မိက္ခာ 2:6Judson Bibleပရောဖက်ပြုသော သူတို့၊ ပရောဖက်မပြုကြနှင့်။ သူတို့သည် ရှက်ကြောက်မည်အကြောင်း ပရောဖက် မပြုရကြ။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား၊ သင်သည် ဩမရိမင်း၏ စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း၊ အာဟပ်မင်းမျိုး ကျင့်သောအကျင့် ရှိသမျှကိုလည်းကောင်း ကျင့်စောင့်၍၊ သူတို့၏တိုက်တွန်းရာသို့ လိုက်တတ်၏။ သို့ဖြစ်၍၊ သင့်ကို ငါသုတ်သင်ပယ်ရှင်း၍ မြို့သားတို့ကို ဆဲရေးရာ ဖြစ်စေသဖြင့်၊ သင်သည် ငါ၏လူတို့ ကဲ့ရဲ့ခြင်းကို ခံရမည်။
ထိုနာမကိုအမှီပြု၍ မဆုံးမ မသွန်သင်မည်အကြောင်း ငါတို့သည်သင်တို့အား၊ ကျပ်တည်းစွာ စီရင်မှာထားသည် မဟုတ်လော။ ယခု ကြည့်ကြ။ ယေရုရှလင်မြို့ကို သင်တို့အယူဝါဒနှင့် ပြည့်စေသည်ဖြစ်၍၊ ငါတို့အပေါ်သို့ ထိုသူ၏အသွေးကို ရောက်စေခြင်းငှာ သင်တို့ ကြံစည်ပါသည်တကားဟု မေးမြန်းပြောဆိုကြ၏။-