Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 14:2

Judson Bible

သ​မု​ဒ္ဒ​ရာ​ရေ​သံ၊ ကြီး​စွာ​သော မိုး​ကြိုး​သံ​ကဲ့​သို့ ကောင်း​ကင်​က အ​သံ​ကို ငါ​ကြား၏။ ထို​သို့ ငါ​ကြား​သော အ​သံ​သည် စောင်း​သ​မား​များ စောင်း​တီး​သော အ​သံ​ကဲ့​သို့​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် စောင်း၊ တ​ယော၊ ပတ်​သာ၊ နှဲ​ခ​ရာ၊ ခွက်​ကွင်း​တို့​ကို ကိုင်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အား​ထုတ်၍ တီး​မှုတ်​ကြ၏။

စောင်း၊ တ​ယော၊ တံ​ပိုး​ကို တီး​မှုတ်​လျက်၊ ယေ​ရု​ရှ​လင်​မြို့၊ ဗိ​မာန်​တော်​သို့ ရောက်​လာ​ကြ၏။

ဂုဏ်​တော်​ကို​ချီး​မွမ်း​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သီ​ချင်း​ဆို​ကြ​လော့။ စောင်း​တီး၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ထော​မ​နာ​သီ​ချင်း ဆို​ကြ​လော့။

သူ​တို့​သည်​က​ခုန်​လျက် နာ​မ​တော်​ကို ချီး​မွမ်း​ကြ​စေ။ ပတ်​သာ​နှင့်​စောင်း​ကို တီး​လျက် ထော​မ​နာ​သီ​ချင်း ဆို​ကြ​စေ။

စောင်း​တီး၍ ထာ​ဝ​ရ​ဘု​ရား​ကို ချီး​မွမ်း​ကြ​လော့။ ကြိုး​ဆယ်​ပင်​ရှိ​သော တူ​ရိ​ယာ​နှင့် ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။

သို့​ပြု​လျှင် ဘု​ရား​သ​ခင်၏ ယဇ်​ပ​လ္လင်​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ဝမ်း​မြောက်​ရွှင်​လန်း​ရာ ဘု​ရား​သ​ခင်​ထံ​တော်​သို့​လည်း​ကောင်း အ​ကျွန်ုပ်​သည် ရောက်​လာ၍၊ ကိုယ်​တော်​ကို စောင်း​တီး​လျက် ချီး​မွမ်း​ထော​မ​နာ ပြု​ပါ​မည်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ဘု​ရား။

အို​ငါ့​ဝိ​ညာဉ်၊ နိုး​လော့။ တ​ယော​နှင့် စောင်း​တို့ နိုး​ကြ​လော့။ ငါ​လည်း စော​စော​နိုး​မည်။

စောင်း​နှင့်​တ​ကွ ကြိုး​ဆယ်​ပင်​ရှိ​သော တူ​ရိ​ယာ၊ တ​ယော၊ မိ​ကျောင်း​တို့​ကို​တီး၍၊ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို နံ​နက်​အ​ချိန်၊ ည​အ​ချိန် အ​စဉ်​အ​တိုင်း​ပြ​ခြင်း​ငှာ​လည်း​ကောင်း လျောက်​ပတ်​ပေ၏။

ရေ​များ​ဟုန်း​သံ​နှင့်​တ​ကွ သ​မု​ဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​တို့​သည် အား​ကြီး​သည်​ထက်၊ ထာ​ဝ​ရ​ဘု​ရား​သည် မြင့်​သော အ​ရပ်၌​သာ၍ တန်​ခိုး​ကြီး​တော်​မူ၏။

စောင်း​တီး၍ ထာ​ဝ​ရ​ဘု​ရား​အား သီ​ချင်း​ဆို​ကြ​လော့။ စောင်း​တီး၍ တူ​ရိ​ယာ​သံ​ကို ပြု​ကြ​လော့။

သုံး​ရက်​မြောက်​သော​နေ့၊ နံ​နက်​အ​ချိန်၌ တောင်​ပေါ်​မှာ​မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း​နှင့်​တ​ကွ မိုး​တိမ်​တိုက်​လွှမ်း​မိုး၍ ကြီး​သော​အ​သံ​နှင့် တံ​ပိုး​မြည်​သ​ဖြင့်၊ တပ်၌​ရှိ​သော​လူ​အ​ပေါင်း​တို့​သည် တုန်​လှုပ်​ကြ၏။

လူ​အ​ပေါင်း​တို့​သည် မိုး​ချုန်း​ခြင်း၊ လျှပ်​ပြက်​ခြင်း၊ တံ​ပိုး​သံ​မြည်​ခြင်း၊ တောင်​ထဲ​က​မီး​ခိုး​ထွက်​ခြင်း အ​ကြောင်း​အ​ရာ​တို့​ကို မြင်​သော​အ​ခါ၊ ကြောက်​သော​ကြောင့်​ရွှေ့၍ အ​ဝေး၌​ရပ်​နေ​ကြ​၏။

အား​ကြီး​သော​ရေ​တို့​သည် ဟုန်း​သ​ကဲ့​သို့၊ လူ​မျိုး​တို့​သည် ဟုန်း​ကြ​သော်​လည်း၊ ဆုံး​မ​တော်​မူ​သော​ကြောင့်၊ အ​ဝေး​သို့ ပြေး​သွား​ကြ​လိမ့်​မည်။ တောင်​ပေါ်​မှာ လေ​တိုက်၍ လွင့်​သော ဖွဲ​ကဲ့​သို့​လည်း​ကောင်း၊ လေ​ပွေ၌​ပါ​သွား​သော အ​မှိုက်​ကဲ့​သို့​လည်း​ကောင်း၊ သူ​တို့​သည် နှင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင့်​ဘုန်း​တော်​သည် အ​ရှေ့​မျက်​နှာ​မှ​လာ၍၊ အ​သံ​သည် သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။ ရောင်​ခြည်​တော်​အား​ဖြင့် မြေ​တစ်​ပြင်​လုံး လင်း၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အ​ပေါ်​မှာ​ထင်​ရှား​တော်​မူ၍၊ မြား​တော်​သည် လျှပ်​စစ်​ပြက်​သ​ကဲ့​သို့ ပြေး​လိမ့်​မည်။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​သ​ခင်​သည် တံ​ပိုး​မှုတ်၍၊ တောင်​လေ​ပွေ​တို့​နှင့် ကြွ​သွား​တော်​မူ​လိမ့်​မည်။

ငါ​သည် လူ​ဘာ​သာ​စ​ကား​ကို​လည်း​ကောင်း၊ ကောင်း​ကင်​တ​မန် ဘာ​သာ​စ​ကား​ကို​လည်း​ကောင်း ပြော​နိုင်​သော်​လည်း မေ​တ္တာ​မ​ရှိ​လျှင် အ​သံ​မြည်​သော တံ​ပိုး​ခ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ တီး​သံ​ကို​သာ ပေး​တတ်​သော လင်း​ကွင်း​ကဲ့​သို့​လည်း​ကောင်း ဖြစ်၏။-

သ​ခင်​ဘု​ရား​နေ့၌ ဝိ​ညာဉ်​တော်​ကို​ခံ​ရ၍၊ တံ​ပိုး​ခ​ရာ အ​သံ​ကဲ့​သို့ ငါ့​နောက်၌ မြည်​သော​အ​သံ​ကြီး​ကို ကြား၏။-

ခြေ​တော်​သည်​လည်း မီး၌​ချွတ်​ပြီး​သော ကြေး​ဝါ​စစ်​နှင့်​တူ၏။ အ​သံ​တော်​သည်​လည်း သ​မု​ဒ္ဒ​ရာ​သံ​ကဲ့​သို့ ဖြစ်၏။-

ကောင်း​ကင်​က​ထွက်​သော အ​သံ​ကြီး​ကား၊ ဤ​အ​ရပ်​သို့ တက်​ကြ​လော့​ဟု မိ​မိ​တို့​အား ပြော​ဆို​သည်​ကို သူ​တို့​သည်​ကြား​လျှင်၊ မိုး​တိမ်​ဖြင့် ကောင်း​ကင်​သို့ တက်၍ ရန်​သူ​တို့​သည် မြင်​ကြ၏။-

သ​တ္တ​မ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ၌ ကြီး​သော အ​သံ​တို့​ကား၊ လော​ကီ​နိုင်​ငံ​သည် ငါ​တို့​အ​ရှင်၏ နိုင်​ငံ​ဖြစ်​လေ​ပြီ။ ထို​အ​ရှင်၏ ခ​ရစ်​တော်​နိုင်​ငံ ဖြစ်​လေ​ပြီ။ သူ​သည်​လည်း က​မ္ဘာ​အ​ဆက်​ဆက် စိုး​စံ​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။-

မီး​နှင့်​ရော​သော ဖန်​ရေ​ကန်​ကဲ့​သို့ ရှိ​သည်​ကို​လည်း မြင်​ရ၏။ သား​ရဲ​နှင့်​လည်း​ကောင်း၊ သူ၏ ရုပ်​တု​နှင့်​လည်း​ကောင်း၊ သူ၏​နာ​မ အ​ရေ​အ​တွက်​နှင့်​လည်း​ကောင်း၊ လွတ်၍ အောင်​မြင်​သော သူ​တို့​သည်၊ ဘု​ရား​သ​ခင်၏ စောင်း​တော်​တို့​ကို ကိုင်​လျက်၊ ဖန်​ရေ​ကန်​နား​မှာ ရပ်​နေ​ကြ​သည်​ကို မြင်​ရ၏။-

စောင်း​သ​မား၊ အ​ငြိမ့်​သ​မား၊ ပု​လွေ​သ​မား၊ တံ​ပိုး​သ​မား​များ တီး​မှုတ်​သော​အ​သံ​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​မြည်​ရ။ အ​မျိုး​မျိုး​သော လက်​တတ်​သ​မား​တို့​တွင် တစ်​ယောက်​မျှ သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ပေါ်​မ​ရှိ​ရ။ ကြိတ်​ဆုံ​သံ​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​မြည်​ရ။-

ထို​စာ​စောင်​ကို ခံ​ယူ​သော​အ​ခါ၊ သ​တ္တ​ဝါ​လေး​ပါး​နှင့် အ​သက်​ကြီး​သူ နှစ်​ဆယ်​လေး​ပါး​တို့​သည်၊ သန့်​ရှင်း​သူ​တို့၏ ပ​တ္ထ​နာ​တည်း​ဟူ​သော မီး​ရှို့​ရာ နံ့​သာ​ပေါင်း​နှင့်​ပြည့်​သော ရွှေ​ဖ​လား​တို့​ကို​လည်း​ကောင်း၊ စောင်း​တို့​ကို​လည်း​ကောင်း၊ အ​သီး​အ​သီး​ကိုင်၍ သိုး​သ​ငယ်​ရှေ့၌ ပျပ်​ဝပ်​လျက်၊-

သိုး​သ​ငယ်​သည် တံ​ဆိပ်​ခု​နစ်​ချက်​တွင် တစ်​ချက်​ကို​ဖွင့်​သော​အ​ခါ ငါ​ကြည့်​လျှင်၊ မိုး​ကြိုး​သံ မြည်​သ​ကဲ့​သို့၊ သ​တ္တ​ဝါ​လေး​ပါး​တွင် တစ်​ပါး​က၊ လာ၍ ကြည့်​လော့​ဟု ဆို​သည်​ကို ငါ​ကြား၏။-

ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ