Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 2:23

Judson Bible

သူ၏​သား​သ​မီး​တို့​ကို​လည်း အ​သေ​သတ်​မည်။ ငါ​သည် နှ​လုံး​ကျောက်​ကပ်​ကို စစ်​ဆေး​တော်​မူ​သော သူ​ဖြစ်​ကြောင်း​ကို ထို​သို့​သော​အား​ဖြင့် ခပ်​သိမ်း​သော အ​သင်း​တော်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည် အ​သီး​အ​သီး​ကျင့်​သော အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ငါ​ပေး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

39 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်​သည် ကိုယ်​ဘုန်း​ကြီး​စေ​ခြင်း​ငှာ၊ အ​ဘယ်​သို့ တိုး​တက်၍ လျှောက်​ရ​ပါ​မည်​နည်း။ ကိုယ်​တော်​သည် ကိုယ်​တော်​ကျွန်​ကို သိ​တော်​မူ၏။

ငါ့​သား​ရှော​လ​မုန်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​ကို သိ​လော့။ စုံ​လင်​သော​နှ​လုံး၊ ကြည်​ညို​သော​စိတ်​သ​ဘော​နှင့် ဝတ်​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော စိတ်​နှ​လုံး​တို့​ကို​စစ်၍ အ​ကြံ​အ​စည်​ရှိ​လေ​သ​မျှ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို​ရှာ​လျှင် အ​တွေ့​ခံ​တော်​မူ​မည်။ ကိုယ်​တော်​ကို​စွန့်​လျှင် သင့်​ကို အ​စဉ်​အ​မြဲ စွန့်​တော်​မူ​မည်။

အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် စိတ်​နှ​လုံး​ကို​စစ်၍ ဖြောင့်​မတ်​ခြင်း​သ​ဘော​ကို နှစ်​သက်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ဖြောင့်​မတ်​ခြင်း​သ​ဘော၊ ကြည်​ညို​သော​စိတ်​ရှိ​သည်​နှင့် ဤ​ဘ​ဏ္ဍာ​ရှိ​သ​မျှ​ကို ပူ​ဇော်​ပါ၏။ စည်း​ဝေး​လျက်​ရှိ​သော ကိုယ်​တော်၏​လူ​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ပူ​ဇော်​ကြ​သည်​ကို​မြင်၍ ဝမ်း​မြောက်​ပါ၏။

ကျိန်း​ဝပ်​တော်​မူ​ရာ ကောင်း​ကင်​ဘုံ၌၊ နား​ထောင်​တော်​မူ​ပါ။

သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော၍ သိ​တော်​မူ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို​စစ်​ဆေး​စုံ​စမ်း၍၊ နှ​လုံး​ကျောက်​ကပ်​ကို ဆေး​ကြော​တော်​မူ​ပါ။

နှ​လုံး၌​ဝှက်​ထား​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဖြစ်၍၊ ထို​အ​မှု​ကို မ​စစ်​ဘဲ​နေ​တော်​မူ​မည်​လော။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် က​ရု​ဏာ​နှင့် ပြည့်​စုံ​တော်​မူ၏။ ကိုယ်​တော်​သည် လူ​အ​သီး​အ​သီး​တို့​အား သူ​တို့​အ​ကျင့်​နှင့်​အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ၏။

မ​တ​ရား​သော​သူ​တို့၏ အ​ဓ​မ္မ​အ​မှု​ကို​ဆုံး​ရှုံး၍၊ တ​ရား​သော​သူ​တို့​ကို မြဲ​မြံ​စေ​တော်​မူ​ပါ။ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​ဘု​ရား၊ ကိုယ်​တော်​သည် နှ​လုံး​နှင့် ကျောက်​ကပ်​ကို စစ်​တော်​မူ​တတ်​ပါ၏။

နှ​လုံး​ကျောက်​ကပ်​ကို​စစ်​ကြော၍၊ တ​ရား​သ​ဖြင့် စီ​ရင်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ထို​သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​မြင်​လို​ပါ၏။ အ​ကျွန်ုပ်​အ​မှု​ကို ကိုယ်​တော်​အား ကြား​လျှောက်​ပါ​ပြီ။

ငါ​ထာ​ဝ​ရ​ဘု​ရား​သည် လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ မိ​မိ​တို့​ခံ​ထိုက်​သော အ​ကျိုး​အ​ပြစ်​ကို​ပေး​ခြင်း​ငှာ၊ နှ​လုံး​ကျောက်​ကပ်​တို့​ကို စေ့​စေ့​စစ်​ကြော​တတ်၏။

ဖြောင့်​မတ်​သော သူ​တို့​ကို စုံ​စမ်း၍၊ နှ​လုံး​ကျောက်​ကပ်​သ​ဘော​ကို သိ​မြင်​တော်​မူ​သော ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်၏​အ​မှု​ကို ရှေ့​တော်၌​ဖွင့်​ပြ​ပါ​သည်​ဖြစ်၍၊ သူ​တို့၌ အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​မြင်​ရ​ပါ​လိမ့်​မည်။

မ​တ္တေ​ရှ​အ​ရပ်​သား​တို့၊ ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ ကုန်​သည်​အ​ပေါင်း​တို့​သည် ပြတ်​ကြ​ပြီ။ ငွေ​ကို​ဆောင်​သော​သူ အ​ပေါင်း​တို့​သည် ဆုံး​ကြ​ပြီ။

လူ​သား​သည် မိ​မိ​အ​ဘ​ခ​မည်း​တော်၏ ဘုန်း​အာ​နု​ဘော်​ကို ဆောင်​လျက်၊ ကောင်း​ကင်​တ​မန် အ​ခြံ​အ​ရံ​တို့​နှင့် ကြွ​လာ​တော်​မူ​လ​တ္တံ့။ ထို​အ​ခါ သူ​အ​သီး​အ​သီး ကျင့်​သော​အ​ကျင့်​နှင့် အ​လျောက် အ​ကျိုး​အ​ပြစ်​ကို ဆပ်​ပေး​တော်​မူ​လ​တ္တံ့။-

ယေ​ရှု​က​လည်း၊ သင်​တို့​သည် လူ​များ​ရှေ့​မှာ ဖြောင့်​မတ်​ဟန်​ဆောင်​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့၏​စိတ်​နှ​လုံး​ကို သိ​မြင်​တော်​မူ၏။ လူ​သ​ဘော​အား​ဖြင့် အ​မြတ်​ထား​သော​အ​ရာ​သည် ဘု​ရား​သ​ခင့် ရှေ့​တော်၌ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ဖြစ်၏။-

ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။-

ယေ​ရှု​က၊ သွား​လော့။ သင်၏​လင်​ကို​ခေါ်၍ သည်​ကို​လာ​ဦး​လော့​ဟု မိန့်​တော်​မူ၏။-

ဤ​သို့​ဆု​တောင်း​ကြ၏။-

သို့​ဖြစ်၍၊ ငါ​တို့​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် စစ်​ကြော​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ​မည်။

စိတ်​နှ​လုံး​ကို စစ်​တော်​မူ​သော​သူ​သည်​လည်း ဝိ​ညာဉ်​တော်၏ စိတ်​သ​ဘော​ကို သိ​တော်​မူ၏။ အ​ကြောင်း​မူ​ကား ဝိ​ညာဉ်​တော်​သည် သန့်​ရှင်း​သူ​တို့၏ ဆု​တောင်း​ခြင်း​အ​မှု​ကို ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ စောင့်​မ​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​ရှိ​သ​မျှ​သည် ကိုယ်​ခ​န္ဓာ၌​ကျင့်​သော​အ​ကျင့်၊ ကောင်း​မ​ကောင်း​ရှိ​သည်​အ​တိုင်း အ​ကျိုး​အ​ပြစ်​ကို အ​သီး​အ​သီး​ခံ​ခြင်း​ငှာ၊ ခ​ရစ်​တော်၏ တ​ရား​ပ​လ္လင်​ရှေ့၌ ပေါ်​လာ​ရ​ကြ​မည်။

အ​ဘယ်​ကြောင့်​နည်း ဟူ​မူ​ကား၊ လူ​အ​သီး​အ​သီး​တို့​သည် မိ​မိ​တို့​ဝန်​ကို ဆောင်​ရွက်​ရ​ကြ​မည်။

ထို​သ​တင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား၍၊ ထို​သို့​သော အ​ဓ​မ္မ​အ​မှု​ကို သင်​တို့​တွင် နောက်​တစ်​ဖန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ​လိမ့်​မည်။

ထို​သ​တင်း​ကို လူ​ခပ်​သိမ်း​တို့​သည်​ကြား​လျှင် ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့် နောက်​တစ်​ဖန် ရဲ​ရင့်​စွာ မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။

ကြွင်း​သော​သူ​တို့​သည်​လည်း ထို​သ​တင်း​ကို​ကြား၍ ကြောက်​သော​ကြောင့်၊ နောက်​တစ်​ဖန် ထို​သို့​သော ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။

မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား၍ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လိမ့်​မည်။

ငါ​တို့​ကို စစ်​ကြော​စီ​ရင်​တော်​မူ​သော​သူ​ရှေ့၌ မ​ထင်​ရှား​သော အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် အ​ကွယ်​အ​ကာ မ​ရှိ​ဘဲ၊ မျက်​မှောက်​တော်၌ လှန်​ထား​လျက် ရှိ​ကြ၏။

လူ​မျက်​နှာ​ကို​မ​ငဲ့၊ ခပ်​သိမ်း​သော​သူ​တို့၏ အ​ကျင့်​အ​တိုင်း စီ​ရင်​တော်​မူ​သော​ခ​မည်း​တော်​ကို သင်​တို့​သည် ဆု​တောင်း​ကိုး​ကွယ်​လျှင်၊ ဧည့်​သည်​ဖြစ်​စဉ်​ကာ​လ​ပတ်​လုံး ကြောက်​ရွံ့​သော​စိတ်​နှင့် ကျင့်​နေ​ကြ​လော့။-

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​ကို ဒု​တိ​ယ​သေ​ခြင်း​သည် မ​ညှဉ်း​ဆဲ​ရ။

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ထို​သူ​သည် ငါ၏​ဘု​ရား​သ​ခင် ပ​ရ​ဒိ​သု​ဥ​ယျာဉ်၌ ရှိ​သော အ​သက်​ပင်၏​အ​သီး​ကို စား​စေ​ခြင်း​ငှာ ငါအ​ခွင့်​ပေး​မည်။

သေ​လွန်​သော​သူ အ​ကြီး​အ​ငယ်​တို့​သည် ပ​လ္လင်​တော်​ရှေ့​မှာ ရပ်​န​ကြ​သည်​ကို ငါ​မြင်၏။ စာ​စောင်​များ​ကို ဖွင့်​ထား၏။ အ​သက်​စာ​စောင်​တည်း​ဟူ​သော အ​ခြား​တစ်​ပါး​သော စာ​စောင်​ကို​လည်း ဖွင့်​လေ၏။ သေ​လွန်​သော​သူ​တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း၊ စာ​စောင်​တို့၌ ရေး​ထား​ချက်​များ​နှင့်​အ​ညီ တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။-

သ​မု​ဒ္ဒ​ရာ​သည် မိ​မိ၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး၏။ မ​ရ​ဏ​နှင့် မ​ရ​ဏ​နိုင်​ငံ​သည်​လည်း မိ​မိ​တို့၌​ရှိ​သော လူ​သေ​တို့​ကို အပ်​ပေး​ကြ၏။ လူ​အ​သီး​အ​သီး တို့​သည် မိ​မိ​တို့​အ​ကျင့်​အ​တိုင်း တ​ရား​စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ၏။-

ငါ​သည် အ​လျင်​အ​မြန်​လာ​မည်။ ငါ​သည် အ​ကျိုး​အ​ပြစ်​ကို ဆောင်​ခဲ့​သည်​ဖြစ်၍၊ လူ​အ​သီး​အ​သီး​တို့​အား မိ​မိ​တို့​အ​ကျင့်​အ​တိုင်း ဆပ်​ပေး​မည်။-

ထို​အ​ခါ​ငါ​ကြည့်​လျှင်၊ မြင်း​မွဲ​တစ်​စီး​ရှိ၏။ မြင်း​စီး​သော​သူ​သည် မ​ရ​ဏ​ဟူ​သော​အ​မည်​ရှိ၏။ မ​ရ​ဏနိုင်​ငံ​သည် ထို​သူ​နောက်​သို့ လိုက်​လေ၏။ သူ​သည် မြေ​ကြီး လေး​စိတ်​တစ်​စိတ်​ကို အ​စိုး​ရ၍ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ နာ၍​သေ​ဘေး၊ မြေ​သား​ရဲ​ဘေး​အား​ဖြင့် သတ်​ပိုင်​သော အ​ခွင့်​ကို​ရ၏။

ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ