Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 5:5

Judson Bible

တံ​ဆိပ် ခု​နစ်​ချက်​တို့​ကို​လည်း​ကောင်း၊ ဖွင့်​ခြင်း​ငှာ အောင်​မြင်​လေ​ပြီ​ဟု ငါ့​ကို​ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

လှေ​ကား​ခြောက်​ထစ်​အ​ပေါ်​တွင် တစ်​ဖက်​တစ်​ချက်၌​လည်း ခြင်္သေ့​တစ်​ဆယ်​နှစ်​ကောင် ရပ်​နေ၏။ ထို​သို့​သော ရာ​ဇ​ပ​လ္လင်​သည် အ​ဘယ်​တိုင်း​နိုင်​ငံ၌​မျှ မ​ရှိ။

လှေ​ကား​ခြောက်​ထစ်​နှင့် ရွှေ​ဖိ​နပ်​သည် ရာ​ဇ​ပ​လ္လင်​တော်​နှင့် တစ်​ဆက်​တည်း​ရှိ၏။ ထိုင်​ရာ​တစ်​ဖက်​တစ်​ချက်၌ မှီ​စ​ရာ​လက်​ရုံး​တန်း​နှင့် ပြည့်​စုံ၍၊ လက်​ရုံး​တန်း​အ​နား​မှာ ခြင်္သေ့​နှစ်​ကောင် ရပ်​နေ၏။

လုံ​ခြုံ​စွာ​တံ​ဆိပ်​ခတ်​သ​ကဲ့​သို့ တစ်​ချပ်​နှင့်​တစ်​ချပ် ပူး​ကပ်​သော​အ​ကြေး​များ​နှင့် ဝါ​ကြွား​တတ်၏။

ယေ​ရှဲ​အ​မျိုး​အ​ငုတ်၌ အ​တက်​ပေါက်​လိမ့်​မည်။ သူ၏​အ​မြစ်​တို့​တွင် အ​ညွန့်​သည် အ​သီး​သီး​လိမ့်​မည်။

ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​သည် ငို​ကြွေး​သံ​ကို ချုပ်​လော့၊ မျက်​ရည်​မ​ကျ​စေ​နှင့်။ သင်​သည် ကိုယ်​ကျင့်​သော အ​ကျင့်၏ အ​ကျိုး​ကို​ခံ​ရ​လိမ့်​မည်။ သင်၏​သား​တို့​သည် ရန်​သူ​ပြည်​မှ ပြန်​လာ​ကြ​လိမ့်​မည်။

အ​နား၌ ရပ်​နေ​သော သူ​တစ်​ယောက်​ထံ​သို့ သွား၍၊ ယ​ခု​မြင်​သ​မျှ​ကား၊ အ​ဘယ်​သို့​ဆို​လို​သ​နည်း​ဟု မေး​မြန်း​သော်၊

ဝပ်​လျက်​နေ၏။ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ခြင်္သေ့​မ​ကဲ့​သို့​လည်း​ကောင်း ဝပ်​တွား​လေ၏။ အ​ဘယ်​သူ နှိုး​ဆော်​ဝံ့​မည်​နည်း။ သင့်​ကို​ကောင်း​ချီး​ပေး​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ရှိ၏။ သင့်​ကို ကျိန်​ဆဲ​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သည်​ဟု မြွက်​ဆို၏။

ထို​သူ​တို့​ကို ယေ​ရှု​သည် လှည့်​ကြည့်၍၊ ယေ​ရု​ရှ​လင်​မြို့​သ​မီး​တို့၊ ငါ့​ကြောင့် မ​ငို​ကြွေး​ကြ​နှင့်။ မိ​မိ​တို့​နှင့် မိ​မိ​တို့​သား​များ​ကြောင့် ငို​ကြွေး​ကြ​လော့။-

သ​ခင်​ဘု​ရား​သည် ထို​မိန်း​မ​ကို​မြင်​လျှင် သ​နား​ခြင်း​စိတ်​တော်​ရှိ၍၊ မ​ငို​နှင့်​ဟု မိန့်​တော်​မူ​လျက် အ​နီး​သို့​ကြွ၍ တ​လား​ကို လက်​နှင့်​တို့​တော်​မူ​သ​ဖြင့်၊ ထမ်း​သော​သူ​တို့​သည် ရပ်၍​နေ​ကြ၏၊-

လူ​အ​ပေါင်း​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ​သည်​ကို ကိုယ်​တော်​က၊ မ​ငို​ကြ​နှင့်။ သူ​ငယ်​သေ​သည် မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​လျှင်၊-

ထို​သူ​တို့​က၊ အ​ချင်း​မိန်း​မ၊ အ​ဘယ်​ကြောင့် ငို​ကြွေး​သ​နည်း​ဟု​မေး​လျှင်၊ ကျွန်​မ၏​သ​ခင်​ကို ယူ​သွား​ကြ​ပြီ။ အ​ဘယ်​မှာ​ထား​ကြ​သည်​ကို မ​သိ​ပါ​ဟု​ပြော​ဆို၏။-

တစ်​ဖန် ဟေ​ရှာ​ယ​ဆို​သည်​ကား၊ ယေ​ရှဲ၏​အ​မြစ်​ပေါက်၍ တစ်​ပါး​အ​မျိုး​သား​တို့​ကို အုပ်​စိုး​ခြင်း​ငှာ ပေါ်​ထွန်း​သော​သူ ဖြစ်​လိမ့်​မည်။ ထို​သူ​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကိုး​စား​ကြ​လိမ့်​မည်​ဟု ဆို​သ​တည်း။-

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​သည် ယု​ဒ​အ​မျိုး​ထဲ၌ ပေါ်​ထွန်း​သည်​ဟု ထင်​ရှား​လျက်​ရှိ၏။ ထို​အ​မျိုး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် စပ်​ဆိုင်​သည်​ဟု မော​ရှေ​သည် တစ်​ခွန်း​ကို​မျှ​မ​ပြော။

ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြစ်​ရ​မည်​အ​မှု​အ​ရာ​များ​ကို ယေ​ရှု​ခ​ရစ်​သည် မိ​မိ​အ​စေ​ခံ​ကျွန်​တို့​အား ပြ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် အပ်​ပေး​တော်​မူ​သော ထို​သ​ခင်၏ ဗျာ​ဒိတ်​တော်​ကို ဆို​ပေ​အံ့။ ထို​သ​ခင်​သည် မိ​မိ​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၍၊ မိ​မိ​အ​စေ​ခံ​ကျွန်​ယော​ဟန်​အား ဗျာ​ဒိတ်​တော်​အ​ရိပ်​ကို ပြ​တော်​မူ၏။-

ငါ​ယေ​ရှု​သည် အ​သင်း​တော်​တို့​အ​ဖို့ ဤ​အ​ရာ​များ​ကို သင်​တို့​အား​သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ ငါ၏​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်၏။ ငါ​သည်​ကား၊ ဒါ​ဝိဒ်၏​အ​မြစ်​ဖြစ်၏။ အ​နွယ်​လည်း​ဖြစ်၏။ ထွန်း​တောက်​သော မိုး​သောက်​ကြယ်​လည်း​ဖြစ်၏။-

ငါ​သည်​အောင်​မြင်၍ ငါ့​ခ​မည်း​တော်၏ ပ​လ္လင်​တော်​ပေါ်​မှာ ခ​မည်း​တော်​နှင့်​အ​တူ ထိုင်​နေ​သ​ကဲ့​သို့၊ အောင်​မြင်​သော​သူ​သည် ငါ၏​ပ​လ္လင်​ပေါ်​မှာ ငါ​နှင့်​အ​တူ ထိုင်​နေ​ရ​သော​အ​ခွင့်​ကို ငါ​ပေး​မည်။-

အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည် ပ​လ္လင်​တော်​ပေါ်​မှာ ထိုင်​တော်​မူ​သော​သူ​ရှေ့၌ ပျပ်​ဝပ်​လျက်၊ က​မ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော သူ​ကို ကိုး​ကွယ်​လျက်၊-

ထို​ပ​လ္လင်၏ ပတ်​ဝန်း​ကျင်၌ အ​ခြား​သော​ပ​လ္လင် နှစ်​ဆယ်​လေး​ပ​လ္လင်​ရှိ၏။ ထို​ပ​လ္လင်​တို့​အ​ပေါ်၌ အ​သက်​ကြီး​သူ​နှစ်​ဆယ်​လေး​ပါး​တို့​သည် ဖြူ​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက်၊ ခေါင်း​ပေါ်၌ ရွှေ​သ​ရ​ဖူ​ကို ဆောင်း​လျက် ထိုင်​နေ​ကြ၏။-

ထို​အ​ခါ​အ​သက်​ကြီး​သော​သူ​တစ်​ပါး​က၊ မ​ငို​ကြွေး​နှင့်၊ ယု​ဒ​အ​မျိုး ခြင်္သေ့​တည်း​ဟူ​သော ဒါ​ဝိဒ်၏​အ​မြစ်​သည် ထို​စာ​စောင်​ကို​လည်း​ကောင်း၊-

သိုး​သ​ငယ်​သည် တံ​ဆိပ်​ခု​နစ်​ချက်​တွင် တစ်​ချက်​ကို​ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင်၊ မိုး​ကြိုး​သံ မြည်​သ​ကဲ့​သို့၊ သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​က၊ လာ၍ ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။-

အ​သက်​ကြီး​သူ​တစ်​ပါး​က​လည်း၊ ဖြူ​သော ဝတ်​လုံ​ကို ဝတ်​ဆင်​သော ဤ​သူ​တို့​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​ရပ်​က လာ​ကြ​သ​နည်း​ဟု ငါ့​အား​မေး​မြန်း​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ