Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 3:17

Judson Bible

သင်​က​လည်း၊ ငါ​သည် ဥ​စ္စာ​ရ​တတ်၏။ ဘ​ဏ္ဍာ​များ​ကို ဆည်း​ပူး​ပြီ။ တစ်​စုံ​တစ်​ခု​ကို​မျှ​မ​လို​ဟု​ပြော​ဆို၍ ကိုယ်​တိုင်​ပင်​ပန်း​ခြင်း၊ သ​နား​ဖွယ်​ဖြစ်​ခြင်း၊ ဆင်း​ရဲ​ခြင်း၊ မျက်​စိ​ကန်း​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း ဖြစ်​သည်​ကို မ​သိ​ပါ​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​နှစ်​ယောက်​တို့​သည် မျက်​စိ​ပွင့်​လင်း၍၊ မိ​မိ​တို့၌ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊ မိ​မိ​တို့​ဝတ်​ရန်​ဖို့ သင်္ဘော​သ​ဖန်း​ပင်​အ​ရွက်​တို့​ကို​ချုပ်​စပ်၍ ခါး​စည်း​ကို​လုပ်​ကြ၏။

အာ​ရုန်​နှင့် လူ​များ​တို့​သည် နွား​သ​ငယ်​ကို​လုပ်​ကြ​သော​ကြောင့် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ၏။

အ​လွန်​ဆင်း​ရဲ​လျက်​နှင့် ရ​တတ်​ဟန်​ဆောင်​သော​သူ​ရှိ၏။ အ​လွန်​ရ​တတ်​လျက်​နှင့် ဆင်း​ရဲ​ဟန်​ဆောင်​သော​သူ​လည်း​ရှိ၏။

သို့​မ​ဟုတ်၊ အ​ကျွန်ုပ်​သည် ကြွယ်​ဝ၍၊ ထာ​ဝ​ရ​ဘု​ရား​ကား၊ အ​ဘယ်​သူ​နည်း​ဟု​ဆို​လျက်၊ ကိုယ်​တော်​ကို ငြင်း​ပယ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။ သို့​မ​ဟုတ်၊ ဆင်း​ရဲ၍ သူ့​ဥ​စ္စာ​ကို​ခိုး​သ​ဖြင့်၊ အ​ကျွန်ုပ်၏​ဘု​ရား​သ​ခင်​နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​ပါ၏။

ငါ့​ကျွန်​မှ​တစ်​ပါး အ​ဘယ်​သူ​ကန်း​သ​နည်း။ ငါ​စေ​လွှတ်​သော​တ​မန်​ကဲ့​သို့ အ​ဘယ်​သူ​သည် နား​ပင်း​သ​နည်း။ ငါ့​မိတ်​ဆွေ​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ကဲ့​သို့ အ​ဘယ်​သူ ကန်း​သ​နည်း။

ယ​ခု​ဖြစ်​သော အ​မျိုး​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင်​ခြင်​ကြ​လော့။ ငါ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ တော​ကဲ့​သို့​လည်း​ကောင်း၊ မှောင်​မိုက်​နိုင်​ငံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ဖူး​သ​လော။ ငါ၏​လူ​တို့​က၊ ငါ​တို့​သည် အ​ရပ်​ရပ်​သို့ လည်​မည်။ ကိုယ်​တော်​ထံ​သို့ နောက်​တစ်​ဖန် မ​ချဉ်း​ကပ်​ဟု အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။

သို့​ရာ​တွင်၊ ဧ​ဖ​ရိမ်​က၊ ငါ​သည် ရ​တတ်၏။ ဘ​ဏ္ဍာ​ကို သို​ထား​ပြီ။ ကြိုး​စား​သ​မျှ​တို့၌ အ​ပြစ်​ပါ​သော လွန်​ကျူး​ခြင်း​ကို ရှာ၍​မ​တွေ့​ရာ​ဟု ဆို​လိမ့်​မည်။

ပိုင်​သော​သူ​တို့​သည် သတ်၍ ကိုယ်​အ​ပြစ်​ရှိ​သည်​ကို မ​သိ​ကြ။ ရောင်း​စား​သော သူ​တို့​က​လည်း၊ ငါ​ရ​တတ်​သည်​ဖြစ်၍ ထာ​ဝ​ရ​ဘု​ရား​သည် မင်္ဂ​လာ​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဆို​ကြ၏။ သိုး​ထိန်း​တို့​သည်​လည်း သ​နား​ခြင်း က​ရု​ဏာ​မ​ရှိ​ကြ။

စိတ်​နှ​လုံး​နှိမ့်​ချ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား ကောင်း​ကင်​နိုင်​ငံ​တော်​သည် ထို​သူ​တို့၏ နိုင်​ငံ​ဖြစ်၏။-

ယေ​ရှု​သည် ကြား​တော်​မူ​လျှင်၊ ကျန်း​မာ​သော​သူ​တို့​သည် ဆေး​သ​မား​ကို အ​လို​မ​ရှိ​ကြ။ နာ​သော​သူ​တို့ သာ​လျှင် အ​လို​ရှိ​ကြ၏။-

ငတ်​မွတ်​သော​သူ​တို့​ကို ကောင်း​မွန်​စွာ​ကျွေး၍ ရ​တတ်​သော​သူ​တို့​ကို လက်​ချည်း လွှတ်​လိုက်​တော်​မူ​ပြီ။-

တစ်​နည်း​ကား၊ ငွေ​ရ​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် မိ​မိ​သက်​သာ​ခြင်း​ကို ယ​ခု​ခံ​ရ​ကြ၏။-

မ​ယုံ​ကြည်​သော​စိတ်​ရှိ​သော​ကြောင့် သူ​တို့​ကို ချိုး​ဖဲ့​သည်​ဖြစ်၍၊ သင်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ တည်၏။ မာ​န​စိတ် မ​ရှိ​စေ​နှင့်။ ကြောက်​ခြင်း​စိတ် ရှိ​စေ​လော့။-

ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။-

သင်​တို့​သည် ကိုယ်​ကို​ထင်​သင့်​သည် အ​တိုင်း​ထက် လွန်၍​မ​ထင်​ဘဲ၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား ယုံ​ကြည်​ခြင်း​ကို ဝေ​ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​ကို လျောက်​ပတ်​စွာ ထင်​ရ​မည်​အ​ကြောင်း ငါ​သည် ကိုယ်​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​အ​မှီ​ပြု​လျက်၊ သင်​တို့​တွင် ရှိ​သ​မျှ​သော​သူ​တို့​ကို မှာ​ထား၏။-

ငါ​သည် ငြို​ငြင်​သော​သူ​ဖြစ်​ပါ​သည်​တ​ကား။ ဤ​အ​သေ​ကောင်​မှ ငါ့​ကို အ​ဘယ်​သူ ကယ်​လွှတ်​မည်​နည်း။-

ထို​ပါ​ရ​မီ​နှင့် ကင်း​သော​သူ​မူ​ကား၊ မျက်​စိ​ကန်း၏။ ကိုယ်​မျက်​စိ​ကို ကိုယ်​ပိတ်၏။ မိ​မိ​အ​ပြစ်​ဟောင်း ဆေး​ကြော​ကြောင်း​ကို မေ့​လျော့၏။-

ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန် အ​မည်​ရှိ​သော အ​ရပ်၌ စု​ဝေး​စေ​ကြ၏။-

သင်​အ​ကျင့်​ကျင့်​ခြင်း၊ ဒု​က္ခ​ခံ​ခြင်း၊ ဆင်း​ရဲ​ခြင်း​ကို ငါ​သိ၏။ သို့​သော်​လည်း၊ သင်​သည် ကြွယ်​ဝ​ပြည့်​စုံ​ခြင်း ရှိ၏။ ယု​ဒ​လူ​ဖြစ်​ယောင်​ဆောင်၍ ယု​ဒ​လူ​မှန်​မ​ဟုတ်၊ စာ​တန်၏ အ​ပေါင်း​အ​သင်း​ဖြစ်​သော သူ​တို့၏ ကဲ့​ရဲ့​ခြင်း​ကို​လည်း ငါ​သိ၏။-

ထို​သို့ အ​ဧ​မ​ဟုတ်၊ အ​ပူ​မ​ဟုတ်၊ နွေး​ရုံ​ရှိ​သော​ကြောင့် ငါ၏​ခံ​တွင်း​သည် သင့်​ကို​ထွေး​လု​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ