Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 16:2

Judson Bible

ပ​ထ​မ​သူ​သည် သွား၍ မိ​မိ​ဖ​လား​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော လူ​တို့၌ အ​လွန်​ဆိုး​သော အ​နာ​စိမ်း​ပေါက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သင့်​အူ​သည် တစ်​နေ့​ထက်​တစ်​နေ့​ထွက်​အောင်၊ ဝမ်း​ထဲ၌ ပြင်း​စွာ​သော​အ​နာ​ရော​ဂါ စွဲ​လိမ့်​မည်​ဟု စာ၌​ပါ​သ​တည်း။

နောက်​တစ်​ဖန် မ​ပျောက်​နိုင်​သော​ဝမ်း​နာ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခတ်​တော်​မူ၏။

မိုး​ကောင်း​ကင်၌ အ​ရှေ့​လေ​ကို​ပယ်၍၊ အား​ကြီး​သော တောင်​လေ​ကို​ဆောင်​ခဲ့​သ​ဖြင့်၊

ဘု​ရား​ရှင်​သည် ဇိ​အုန်​သ​တို့​သ​မီး​တို့​ကို ခေါင်း​တုံး​ဖြစ်​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​မှ​အ​ဝတ်​ကို​ပယ်၍ အ​ရှက်​ခွဲ​တော်​မူ​မည်။

မွှေး​သော​အ​နံ့​အ​ရာ၌ ပုပ်​စပ်​သော​အ​နံ့၊ ခါး​စည်း​အ​ရာ၌ ခါး​ကြိုး၊ ကျစ်​သော​ဆံ​ပင်​အ​ရာ၌ ခေါင်း​တုံး​ခြင်း၊ ရင်​စည်း​တန်​ဆာ​အ​ရာ၌ လျှော်​တေ​ကြိုး၊ လှ​သော​အ​ဆင်း​အ​ရာ၌ သံ​ပူ​ထိုး​ချက်​ရာ ဖြစ်​ရ​လိမ့်​မည်။

ထို​မင်း​ကြီး​သည် ဘု​ရား​သ​ခင်၏ ဂုဏ်​အ​သ​ရေ​တော်​ကို မ​ထောက်​ထား​သော​ကြောင့်၊ ထို​ခ​ဏ​ချင်း​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဒဏ်​ခတ်၍၊ ကိုယ်​တွင်း၌ ပိုး​များ​ကိုက်​သ​ဖြင့် အ​နိ​စ္စ​ရောက်​လေ၏။-

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​အ​နာ​စိမ်း၊ မြင်း​သ​ရိုက်​နာ၊ ဝဲ​နာ၊ မ​ပျောက်​နိုင်​သော​ယား​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဒူး​နှင့် ခြေ​ထောက်​မ​က၊ ခြေ​ဖ​ဝါး​မှ​စ၍ ဦး​ခေါင်း​ထိပ်​တိုင်​အောင် မ​ပျောက်​နိုင်​သော​အ​နာ​စိမ်း​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​ဆီ​က​ပယ်​ရှား၍၊ သင်​သိ​သော အဲ​ဂု​တ္တု​ပြည်၏​အ​နာ​ဆိုး​ကို သင်၌​စွဲ​စေ​တော်​မ​မူ။ သင့်​ကို​မုန်း​သော​သူ အ​ပေါင်း​တို့၌ စွဲ​စေ​တော်​မူ​မည်။

ထို​သား​ရဲ​သည် သူ့​အ​ရင်​ဖြစ်​သော ပ​ထ​မ​သား​ရဲ၏ အာ​ဏာ​စက်​ရှိ​သ​မျှ​ကို သုံး​စွဲ၏။ သေ​စေ​သော ဒဏ်​ချက် ပျောက်​ခဲ့​ပြီး​သော ပ​ထ​မ​သား​ရဲ​ကို မြေ​ကြီး​မှ​စ၍ မြေ​ကြီး​သား​တို့​သည် ကိုး​ကွယ်​စေ​ခြင်း​ငှာ ပြု၏။-

မိုး​တိမ်​ပေါ်​မှာ ထိုင်​သော​သူ​သည် မိ​မိ​တံ​စဉ်​ကို မြေ​ကြီး၌​သွင်း၍ မြေ​ကြီး၏​စ​ပါး​ကို ရိတ်​တော်​မူ၏။-

ထို​မှ​တစ်​ပါး၊ တ​တိ​ယ​ကောင်း​ကင်​တ​မန်​က၊ အ​ကြင်​သူ​သည် သား​ရဲ​နှင့် သူ၏​ရုပ်​တု​ကို ကိုး​ကွယ်၍၊ သူ၏​တံ​ဆိပ်​လက်​မှတ်​ကို န​ဖူး၌ ခံ​သည်​ဖြစ်​စေ၊ လက်၌ ခံ​သည်​ဖြစ်​စေ၊-

ဗိ​မာန်​တော်​ထဲ​က ကြီး​သော​အ​သံ​ကား၊ သွား​ကြ​လော့။ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​ကြ​လော့​ဟု ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား ပြော​ဆို​သည်​ကို ငါ​ကြား၏။-

မိ​မိ​တို့​ခံ​ရ​သော ဝေ​ဒ​နာ​နှင့် အ​နာ​စိမ်း​များ​ကြောင့် ကောင်း​ကင်​ဘုံ၏​အ​ရှင် ဘု​ရား​သ​ခင်​ကို ကျိန်​ဆဲ​ကြ၏။ မိ​မိ​တို့​အ​ကျင့်​ကို​လည်း နောင်​တ​မ​ရ​ကြ။

ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-

အာ​ဇုတ်​မြို့​နှင့် မြို့​နယ်၌​နေ​သော​သူ​တို့​အ​ပေါ်​မှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် လေး​သော​လက်​တော်​နှင့် ဖျက်​တော်​မူ၏။ မြင်း​သ​ရိုက်​အ​နာ​နှင့်​လည်း ဒဏ်​ခတ်​တော်​မူ၏။

ထို​မြို့​သို့​ဆောင်​သွား​သော​နောက်၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​သည် ထို​မြို့၌ ကြီး​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို​ပြု၍၊ မြို့​သူ​မြို့​သား အ​ကြီး​အ​ငယ်​တို့​ကို ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ ကိုယ်​အ​တွင်း၌ မြင်း​သ​ရိုက်​အ​နာ​ကို ခံ​ရ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ