ဗျာဒိတ် 3:18Judson Bibleသင်သည် ဥစ္စာရတတ်ခြင်းငှာ၊ မီးနှင့်ချွတ်ပြီးသော ရွှေကိုလည်းကောင်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတစ်ပါး ရှေ့တွင် မရှက်စေခြင်းငှာ ခြုံစရာဖို့၊ ဖြူသောအဝတ်ကိုလည်းကောင်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှာ၊ မျက်စိ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။- အခန်းကိုကြည့်ပါ။ |
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟု ဝန်ခံတော်မူသော နိုင်ငံတော်၏အမွေခံ ဖြစ်စေခြင်းငှာလည်းကောင်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။-