Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မာ​လ​ခိ 2:3

Judson Bible

သင်​တို့​မျိုး​စေ့​ကို ငါ​ဖျက်​မည်။ တိ​ရ​စ္ဆာန်​ချေး​တည်း​ဟူ​သော သင်​တို့​ဓ​မ္မ​ပွဲ၏​တိ​ရ​စ္ဆာန်​ချေး​ကို သင်​တို့ မျက်​နှာ​ပေါ်၌ ငါ​ကြဲ​မည်။ သူ​တစ်​ပါး​တို့​သည် သင်​တို့​ကို ထို​တိ​ရ​စ္ဆာန်​ချေး​နှင့်​အ​တူ ယူ​သွား​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် ယေ​ရော​ဗောင်​အ​မျိုး​အ​ပေါ်​သို့ ဘေး​ဥ​ပဒ်​ရောက်​စေ​မည်။ ဣ​သ​ရေ​လ​မြို့​ရွာ၌ အ​ချုပ်​ခံ​သော​သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ​ဖြစ်​စေ၊ ယေ​ရော​ဗောင်​အ​မျိုး ယောက်ျား​များ​ကို ပယ်​ဖြတ်​မည်။ လူ​သည် နောက်​ချေး​ကို အ​ကုန်​အ​စင် ကျုံး​သွား​သ​ကဲ့​သို့၊ ကျန်​ကြွင်း​သော ယေ​ရော​ဗောင်​အ​မျိုး​သား​ကို ပယ်​သွား​မည်။

မိ​မိ​မ​စင်​ကဲ့​သို့ အ​စဉ်​ပျက်​ရ​လိမ့်​မည်။ သူ့​ကို​မြင်​ဖူး​သော သူ​တို့​က၊ ထို​သူ​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု မေး​ကြ​လိမ့်​မည်။

ကြွေး​ကြော်​ခြင်း​အ​သံ​နှင့် ဘု​ရား​သ​ခင်​တက်​တော်​မူ၏။ တံ​ပိုး​မှုတ်​ခြင်း​အ​သံ​နှင့် ထာ​ဝ​ရ​ဘု​ရား တက်​တော်​မူ၏။

ထို​သူ​တို့​သည် အင်္ဒေါ​ရ​အ​ရပ်၌​ဆုံး​ရှုံး၍၊ မြေ​ပေါ်​မှာ နောက်​ချေး​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။

နွား၏​အ​သား၊ အ​ရေ၊ ချေး​နု​ကို​ကား၊ တပ်​ပြင်​မှာ​မီး​ရှို့​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်၏။

ထို​သူ​တို့​သည် ကြည်​ညို​ရာ၊ အ​မှု​ဆောင်​ရာ၊ လိုက်​သွား​ရာ၊ ရှာ​ဖွေ​ရာ၊ ကိုး​ကွယ်​ရာ​ဖြစ်​သော နေ၊ လ၊ ကောင်း​ကင်​တန်​ဆာ​ရှေ့​မှာ လှန်​ထား​ကြ​လိမ့်​မည်။ ထို​အ​ရိုး​တို့​ကို​မ​စု​မ​ပုံ၊ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

လယ်​သည် ပျက်၏။ မြေ​သည် ညှိုး​ငယ်၏။ စ​ပါး​လည်း ပျက်၏။ ချို​သော စ​ပျစ်​ရည် ကုန်​ပြီ။ ဆီ​လည်း လျော့​ပြီ။

မျိုး​စေ့​တို့​သည် မြေ​စိုင်​အောက်​မှာ ပုပ်​ကြ၏။ စ​ပါး​ပြတ်​သော​ကြောင့် စ​ပါး​ကျီ​တို့​သည် ပျက်​ကြ၏။ ဘ​ဏ္ဍာ​တိုက်​တို့​သည် ပြို​ကြ၏။

သင်​တို့၌​ငါ​ပြု​လ​တ္တံ့​သော အ​မှု​ဟူ​မူ​ကား၊ သင်​တို့၌​မျက်​စိ​ပျက်​လျက်၊ စိတ်​ပူ​ပန်​လျက်​ရှိ​စေ​ခြင်း​ငှာ၊ ထိတ်​လန့်​သော​သ​ဘော၊ တူ​လာ၊ ဖျား​နာ​တို့​ကို သင်​တို့​အ​ပေါ်​မှာ​ငါ​ခန့်​ထား​မည်။ သင်​တို့​သည် မျိုး​စေ့​ကို​ကြဲ​သော်​လည်း အ​ကျိုး​မ​ရှိ။ ရန်​သူ​တို့​သည် အ​သီး​အ​နှံ​ကို​စား​ကြ​လိမ့်​မည်။

သင်၌ မ​စင်​ကို​ပစ်၍ ညစ်​ညူး​စေ​ပြီး​မှ၊ သူ​တစ်​ပါး​တို့​ကြည့်​စ​ရာ ထား​မည်။

သို့​ဖြစ်၍၊ သင်​တို့​သည် ငါ့​လမ်း​တို့​ကို မ​လိုက်၊ တ​ရား​အ​မှု​တွင် လူ​မျက်​နှာ​ကို​ထောက်​သော​ကြောင့်၊ လူ​ခပ်​သိမ်း​တို့​သည် သင်​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ ရှုတ်​ချ​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်။

မြေ​ဖို့​မ​ကောင်း၊ အ​မှိုက်​ပုံ​ဖို့​မ​ကောင်း၊ ထို​ဆား​ကို ပြင်​သို့​ပစ်​လိုက်​တတ်၏။ ကြား​စ​ရာ​နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ​ဟု မိန့်​တော်​မူ၏။

အ​သ​ရေ​ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​အ​ခါ တောင်း​ပန်​ကြ၏။ ဤ​လော​က၏ အ​ညစ်​အ​ကြေး​ကဲ့​သို့​လည်း​ကောင်း၊ အ​ရပ်​ရပ်​ထဲ​က လှည်း​ပစ်​သော​တန်​မြက်​ချေး အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ ယ​ခု​တိုင်​အောင်​ဖြစ်​ကြ၏။

သင်​သည် များ​စွာ​သော​မျိုး​စေ့​ကို လယ်​သို့​ယူ​သွား၍ ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​သော​ကြောင့်၊ နည်း​သော​စ​ပါး​ကို သိမ်း​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ