Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 7:11

Judson Bible

ပ​လ္လင်​တော်​မှ​စ​သော အ​သက်​ကြီး​သူ​တို့​နှင့် သ​တ္တ​ဝါ​လေး​ပါး၏ ပတ်​ဝန်း​ကျင်၌ ရပ်​နေ​သော ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်၊ ပ​လ္လင်​တော်​ရှေ့​မှာ ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သို့​ပြု​လျှင် သင်​လှ​သော​အ​ဆင်း​ကို ရှင်​ဘု​ရင်​သည် နှစ်​လို​စုံ​မက်​တော်​မူ​မည်။ သူ​သည် သင်၏​အ​ရှင်​ဖြစ်​သော​ကြောင့် သူ့​ကို​ကိုး​ကွယ်​လော့။

ရုပ်​တု​ဆင်း​တု​ကို ဝတ်​ပြု​သော​သူ၊ အ​ချည်း​နှီး​သက်​သက်​သော​အ​ရာ၌ ဝါ​ကြွား​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ရှိ​ကြ​စေ။ ဘု​ရား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။

ယေ​ရှု​က​လည်း အ​ချင်း​စာ​တန်၊ ငါ့​နောက်​သို့ ဆုတ်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည် ကျမ်း​စာ​လာ​သည်​ဟု မိန့်​တော်​မူ၏။-

သား​တော်​ကို ရို​သေ​စေ​မည်​အ​ကြောင်း၊ ခ​မည်း​တော်​သည် အ​ဘယ်​သူ​ကို​မျှ တ​ရား​စီ​ရင်​တော်​မ​မူ။ တ​ရား​စီ​ရင်​ခြင်း​အ​ခွင့် ရှိ​သ​မျှ​ကို သား​တော်​အား အပ်​ပေး​တော်​မူ၏။ သား​တော်​ကို မ​ရို​သေ​သော​သူ​သည်​ကား၊ သား​တော်​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​ကို မ​ရို​သေ​သော​သူ​ဖြစ်၏။-

တစ်​နည်း​ကား၊ သား​ဦး​ကို ဤ​လော​က​သို့ သွင်း​တော်​မူ​သော​အ​ခါ၊ ဘု​ရား​သ​ခင်၏ ကောင်း​ကင် တ​မန်​အ​ပေါင်း​တို့​သည် ထို​သူ​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​စေ​ဟု လာ​သ​တည်း။-

ဘု​ရား​သ​ခင်​ရှေ့​တော်၌ မိ​မိ​တို့​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပျပ်​ဝပ်၍ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လျက်၊-

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို မ​ကြောက်​ရွံ့​ဘဲ၊ နာ​မ​တော်​ကို မ​ချီး​မွမ်း​ဘဲ အ​ဘယ်​သူ​နေ​ရ​ပါ​အံ့​နည်း။ ကိုယ်​တော် တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​တော်​မူ၏။ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ထင်​ရှား​သည်​ဖြစ်၍၊ လူ​မျိုး​အ​ပေါင်း​တို့​သည်​လာ၍ ရှေ့​တော်၌ ကိုး​ကွယ်​ကြ​ပါ​လိမ့်​မည်​ဟု လျှောက်​ဆို​ကြ၏။

သူ​က​လည်း၊ မ​ပြု​ပါ​နှင့်။ ငါ​ကား၊ သင်၏ လုပ်​ဖော်​ဆောင်​ဖက်​ဖြစ်၏။ သင်၏​အစ်​ကို ပ​ရော​ဖက်​တို့​နှင့် ဤ​စာ​စောင်၏​စ​ကား​ကို စောင့်​ရှောက်​သော​သူ​တို့၏ လုပ်​ဘော်​ဆောင်​ဘက်​လည်း ဖြစ်၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​လော့​ဟု ပြော​ဆို၏။

အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ရှေ့၌ ပျပ်​ဝပ်​လျက်၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို ကိုး​ကွယ်​လျက်၊-

ထို​ပ​လ္လင်၏ ပတ်​ဝန်း​ကျင်၌ အ​ခြား​သော​ပ​လ္လင် နှစ်​ဆယ်​လေး​ပ​လ္လင်​ရှိ၏။ ထို​ပ​လ္လင်​တို့​အ​ပေါ်၌ အ​သက်​ကြီး​သူ​နှစ်​ဆယ်​လေး​ပါး​တို့​သည် ဖြူ​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက်၊ ခေါင်း​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက် ထိုင်​နေ​ကြ၏။-

ပ​လ္လင်​တော်​ရှေ့၌​လည်း၊ ကျောက်​သ​လင်း​နှင့် တူ​သော ဖန်​ရေ​ကန်​ရှိ၏။ ပ​လ္လင်​တော်၏ အ​တွင်း၌​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​လည်း​ကောင်း၊ မျက်​စိ​နှင့် တစ်​ကိုယ်​လုံး​ပြည့်​သော သ​တ္တ​ဝါ​လေး​ပါး​ရှိ၏။-

ထို​သ​တ္တ​ဝါ​လေး​ပါး​တို့၏ ကိုယ်​ပတ်​ဝန်း​ကျင်၌၊ တစ်​ပါး​တစ်​ပါး​လျှင် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တွင်း၌ မျက်​စိ​နှင့်​ပြည့်​ကြ၏။ သူ​တို့​က​လည်း၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏​ဟု နေ့​ည​မ​ပြတ် ငြိမ်၍​မ​နေ​ဘဲ ပြော​ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ