ဗျာဒိတ် 2:22Judson Bibleထိုကြောင့်၊ သူ့ကို အိပ်ရာ၌ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု၍၊ ထိုသို့သော အကျင့်ကို နောင်တမရသောသူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။- အခန်းကိုကြည့်ပါ။ |
သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင်ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်း ရှိရစ်စေကြလိမ့်မည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကိုပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှားရလိမ့်မည်။
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည် မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွှဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အို ဣသရေလအမျိုးသားတို့၊ သင်တို့လိုက်သော လမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။
အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ကိလေသာ လွန်ကျူးခြင်းအမှုတို့ကို ပြုမိ၍၊ ယခုတိုင်အောင် နောင်တမရသောသူအများကြောင့် ငါစိတ်မသာ ညည်းတွားရသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည် ငါ့ကိုနှိမ့်ချတော်မူမည် ဟူ၍လည်းကောင်း စိုးရိမ်ခြင်းရှိ၏။
အကြောင်းမူကား၊ လူမျိုးအပေါင်းတို့သည် သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက် တည်းဟူသောစပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ။ လောကီကုန်သည်တို့သည် သူ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။