Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 14:3

Judson Bible

ပ​လ္လင်​တော်​ရှေ့၌​လည်း​ကောင်း၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ​တို့ ရှေ့၌​လည်း​ကောင်း၊ သူ​တို့​သည် အ​သစ်​သော သီ​ချင်း​ကို ဆို​ကြ၏။ မြေ​ကြီး​မှ​ရွေး​နုတ်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင် မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ ထို​သီ​ချင်း​ကို သင်၍​မ​ရ​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အို​ဘု​ရား​သ​ခင်၊ ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို​ပါ​မည်။ ကြိုး​ဆယ်​ပင်​ရှိ​သော​တူ​ရိ​ယာ​နှင့် ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို၍၊ သန့်​ရှင်း​သူ​တို့ စည်း​ဝေး​ရာ၌ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​တို့​သည် ကိုယ်​တော်​မြတ်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​နှင့် ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

ရှေ့​တော်၌ အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ သာ​ယာ​စွာ တီး​ကြ​လော့။

ထို​သို့ ငါ​တို့​ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​ရာ​သီ​ချင်း​သစ်​ကို ငါ​မြွက်​ဆို​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မူ၏။ လူ​များ​တို့​သည် သိ​မြင်၍ ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​သား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​တော်​မူ​ပြီ။ လက်​ယာ​လက်​တော်​နှင့် သန့်​ရှင်း​သော လက်​ရုံး​တော်​သည် ကိုယ်​တော်​အ​ဖို့ ကယ်​တင်​ခြင်း​အ​မှု​ကို​ပြု​လေ​ပြီ။

ပင်​လယ်​ကို ကူး​သော​သူ​မှ​စ၍၊ ပင်​လယ်၌ ရှိ​သ​မျှ​တို့​နှင့်​တ​ကွ၊ တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​များ၊ ထို​အ​ရပ်၌ နေ​သော​သူ​များ​တို့၊ ထာ​ဝ​ရ​ဘု​ရား​အား အ​သစ်​သော​သီ​ချင်း​ကို ဆို​ကြ​လော့။ မြေ​ကြီး​စွန်း​တို့​မှ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

အ​ကြောင်း​မူ​ကား၊ ဆုံး​ရှုံး​ခြင်း​သို့​ရောက်​သော​သူ​တို့၌ လက်​ဝါး​ကပ်​တိုင်​တော်​တ​ရား​သည် မိုက်​သော​တ​ရား​ဖြစ်၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​ငါ​တို့၌ ထို​တ​ရား​သည် ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​ဖြစ်၏။-

ဇာ​တိ​ပ​က​တိ​လူ​သည် ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​အ​ရာ​တို့​ကို မ​ခံ​မ​ယူ။ ထို​အ​ရာ​တို့​သည် မိုက်​မဲ​သော အ​ရာ​ဖြစ်​သည်​ဟု ထင်​တတ်၏။ ထို​အ​ရာ​တို့​ကို ဝိ​ညာဉ်​အား​ဖြင့်​သာ ပိုင်း​ခြား၍​နား​လည်​နိုင်​သော​ကြောင့်၊ ဇာ​တိ​ပ​က​တိ​လူ​သည် နား​မ​လည်​နိုင်။-

ထို​နောက်​မှ ငါ​ကြည့်​လျှင်၊ သိုး​သ​ငယ်​သည် ဇိ​အုန်​တောင်​ပေါ်​မှာ ရပ်​နေ၏။ သူ၏​နာ​မ​နှင့် ခ​မည်း​တော်၏​နာ​မ​ကို န​ဖူး၌ အ​က္ခ​ရာ​တင်​သော​သူ တစ်​သိန်း​လေး​သောင်း​လေး​ထောင်​လည်း သူ​နှင့်​အ​တူ ရှိ​ကြ၏။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-

ဝိ​ညာဉ်​တော်​သည် အ​သင်း​တော်​တို့​အား အ​ဘယ်​သို့ မိန့်​တော်​မူ​သည်​ကို၊ နား​ရှိ​သော​သူ​မည်​သည်​ကား ကြား​ပါ​စေ။ အ​ကြင်​သူ​သည် အောင်​မြင်၏။ ဝှက်​ထား​သော မ​န္န​ကို​လည်း​ကောင်း၊ ကျောက်​ဖြူ​လက်​ဖွဲ့​ကို​လည်း​ကောင်း၊ ထို​ကျောက်​ပေါ်၌ အ​က္ခ​ရာ​တင်​သော နာ​မ​သစ်​ကို​လည်း​ကောင်း ထို​သူ​အား ငါ​ပေး​မည်။ ထို​ကျောက်​ကို ရ​သော​သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ထို​နာ​မ​ကို မ​သိ​နိုင်​ရာ။

ကိုယ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အ​ထဲ​မှ အ​ကျွန်ုပ်​တို့​ကို​ယူ၍၊ အ​သွေး​တော်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ရွေး​နုတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ၊ ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား၍၊ မြေ​ကြီး​ပေါ်​မှာ စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် စာ​စောင်​ကို​ခံ​ယူ၍ တံ​ဆိပ်​တို့​ကို ဖွင့်​ထိုက်​တော်​မူ၏​ဟု အ​သစ်​သော​သီ​ချင်း​ကို​သီ၍ လျှောက်​ဆို​ကြ၏။-

တံ​ဆိပ်​ခတ်​ခြင်း​ကို​ခံ​ရ​သော​သူ အ​ရေ​အ​တွက်​ကို ငါ​ကြား၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ အ​သီး​အ​သီး​သော အ​မျိုး​အ​နွယ်​ထဲ​က လူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် တို့​သည် တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ