Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 9:14

Judson Bible

ဥ​ဖ​ရတ်​မြစ်​ကြီး​နား​မှာ ချည်​နှောင်​လျက်​ရှိ​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို လွှတ်​လော့​ဟု တံ​ပိုး​ရှိ​သော ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား ဆို​သည်​ကို ငါ​ကြား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​လျက်၊ အဲ​ဂု​တ္တု​မြစ်​မှ​စ၍ မြစ်​ကြီး​တည်း​ဟူ​သော၊ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်၊ ဤ​ပြည်​ကို​လည်း​ကောင်း၊

တ​တိ​ယ​မြစ်​ကား ဟိ​ဒ​ကေ​လ​အ​မည်​ရှိ၏။ ထို​မြစ်​သည် အာ​ရှု​ရိ​တိုင်း အ​ရှေ့​သို့​စီး​သွား​လေ၏။ စ​တု​တ္ထ​မြစ်​ကား ဥ​ဖ​ရတ်​အ​မည်​ရှိ​၏။

ဇော​ဘ​မင်း​ကြီး ရ​ဟော​ဘ၏​သား ဟာ​ဒ​ဒေ​ဇာ​သည် ဥ​ဖ​ရတ်​မြစ်​နား​မြေ​ကို သိမ်း​ယူ​ခြင်း​ငှာ သွား​သော​အ​ခါ၊ ဒါ​ဝိဒ်​သည် တိုက်​ဖျက်၍၊

ဤ​စာ​ကို အ​ကုန်​အ​စင်​ဖတ်​ပြီး​လျှင်၊ စာ​ပေါ်​မှာ ကျောက်​ကို​ချည်​ထား၍၊ ဥ​ဖ​ရတ်​မြစ်​အ​လယ်​မှာ​ချ​ပစ်​လျက်၊

လှည့်​လည်၍ ခ​ရီး​သွား​ကြ​လော့။ အာ​မော​ရိ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​နှင့်​နီး​သော​အ​ရပ်၊ လွင်​ပြင်၊ တောင်​ရိုး၊ ချိုင့်၊ တောင်​မျက်​နှာ၊ ပင်​လယ်​နား​သို့​လည်း​ကောင်း၊ ခါ​နာန်​ပြည်၊ လေ​ဗ​နုန်​တောင်၊ ဥ​ဖ​ရတ်​မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း သွား​ကြ​လော့။

တော​ကြီး​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ဟိ​တ္တိ​ပြည်​တစ်​လျှောက်​လုံး​ပါ​လျက်၊ နေ​ဝင်​ရာ​ဘက် ပင်​လယ်​ကြီး​တိုင်​အောင်​လည်း​ကောင်း၊ သင်​တို့​နယ် အ​ပိုင်း​အ​ခြား ဖြစ်​ရ​မည်။

ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ အ​ရှေ့ မျက်​နှာ​ဘု​ရင်​တို့ သွား​ရာ​လမ်း​ကို ပြင်​ဆင်​စေ​ခြင်း​အ​လို​ငှာ ထို​မြစ်​ရေ​သည် ခန်း​ခြောက်​လေ၏။-

ထို​နောက်​မှ မြေ​ကြီး၊ ပင်​လယ်၊ သစ်​ပင်​များ​တို့၌ လေ​မ​လာ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် မြေ၏ လေး​မျက်​နှာ​လေ​တို့​ကို ကိုင်၍၊ မြေ​လေး​မျက်​နှာ၌ ရပ်​နေ​သည်​ကို ငါ​မြင်၏။-

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ တံ​ဆိပ်​ပါ​သော ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် အ​ရှေ့​မျက်​နှာ​က တက်​လာ​သည်​ကို ငါ​မြင်၏။ သူ​သည်​လည်း မြေ​နှင့်​ပင်​လယ်​ကို ညှဥ်း​ဆဲ​ရ​သော​အ​ခွင့်​ရှိ​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို အ​သံ​လွှင့်၍၊-

ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​ကို ငါ​မြင်၏။ သူ​တို့၌ တံ​ပိုး​ခု​နစ်​လုံး​ကို ပေး၏။-

တံ​ပိုး​ခု​နစ်​လုံး​ရှိ​သော ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​သည် မှုတ်​အံ့​သော​ငှာ မိ​မိ​တို့​ကို ပြင်​ဆင်​ကြ၏။-

ထို​အ​ခါ လူ​သုံး​စု​တစ်​စု​ကို အ​သေ​သတ်​ခြင်း​ငှာ တစ်​နာ​ရီ၊ တစ်​ရက်၊ တစ်​လ၊ တစ်​နှစ်​အ​ဖို့ ပြင်​ဆင်​သော ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​ကို လွှတ်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ