​ရင်​ခြင်း​ကို ရွံ​ရှာ၍ ခပ်​သိမ်း​သော​တ​ရား​ကို ဖျက်​လျက်၊

ကောင်း​ကင်​တ​မန်​က​လည်း၊ ဇေ​ရု​ဗ​ဗေ​လ​သို့ ရောက်​လာ​သော ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ဟူ​မူ​ကား၊ ဤ​အ​မှု​သည် ဗိုလ်​ခြေ​အား​ဖြင့် မ​ဟုတ်၊ အာ​ဏာ​တန်​ခိုး​အား​ဖြင့် မ​ဟုတ်၊ ငါ့​ဝိ​ညာဉ်​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ထာ​ဝ​ရ​ဘု​ရား​လက်​တို​သ​လော။ ငါ့​စ​ကား​တည်​မည်၊ မ​တည်​မည်​ကို သင်​သိ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

နောင်​တ​ရ​ခြင်း​နှင့် ထိုက်​တန်​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။

ထို​သူ​တို့​က​လည်း၊ အာ​ဗြ​ဟံ​သည် ငါ​တို့​အ​ဘ​ဖြစ်၏​ဟု ဆို​ကြ၏။ ယေ​ရှု​က​လည်း၊ သင်​တို့​သည် အာ​ဗြ​ဟံ၏​သား​မှန်​လျှင် အာ​ဗြ​ဟံ၏​အ​ကျင့်​ကို ကျင့်​ကြ​လိမ့်​မည်။-

သို့​ဖြစ်​လျှင် ကောင်း​မြတ်​သော​အ​ရာ​သည် ငါ၌​သေ​ခြင်း​အ​ကြောင်း ဖြစ်​သ​လော။ မ​ဖြစ်​နိုင်​ရာ။ အ​ပြစ်​တ​ရား​သည် မိ​မိ​သ​ဘော​ကို ထင်​ရှား​စေ​ခြင်း​ငှာ ကောင်း​မြတ်​သော​အ​ရာ​အား​ဖြင့် ငါ၌​သေ​ခြင်း​ကို​ပြု၍ သေ​ခြင်း​အ​ကြောင်း​ဖြစ်၏။ ထို​သို့​ဖြစ်​သော​ကြောင့် အ​ပြစ်​တ​ရား​သည် ပ​ညတ်​တော်​အား​ဖြင့် အ​လွန်​အ​ပြစ်​နှင့် ပြည့်​စုံ​ခြင်း​ရှိ​သ​တည်း။

ငါ​တို့၌​သင်​တို့​သည် ကျဉ်း​မြောင်း​သည် မ​ဟုတ်။ ကိုယ်​မေ​တ္တာ က​ရု​ဏာ၌​သာ ကျဉ်း​မြောင်း​ကြ၏။-

မွေ့​လျော်​ခြင်း​တန်​ခိုး​ကို ငြင်း​ပယ်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ထို​သူ​တို့​ကို ရှောင်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ