Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 7:12

Judson Bible

အာ​မင်။ ငါ​တို့၏ ဘု​ရား​သ​ခင်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကောင်း​ချီး​မင်္ဂ​လာ၊ ဘုန်း၊ ပ​ညာ​နှင့်​တ​ကွ ကျေး​ဇူး​ချီး​မွမ်း​ခြင်း၊ ဂုဏ်​အ​သ​ရေ၊ တန်​ခိုး​သ​တ္တိ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​ဟု ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ရှေး​ကာ​လ၊ ဒါ​ဝိဒ်​နှင့် အာ​သပ်​လက်​ထက်၌၊ ဘု​ရား​သ​ခင်၏ ဂုဏ်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ သီ​ချင်း​ကို ဆို​ရ​သော​သူ အ​ကြီး​အ​ကဲ​ရှိ​ကြ၏။

လေ​ဝိ​သား​မူ​ကား ယော​ရှု၊ ဗိ​နွိ၊ ကပ်​မျေ​လ၊ ရှေ​ရ​ဘိ၊ ယု​ဒ၊ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​အ​မှု​ကို ညီ​အစ်​ကို​တို့​နှင့်​အ​တူ အုပ်​သော မဿ​နိ​တည်း။

ကျေး​ဇူး​တော်​ကြီး​ပါ​သည်​ဟု ဝန်​ခံ​လျက်၊ တံ​ခါး​တော်​တို့​ကို​လည်း​ကောင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် တံ​တိုင်း​တော်​တို့​ကို​လည်း​ကောင်း ဝင်​ကြ​လော့။ ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ နာ​မ​တော်​ကို ကောင်း​ချီး​ပေး​ကြ​လော့။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ လူ​ခပ်​သိမ်း​တို့​သည် အာ​မင်​ဟု ဝန်​ခံ​ကြ​စေ။ ဟာ​လေ​လု​ယ။

ကျေး​ဇူး​တော် ဝန်​ခံ​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ရွှင်​လန်း​သော​အ​သံ​နှင့်​တ​ကွ အ​မှု​တော်​တို့​ကို ကြား​ပြော​ကြ​စေ။

ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ယဇ်​ကို ရှေ့​တော်၌ ပူ​ဇော်၍၊ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ပ​တ္ထ​နာ​ပြု​မည်။

ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သီ​ချင်း​ဆို​ကြ​လော့။ စောင်း​တီး၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။

ကျေး​ဇူး​ချီး​မွမ်း​ခြင်း​ယဇ်​ကို ဘု​ရား​သ​ခင်​အား​ပူ​ဇော်​လော့။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း၊ အ​မြင့်​ဆုံး​သော​အ​ရာ၌ သ​စ္စာ​ဝတ်​ကို​ဖြေ​လော့။

ဘုန်း​ကြီး​သော နာ​မ​တော်​သည်​လည်း အ​စဉ်​အ​မြဲ​မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ မြေ​ကြီး​တစ်​ပြင်​လုံး​သည် ဘုန်း​တော်​နှင့် ပြည့်​စုံ​ပါ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။

ထာ​ဝ​ရ​ဘု​ရား​သည် က​မ္ဘာ​အ​ဆက်​ဆက် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်​နှင့် အာ​မင်။

ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက် ရှေ့​တော်​သို့​ဝင်၍၊ ဆာ​လံ​သီ​ချင်း​ဆို​လျက် ကျူး​ဧ​သော​အ​သံ​ကို ပြု​ကြ​ကုန်​အံ့။

ထို​သို့​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​မြို့​ကို ချမ်း​သာ​ပေး​တော်​မူ​မည်။ သူ၏​ဆိတ်​ညံ​ရာ အ​ရပ်​အ​လုံး​စုံ​တို့​ကို ချမ်း​သာ​ပေး​မည်။ သူ၏​တော​ကို ဧ​ဒင်​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သူ၏​လွင်​ပြင်​ကို ထာ​ဝ​ရ​ဘု​ရား၏ ဥ​ယျာဉ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ ဇိ​အုန်​မြို့​သည် ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း၊ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ခြင်း၊ သီ​ချင်း​ဆို​ခြင်း​နှင့် ပြည့်​စုံ​လိမ့်​မည်။

နောက်​တစ်​ဖန် ဝမ်း​မြောက်​သော​အ​သံ၊ ရွှင်​လန်း​သော​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သား​အ​သံ၊ မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​အ​သံ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့​ဟု​ဆို​သော သူ​တို့၏​အ​သံ၊ ချီး​မွမ်း​ရာ​ပူ​ဇော်​သ​ကာ​ကို ဗိ​မာန်​တော်​သို့​ဆောင်​ခဲ့​သော သူ​တို့၏ အ​သံ​ကို ကြား​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ပြည်​သား​တို့​ကို ငါ​ဆောင်​ခဲ့၍၊ အ​ရင်​ကဲ့​သို့ နေ​စေ​မည်​ဟု မိန့်​တော်​မူ၏။

ဤ​မြို့​သည် ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း၊ မြေ​ပေါ်​မှ ခပ်​သိမ်း​သော​လူ​မျိုး​တို့​တွင် ချီး​မွမ်း​စ​ရာ​အ​ကြောင်း၊ ဂုဏ်​အ​သ​ရေ​တော် ကျော်​စော​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။ ဤ​မြို့​သား​တို့​အား ငါ​ပြု​သ​မျှ​သော​ကျေး​ဇူး​ကို လူ​အ​မျိုး​မျိုး​တို့​သည် ကြား​သိ​ကြ​လိမ့်​မည်။ ဤ​မြို့၌ ငါ​ပြု​စု​သ​မျှ​သော စည်း​စိမ်​ချမ်း​သာ​ကို​ထောက်၍ ကြောက်​ရွံ့​တုန်​လှုပ်​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​မူ​ကား၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​စ​ကား​နှင့် ကိုယ်​တော်​အား ယဇ်​ပူ​ဇော်​ပါ​မည်။ သ​စ္စာ​က​တိ​ထား​သည်​အ​တိုင်း သ​စ္စာ​ဝတ်​ကို ပြု​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကြောင့် ချမ်း​သာ​ရ​ပါ​သည်​ဟု ဆု​တောင်း​လေ၏။

အ​ပြစ်​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ဘဲ၊ မ​ကောင်း​သော​အ​မှု​အ​ရာ​မှ​လည်း ကယ်​နုတ်​တော်​မူ​ပါ။ အ​စိုး​ပိုင်​သော​အ​ခွင့်​နှင့် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​သည် က​မ္ဘာ​အ​ဆက်​ဆက် ကိုယ်​တော်၌​ရှိ​ပါ၏။ အာ​မင် ဟု ဆု​တောင်း​ကြ​လော့။-

ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​အ​ထဲ​က​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း ဖြစ်​ကြ၏။ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

သို့​မ​ဟုတ် သင်​သည် စိတ်​နှ​လုံး​နှင့် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သော​အ​ခါ၊ မ​တတ်​သော လူ​စု​အ​ဝင်​ဖြစ်​သော​သူ​သည် သင်၏​စ​ကား​ကို နား​မ​လည်​သော​ကြောင့်၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​သို့​လိုက်၍၊ အာ​မင်​ဟု အ​ဘယ်​သို့ ဝန်​ခံ​နိုင်​မည်​နည်း။-

အ​များ​သော​သူ​တို့​သည် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည်​နှင့်၊ ထို​ကြွယ်​ဝ​သော​ကျေး​ဇူး​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​မည် အ​ကြောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖြစ်​သ​တည်း။

ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း တိုး​ပွား​ပြည့်​စုံ​လျက်၊ ထို​သ​ခင်၌ ကျင်​လည်​ကြ​လော့။

စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။

ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ တစ်​ဆူ​တည်း​သော​ဘု​ရား​သ​ခင်​သည်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်၊ ယ​ခု​မှ​စ၍ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​တန်​ခိုး​အာ​နု​ဘော်​နှင့် အ​စွမ်း​သ​တ္တိ​အာ​ဏာ​စက် ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ယု​ဒ​ဩ​ဝါ​ဒ​စာ​ပြီး၏။

အ​သက်​ရှင်​သော​သူ​လည်း ဖြစ်၏။ ငါ​သည် အ​ရင်​သေ​သည် ဖြစ်၍၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​နှင့် ပြည့်​စုံ၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​ကို​လည်း ငါ​အ​စိုး​ရ၏။-

အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​နှင့် သ​တ္တ​ဝါ လေး​ပါး​တို့​သည် ပျပ်​ဝပ်၍၊ ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊ အာ​မင်၊ ဟာ​လေ​လု​ယ​ဟု လျှောက်​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ