Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 17:3

Judson Bible

ငါ့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် တော​သို့​ဆောင်​သွား​လေ၏။ ခေါင်း​ခု​နစ်​လုံး​နှင့် ချို​ဆယ်​ချောင်း​ရှိ၍၊ ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​တို့​နှင့်​အ​ပြည့်​ရှိ​သော သား​ရဲ​နီ​အ​ပေါ်​မှာ ထိုင်​လျက်​ရှိ​သော မိန်း​မ​တစ်​ဦး​ကို ငါ​မြင်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် ကိုယ်​တော်​ထံ​မှ ထွက်​သွား၍ အာ​ဟပ်​မင်း​ထံ​မှာ​လျှောက်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် အ​ကျွန်ုပ်​မ​သိ​သော​အ​ရပ်​သို့ ကိုယ်​တော်​ကို ဆောင်​သွား​တော်​မူ​လျှင်၊ အာ​ဟပ်​မင်း​သည် ကိုယ်​တော်​ကို​မ​တွေ့​နိုင်​သော​အ​ခါ အ​ကျွန်ုပ်​ကို သတ်​ပါ​လိမ့်​မည်။ ကိုယ်​တော်​ကျွန်​မူ​ကား၊ အ​သက်​ငယ်​စဉ်​ကာ​လ​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား​ကို​ရို​သေ​ပါ​ပြီ။

သူ​တို့​က​လည်း၊ ကိုယ်​တော်​ကျွန်​တို့၌ ခွန်​အား​ကြီး​သော​သူ ငါး​ကျိပ်​ရှိ​ပါ၏။ သူ​တို့​သည်​သွား၍ ကိုယ်​တော်၏​သ​ခင်​ကို ရှာ​မည်​အ​ကြောင်း၊ အ​ခွင့်​ပေး​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​ကို​ချီ​ယူ၍ တစ်​စုံ​တစ်​ခု​သော တောင်​ပေါ်၌​ဖြစ်​စေ၊ ချိုင့်​ထဲ​သို့​ဖြစ်​စေ ချ​ကောင်း​ချ​တော်​မူ​လိမ့်​မည်​ဟု အ​ခွင့်​တောင်း​လျှင်၊ မ​စေ​လွှတ်​ကြ​နှင့်​ဟု ဧ​လိ​ရှဲ​သည် မြစ်​တား​သော်​လည်း၊

မိ​မိ​ချစ်​ရာ​သ​ခင်၌ မြှောင်၍​တော​ထဲ​က လာ​သော​ထို​သူ​ကား၊ အ​ဘယ်​သူ ဖြစ်​ပါ​လိမ့်​မည်​နည်း။ ငါ​သည်​ရှောက်​ချို​ပင်​အောက်​မှာ သ​င့်​ကို​နှိုး​ဆော်​ခဲ့​ပြီ။ ထို​အ​ရပ်၌ သင်၏​မိ​ခင်​သည် သ​င့်​ကို​ပေး​စား​ခဲ့​ပြီ။ ထို​အ​ရပ်၌​သ​င့်​ကို ဖွား​မြင်​သော​သူ​သည် သ​င့်​ကို​ပေး​စား​ခဲ့​ပြီ။

ဝိ​ညာဉ်​တော်​သည်​လည်း၊ ဘု​ရား​သ​ခင်၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ချီ၍ သိမ်း​သွား​သော သူ​တို့​နေ​ရာ၊ ခါ​လ​ဒဲ​ပြည်​သို့ ဆောင်​သွား​တော်​မူ၏။ ငါ​မြင်​ခဲ့​ပြီး​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​သည်​လည်း ငါ​နှင့်​ကွာ၍ တက်​သွား၏။

ထို​အ​ခါ ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ အ​ရပ်​မှ ဘုန်း​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု၊ ငါ့​နောက်၌ ကြီး​စွာ​သော လှုပ်​ရှား​ခြင်း​အ​သံ​ကို ငါ​ကြား၏။

လက်​သ​ဏ္ဌာန်​ကို​ဆန့်၍ ငါ၏​ဆံ​ပင်​တစ်​စု​ကို ကိုင်​လျက်၊ ဝိ​ညာဉ်​တော်​သည် ငါ့​ကို မြေ​နှင့်​မိုး​ကောင်း​ကင်​ကြား​မှာ ချီ​ကြွ၍၊ အ​မျက်​တော်​ကို နှိုး​ဆော်​သော ရုပ်​တု​ပ​လ္လင်​ရှိ​ရာ ယေ​ရု​ရှ​လင်​မြို့ မြောက်​မျက်​နှာ​အ​တွင်း တံ​ခါး​ဝ​သို့၊ ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရူ​ပါ​ရုံ​အား​ဖြင့် ငါ့​ကို​ဆောင်​သွား၏။

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။

သူ၏​ခေါင်း၌​ရှိ​သော ချို​ဆယ်​ချောင်း​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊ နောက်​ပေါက်၍ အ​ရင်​ချို သုံး​ချောင်း​ကို​နုတ်၍၊ ကြီး​စွာ​သော​စ​ကား​ကို ပြော​တတ်​သော​နှုတ်​နှင့် မျက်​စိ​ရှိ​သ​ဖြင့်၊ မိ​မိ​အ​ဖော်​တို့​ထက်​သာ၍ ရဲ​ရင့်​သော မျက်​နှာ​အ​ဆင်း​ရှိ​သော ချို​တစ်​ချောင်း​ကား၊ အ​ဘယ်​သို့​ဆို​လို​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။

အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ကြီး​စွာ​သော စ​ကား​ကို ပြော​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။ ကာ​လ​အ​ချိန်​နှင့် ပ​ညတ်​တ​ရား​တို့​ကို ပြောင်း​လဲ​စေ​ခြင်း​ငှာ ကြံ​စည်​လိမ့်​မည်။ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး သူ​သည် အ​ခွင့်​ရ​လိမ့်​မည်။

ထို​ချို​တို့​ကို ငါ​ကြည့်​ရှု​စဉ်၊ ချို​များ​အ​လယ်၌ ချို​ငယ်​တစ်​ချောင်း​သည် ပေါက်​ပြန်၏။ ထို​ချို​ငယ်​ရှေ့​မှာ အ​ရင်​ချို​သုံး​ချောင်း​ကို အ​မြစ်​နှင့်​တ​ကွ နုတ်​လေ၏။ ထို​ချို​ငယ်​သည် လူ​မျက်​စိ​ကဲ့​သို့​သော မျက်​စိ​နှင့်​လည်း​ကောင်း၊ ကြီး​စွာ​သော စ​ကား​ကို ပြော​တတ်​သော နှုတ်​နှင့်​လည်း​ကောင်း ပြည့်​စုံ၏။

အ​ဝတ်​တော်​ကို ချွတ်၍ နီ​သော​ဝတ်​လုံ​ကို ခြုံ​စေ​ကြ၏။-

ရေ​ထဲ​က​တက်​ကြ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဖိ​လိ​ပ္ပု​ကို​ဆောင်​ယူ​တော်​မူ၍၊ အ​မတ်​သည် ဖိ​လိ​ပ္ပု​ကို နောက်​တစ်​ဖန် မ​တွေ့​မ​မြင်​ရ။ ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​နှင့် မိ​မိ သွား​ရ​သော​လမ်း​ကို သွား​လေ၏။-

ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။

သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။-

မိန်း​မ​သည် ထို​မြွေ​နှင့်​လွတ်၍၊ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး ကျွေး​မွေး​ခြင်း​ကို ခံ​ရာ အ​ရပ်​တည်း​ဟူ​သော တော​အ​ရပ်​သို့ ပျံ​နိုင်​မည့်​အ​ကြောင်း၊ ရွှေ​လင်း​တ​ကြီး၏ အ​တောင်​နှစ်​ဖက်​ကို ရ​လေ၏။-

ကောင်း​ကင်၌ အ​ခြား​သော နိ​မိတ်​လ​က္ခ​ဏာ ပေါ်​လာ​သည်​ကား၊ အ​ဆင်း​နီ​သော န​ဂါး​ကြီး​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ခေါင်း​ပေါ်၌ သ​ရ​ဖူ​ခု​နစ်​ဆူ​ကို ဆောင်း​လျက်​ရှိ၏။-

မိန်း​မ​သည် အ​ရက်​တစ်​ထောင်​နှစ်​ရာ​ခြောက် ဆယ်​ပတ်​လုံး တော၌ ကျွေး​မွေး​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​ရပ်​သို့ ပြေး​လေ၏။

ယ​ခု​မြင်​သော မိန်း​မ​သည်​လည်း၊ လော​ကီ​ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​သော မြို့​ကြီး​ဖြစ်​သ​တည်း​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။

ထို​မိန်း​မ​သည် အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်​လျက်၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​လျက်​ရှိ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​နှင့်​လည်း​ကောင်း၊ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ ညစ်​ညူး​ခြင်း နှင့်​လည်း​ကောင်း ပြည့်​သော​ရွှေ​ဖ​လား​ကို ကိုင်​လျက်​ရှိ၏။-

ရွှေ၊ ငွေ၊ ကျောက်​ကောင်း၊ ပု​လဲ၊ ပိတ်​ချော၊ က​တ္တီ​ပါ၊ ဖဲ၊ ပု​ဆိုး​နီ၊ အ​မျိုး​မျိုး​သော သွိန်​သစ်​သား၊ အ​မျိုး​မျိုး​သော ဆင်​စွယ်​တန်​ဆာ၊ အ​မျိုး​မျိုး​သော သစ်​ကောင်း​တန်​ဆာ၊ ကြေး​ဝါ​တန်​ဆာ၊ သံ​တန်​ဆာ၊ ကျောက်​ဖြူ တန်​ဆာ၊-

ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပိတ်​ချော၊ အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်၍၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​သော​မြို့​ကြီး၊-

ကြီး​မြင့်​သော​တောင်​သို့ ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ့​ကို ဆောင်​သွား၍ သန့်​ရှင်း​သော ယေ​ရု​ရှ​လင်​မြို့​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​နှင့် ပြည့်​စုံ​လျက်၊ ဘု​ရား​သ​ခင့် အ​ထံ​တော်၊ ကောင်း​ကင်​ဘုံ​မှ ဆင်း​သက်​သည်​ကို ငါ့​အား​ပြ​လေ၏။-

ထို​အ​ခါ ဝိ​ညာဉ်​တော်​ကို ငါ​သည်​ချက်​ချင်း​ခံ​ရ၍၊ ကောင်း​ကင်​ဘုံ၌ ပ​လ္လင်​တစ်​ခု​တည်​လျက်​ရှိ၏။ ပ​လ္လင်​ပေါ်​မှာ ထိုင်​သော​သူ​လည်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ