Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 17:4

Judson Bible

ထို​မိန်း​မ​သည် အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်​လျက်၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​လျက်​ရှိ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​နှင့်​လည်း​ကောင်း၊ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ ညစ်​ညူး​ခြင်း နှင့်​လည်း​ကောင်း ပြည့်​သော​ရွှေ​ဖ​လား​ကို ကိုင်​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပြည်၌ ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​များ​ရှိ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော ပြည်​သား​မျိုး​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ရာ အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​ကြ​သည်​တ​ကား။

ထို​မင်း​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ထာ​ဝ​ရ​ဘု​ရား​နှင်​ထုတ်​တော်​မူ​သော တစ်​ပါး​အ​မျိုး​သား ရွံ​ရှာ​ဖွယ်​ထုံး​စံ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။

အ​ဘယ်​သို့ လျှောက်​ရ​ပါ​မည်​နည်း။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

ဗာ​ဗု​လုန်​မြို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကိုင်​တော်​မူ၍ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ယစ်​မူး​စေ​သော ရွှေ​ဖ​လား​ဖြစ်၏။ ထို​ဖ​လား၌​ပါ​သော စ​ပျစ်​ရည်​ကို လူ​အ​မျိုး​မျိုး​တို့​သည် သောက်၍ အ​ရူး​ဖြစ်​ကြ၏။

သူ၌ မ​စင်​ကြယ်​သော လ​က္ခ​ဏ​ထင်​ရှား​သော်​လည်း၊ နောက်​ခံ​ရ​သော​အ​ပြစ်​ကို မ​အောက်​မေ့။ ထို​ကြောင့်၊ မျက်​နှာ​ပေး​သော​သူ မ​ရှိ​ဘဲ အံ့​ဩ​ဖွယ်​သော အ​ခြင်း​အ​ရာ​နှင့် နှိမ့်​ချ​ခြင်း​သို့​ရောက်​လေ၏။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ ရန်​သူ​သည် ကိုယ်​ကို ချီး​မြှောက်​ပါ​ပြီ။

သို့​ဖြစ်၍၊ သင်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ဘိုး​ဘေး​တို့​ထုံး​စံ​အ​တိုင်း ညစ်​ညူး​လျက်၊ သူ​တို့​ပြု​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို​ပြု၍ မှား​ယွင်း​လျက်၊

ထို​နောက်၊ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ မီး​ခဲ​ပေါ်​မှာ တင်​ထား​လော့။ ကြေး​နီ​ပူ၍ မီး​တောက်​စေ။ အိုး​ကင်း၌​ပါ​သော​အ​ညစ်​အ​ကြေး​ကို အ​ရည်​ကျို၍ သံ​ချေး​ကုန်​စေ။

သင်၏​အ​ညစ်​အ​ကြေး၌ အ​ဓ​မ္မ​အ​မှု​ပါ၏။ ငါ​ဆေး​ကြော၍ သင်​သည် ဆေး​ကြော​ခြင်း​ကို မ​ခံ​သော​ကြောင့်၊ ငါ၏​အ​မျက်​အ​ရှိန်​သည် သင့်​အ​ပေါ်​သို့​မ​ရောက်​မ​ချင်း​တိုင်​အောင်၊ သင်၏​အ​ညစ်​အ​ကြေး​ကို မ​ဆေး​ကြော​ရ။

ဧ​ဒင်​အ​ရပ်၊ ဘု​ရား​သ​ခင်၏ ဥ​ယျာဉ်​တော်၌​နေ​ပြီ။ သင်၏​ခေါင်း​ပေါ်​မှာ ကျောက်​နီ၊ ဥဿ​ဖ​ရား၊ စိန်၊ မျက်​ရွဲ၊ ကြောင်၊ န​ဂါး​သွဲ့၊ နီ​လာ၊ မြ၊ ပ​တ္တ​မြား အ​စ​ရှိ​သော​ကျောက်​မြတ် အ​မျိုး​မျိုး​တို့​ကို ဆောင်း​လေ၏။ ရွှေ​ဖြင့်​လုပ်​သော ပတ်​သာ၊ ပု​လွေ​တို့​သည်​လည်း၊ သင်​ဖွား​သော​နေ့၌​ပင် သင့်​အ​ဖို့ ပြင်​ဆင်​လျက်​ရှိ​ကြ၏။

သင်​တို့​အ​ပေါ်​မှာ သန့်​ရှင်း​သော​ရေ​ကို ဖျန်း​သ​ဖြင့်၊ သင်​တို့​ကို ခပ်​သိမ်း​သော အ​ညစ်​အ​ကြေး​မှ​စ၍ ခပ်​သိမ်း​သော ရုပ်​တု​တို့​နှင့် ကင်း​စင်​စေ​မည်။

ထို​ဘု​ရား​အ​ရာ၌ ရဲ​တိုက်​တို့၏​ဘု​ရား​နှင့်၊ ဘိုး​ဘေး​တို့​မ​သိ​သော​ဘု​ရား​ကို ချီး​မြှောက်၍၊ ရွှေ၊ ငွေ၊ ကျောက်​မြတ်၊ နှစ်​သက်​ဖွယ်​သော တန်​ဆာ​များ​ကို ပူ​ဇော်​လိမ့်​မည်။

တော၌ စ​ပျစ်​သီး​ကဲ့​သို့ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ​တွေ့၏။ သီး​စ​သော သင်္ဘော​သ​ဖန်း​ပင်၌ အ​ဦး​ဆုံး​မှည့်​သော သင်္ဘော​သ​ဖန်း​သီး​ကဲ့​သို့ သင်​တို့​ဘိုး​ဘေး​များ​ကို ငါ​မြင်၏။ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဗာ​လ​ပေ​ဂု​ရ​ဘု​ရား​ထံ​သို့​သွား၍၊ ထို​ရှက်​ဖွယ်​သော​အ​ရာ​အ​ဖို့ ကိုယ်​ကို အပ်​နှံ​သ​ဖြင့် တပ်​မက်​သည်​အ​တိုင်း စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​တို့​ကို ပြု​ကြ၏။

သူ​တို့၌​ရှိ​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သစ်​သား​ရုပ်​တု၊ ကျောက်​ရုပ်​တု၊ ရွှေ​ရုပ်​တု၊ ငွေ​ရုပ်​တု​တို့​ကို မြင်​ကြ​ပြီ။

ကောင်း​ကင်​တ​မန်​တစ်​ပါး​က​လည်း၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက်​တည်း​ဟူ​သော စ​ပျစ်​ရည်​ကို လူ​မျိုး​အ​ပေါင်း​တို့​အား တိုက်​လေ​ပြီး​သော ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ​ဟု လိုက်၍​ပြော​ဆို၏။-

ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ ပု​လဲ၊ ပိတ်​ချော၊ က​တ္တီ​ပါ၊ ဖဲ၊ ပု​ဆိုး​နီ၊ အ​မျိုး​မျိုး​သော သွိန်​သစ်​သား၊ အ​မျိုး​မျိုး​သော ဆင်​စွယ်​တန်​ဆာ၊ အ​မျိုး​မျိုး​သော သစ်​ကောင်း​တန်​ဆာ၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ၊ ကျောက်​ဖြူ တန်​ဆာ၊-

ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပိတ်​ချော၊ အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်၍၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​သော​မြို့​ကြီး၊-

စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။-

တံ​ခါး​ရွက် တစ်​ဆယ်​နှစ်​ရွက် အ​သီး​အ​သီး​တို့​သည် ပု​လဲ​တစ်​ပြား​စီ​ဖြင့်​ပြီး၍ ပု​လဲ​တစ်​ဆယ်​နှစ်​ပြား ဖြစ်​ကြ၏။ မြို့​လမ်း​မ​သည် ကြည်​လင်​သော ဖန်​ကဲ့​သို့​သော ရွှေ​စင်​ဖြစ်၏။

ကိုယ်​ကျင့်​သော အ​ကျင့်​တည်း​ဟူ​သော လူ​အ​သက်​ကို သတ်​ခြင်း၊ သူ​တစ်​ပါး​ကို​ပြု​စား​ခြင်း၊ မ​တ​ရား​သော​မေ​ထုန်၌ မှီ​ဝဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို​ခိုး​ခြင်း၊ အ​မှု​များ​ကို​လည်း နောင်​တ​မ​ရ​ဘဲ နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ