Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



မာ​လ​ခိ 2:2

Judson Bible

ငါ၏​နာ​မ​တော်​ကို ချီး​မွမ်း​လို​သော​ငှာ သင်​တို့​သည် နား​မ​ထောင်၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​လျှင်၊ ကျိန်​ခြင်း​ဘေး​ကို သင်​တို့​အ​ပေါ်​သို့ ငါ​လွှတ်​လိုက်​မည်။ သင်​တို့၏​မင်္ဂ​လာ​ကို အ​မင်္ဂ​လာ​ဖြစ်​စေ​မည်။ ထို​မျှ​မ​က၊ နှ​လုံး​မ​သွင်း​ဘဲ​နေ​သော​ကြောင့် ယ​ခု​ပင် အ​မင်္ဂ​လာ​ဖြစ်​စေ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

31 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​စား​ပွဲ​သည် သူ​တို့​ရှေ့​မှာ ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ခံ​ထိုက်​သော​အ​ပြစ်​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။

မ​တ​ရား​သော​သူ၏​နေ​ရာ​သည် ထာ​ဝ​ရ​ဘု​ရား​ကျိန်​တော်​မူ​ခြင်း​ကို တွေ့​တတ်၏။ တ​ရား​သော​သူ၏​နေ​ရာ​ကို​ကား ကောင်း​ချီး​ပေး​တော်​မူ၏။

ထို​ကြောင့်၊ ပြင်း​စွာ​သော အ​မျက်​တော်​ထွက်​ခြင်း ကြမ်း​တမ်း​သော စစ်​တိုက်​ခြင်း​ကို သူ​တို့​အ​ပေါ်​သို့ သွန်း​လောင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​ပတ်​လည်၌ မီး​ရှို့၏။ သို့​သော်​လည်း၊ သူ​တို့​သည် မ​သိ​ကြ။ မီး​လောင်​သော်​လည်း၊ သ​တိ​မ​ထား​ဘဲ​နေ​ကြ၏။

သင်​က​လည်း၊ ငါ​သည် အ​ရှင်​မ၏​အ​ရာ၌ အ​စဉ်​အ​မြဲ​နေ​မည်​ဟု ထင်​သော​ကြောင့်၊ ဤ​အ​မှု​အ​ရာ​တို့​ကို မ​ဆင်​ခြင်။ သင်၌ နောက်​ဆုံး​ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို မ​အောက်​မေ့။

သင်​သည် သ​စ္စာ​ပျက်​သည် တိုင်​အောင်​လည်း​ကောင်း၊ ငါ့​ကို​မေ့​လျော့၍ သ​တိ​မ​ပြု​ဘဲ​နေ​သည် တိုင်​အောင်​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ကြောက်​ရွံ့​သ​နည်း။ ငါ​သည် ရှေး​ကာ​လ​မှ​စ၍ တိတ်​ဆိတ်​စွာ​နေ​သော​ကြောင့်၊ သင်​သည် ငါ့​ကို​မ​ကြောက်​ဘဲ နေ​သည်​မ​ဟုတ်​လော။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သီး​အ​သီး ညီ​အစ်​ကို​ချင်း၊ အိမ်​နီး​ချင်း​တို့​အား လွတ်​ရ​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​မ​စီ​ရင်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ဖို့၊ ဓား​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တို့​အား လွတ်​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​စီ​ရင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက် ခံ​စေ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​တို့​မူ​ကား၊ သင့်​စ​ကား​ကို နား​မ​ထောင်​ကြ။ ငါ့​စ​ကား​ကို​ပင် နား​မ​ထောင်​ကြ။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ခိုင်​မာ​သော န​ဖူး​နှင့် ခိုင်​မာ​သော နှ​လုံး​ရှိ​ကြ၏။

သင်​တို့​သည် များ​စွာ​သော မျိုး​စေ့​ကို ကြဲ​သော်​လည်း အ​သီး​အ​နှံ​နည်း​ပါး​ရ၏။ စား​ရ​သော်​လည်း ဝ​စွာ​မ​စား​ရ​ကြ။ သောက်​သော်​လည်း ဝ​စွာ မ​သောက်​ရ​ကြ။ အ​ဝတ်​ကို​ဝတ်​ရ​သော်​လည်း နွေး​စွာ မ​ဝတ်​ရ​ကြ။ အ​လုပ်​လုပ်၍ အ​ခ​ကို​ခံ​ရ​သော်​လည်း မ​လုံ​သော​အိတ်​ထဲ​မှာ သို​ထား​ရ​ကြ၏။

သင်​တို့​သည် များ​စွာ​ရ​မည်​ဟု မျှော်​လင့်​သော်​လည်း ရ​သော​ဥ​စ္စာ​ခေါင်း​ပါး​ရ၏။ အိမ်​သို့ ရောက်​သော​အ​ခါ ငါ​မှုတ်​လိုက်၏။ အ​ဘယ်​ကြောင့်​နည်း​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မေး​တော်​မူ၏။ ငါ့​အိမ်​သည် ပျက်​လျက်​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ သင်​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​အိမ်​သို့​ပြေး​သော​ကြောင့်​လည်း​ကောင်း ဖြစ်​သ​တည်း။

အို ယဇ်​ပု​ရော​ဟိတ်​တို့၊ ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား မိန့်​တော်​မူ​သော ပ​ညတ်​စ​ကား​ဟူ​မူ​ကား၊

သင်​တို့​သည် ကျိန်​ခြင်း​အ​မင်္ဂ​လာ​ကို ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ကို လု​ယူ​ကြ​ပြီ။

ဤ​တစ်​ပါး​အ​မျိုး​သား​ကို​ထား၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ခြင်း​ငှာ ပြန်​လာ​သော​သူ တစ်​ယောက်​မျှ မ​ရှိ​သ​လော​ဟု မေး​တော်​မူ​ပြီး​မှ၊-

ယော​ရှု​က​လည်း၊ ငါ့​သား၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း၍ ရှေ့​တော်၌ ကိုယ်​အ​ပြစ်​ကို ဖော်​ပြ​တောင်း​ပန်​ပါ​လော့။ သင်​ပြု​မိ​သော​အ​မှု​ကို ငါ့​အား​ပြော​ပါ​လော့။ ဝှက်၍​မ​ထား​ပါ​နှင့်​ဟု အာ​ခန်​အား​ဆို​လျှင်၊

ဘု​ရား​သ​ခင်​သည် အ​ရာ​ရာ၌ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​စေ​မည်​အ​ကြောင်း၊ ဟော​ပြော​သော​သူ​သည် ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ ဟော​ပြော​စေ။ အ​ခြား​သော​အ​မှု​ကို ဆောင်​ရွက်​သော​သူ​သည်၊ ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော အ​စွမ်း​သ​တ္တိ​အ​တိုင်း ဆောင်​ရွက်​စေ။ ထို​ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​အ​သ​ရေ အ​စွမ်း​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။

ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ချီး​မွမ်း​ကြ​လော့။ တ​ရား​စီ​ရင်​တော်​မူ​သော အ​ချိန်​ရောက်​လာ​ပြီ။ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​နှင့် စမ်း​ရေ​တွင်း​တို့​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ကို ကိုး​ကွယ်​ကြ​လော့​ဟု ကြီး​သော​အ​သံ​နှင့် ပြော​ဆို၍ ကောင်း​ကင်​အ​လယ်၌ ပျံ​ဝဲ​လျက် ရှိ​သည်​ကို ငါ​မြင်၏။-

ပူ​အား​ကြီး​သော​အ​ရှိန်​ဖြင့် လူ​တို့​သည် လောင်​ခြင်း​ကို​ခံ​ရ၍၊ ထို​ဘေး​ဒဏ်​တို့​ကို အ​စိုး​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နာ​မ​တော်​ကို ကျိန်​ဆဲ​ကြ၏။ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ခြင်း​အ​လို​ငှာ နောင်​တ​မ​ရ​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ