ထိုအခါ လူသုံးစုတစ်စုကို အသေသတ်ခြင်းငှာ တစ်နာရီ၊ တစ်ရက်၊ တစ်လ၊ တစ်နှစ်အဖို့ ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ၏။-
ထိုအနှစ်တစ်ထောင်ကုန်ပြီးမှ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကို ရ၍၊-
တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင်ကကျ၍၊ မြစ်သုံးစုတစ်စုသို့လည်းကောင်း၊ စမ်းရေတွင်းသို့လည်းကောင်း ရောက်၏။-
ပထမသူသည် တံပိုးမှုတ်သောအခါ မိုးသီးဖြစ်၏။ အသွေးနှင့် ရောနှောသောမီးလည်း ဖြစ်၏။ မြေကြီးအပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစ်စု၊ သစ်ပင်သုံးစုတစ်စု၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင်လေ၏။-
ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ်၍၊ ပင်လယ်သုံးစုတစ်စုသည် အသွေးဖြစ်၏။-
ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစ်စုလည်း သေ၏။ သင်္ဘောသုံးစုတစ်စုလည်း ပျက်၏။-
အမြီးသည် ကင်းမြီးကောက်နှင့် တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ၏။-
သူတို့၏ခံတွင်းထဲက ထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစ်စု သေကြ၏။-
တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ။ ငါးလပတ်လုံး ပြင်းစွာသောဝေဒနာ ဖြစ်စေသောအခွင့် ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။