ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေးဖြစ်၏။ ပင်လယ်၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ၏။-
အသက်ရှူလျက် ကုန်းပေါ်မှာရှိလေသမျှတို့သည် သေကြကုန်၏။
သူတို့ရေများကိုအသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။
ထိုပြည်သားတို့သည် ရေမသောက်ရမည်အကြောင်း၊ သူတို့ မြစ်ရေ၊ စမ်းရေများကို သွေးဖြစ်စေတော်မူ၏။
မျောက်မထားသော မိန်းမနှင့်၊ လူအသက်ကိုသတ်သော မိန်းမတို့ကိုစီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။
ထိုစကားကို အသင့်နှလုံးသွင်းမိသောသူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သော သူတို့သည် ဝင်ကြ၏။-
ဖွင့်ထားသော စာစောင်ငယ်ကို ကိုင်လျက်ရှိ၏။ လက်ယာခြေသည် ပင်လယ်ပေါ်မှာလည်းကောင်း၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာလည်းကောင်း နင်း၍၊-
ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ၌ မိုးမရွာစေခြင်းငှာ၊ မိုးကောင်းကင်ကို ပိတ်ရသောအခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့်၊ မိမိတို့အလိုရှိသမျှသော အခါ၌ ဘေးအမျိုးမျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။
ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲ တစ်ကောင်သည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။-