Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 12:3

Judson Bible

ကောင်း​ကင်၌ အ​ခြား​သော နိ​မိတ်​လ​က္ခ​ဏာ ပေါ်​လာ​သည်​ကား၊ အ​ဆင်း​နီ​သော န​ဂါး​ကြီး​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ခေါင်း​ပေါ်၌ သ​ရ​ဖူ​ခု​နစ်​ဆူ​ကို ဆောင်း​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ပြေး​တတ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း၊ လိမ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း ခိုင်​ခံ့​ကြီး​မား​သော ဓား​တော်​နှင့် ဒဏ်​ပေး၍၊ ပင်​လယ်၌​ရှိ​သော န​ဂါး​ကို​လည်း သတ်​တော်​မူ​လိမ့်​မည်။

အို ထာ​ဝ​ရ​ဘု​ရား၏​လက်​ရုံး​တော်၊ နိုး​တော်​မူ​ပါ။ နိုး၍ ခွန်​အား​ကို ယူ​တော်​မူ​ပါ။ ရှေး​ကာ​လ​နှင့် လွန်​ဖူး​သော​ကာ​လ၌​ကဲ့​သို့ နိုး​တော်​မူ​ပါ။ ရာ​ခပ်​ကို​ဒဏ်​ခတ်၍ န​ဂါး​ကို နာ​စေ​သော​သူ​ကား၊ ကိုယ်​တော်​ပင် မ​ဟုတ်​လော။

ဦး​ခေါင်း​ကား၊ အ​သက်​ကြီး​သူ​နှင့် အ​သ​ရေ​ရှိ​သူ​တည်း။ အ​မြီး​ကား၊ မု​သား​ကို​ဟော​ပြော​သော ပ​ရော​ဖက်​တည်း။

ရုပ်​တု၏​ခြေ​နှင့် ခြေ​ချောင်း​တို့​သည် သ​ရွတ်​တစ်​ပိုင်း သံ​တစ်​ပိုင်း​ရှိ​သည်​ကို မြင်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း​ကွဲ​ပြား​သော နိုင်​ငံ​ဖြစ်​လိမ့်​မည်။ သို့​သော်​လည်း ဖုတ်​သော​သ​ရွတ်​နှင့် သံ​ရော​နှော​သည်​ကို မြင်​တော်​မူ​သည်​ဖြစ်၍၊ သံ​သည် ခိုင်​မာ​ခြင်း​သ​တ္တိ ရှိ​လိမ့်​မည်။

ခြေ​ချောင်း​တို့​သည် သံ​တစ်​ပိုင်း​သ​ရွတ်​တစ်​ပိုင်း ဖြစ်​သည်​နှင့်​အ​ညီ၊ ထို​နိုင်​ငံ​သည် ခိုင်​မာ​ခြင်း​နှင့်​လည်း​ကောင်း၊ ကျိုး​ပဲ့​ခြင်း​နှင့်​လည်း​ကောင်း ဆက်​ဆံ​လိမ့်​မည်။

သူ၏​ခေါင်း၌​ရှိ​သော ချို​ဆယ်​ချောင်း​ကား၊ အ​ဘယ်​သို့ ဆို​လို​သည်​ကို​လည်း​ကောင်း၊ နောက်​ပေါက်၍ အ​ရင်​ချို သုံး​ချောင်း​ကို​နုတ်၍၊ ကြီး​စွာ​သော​စ​ကား​ကို ပြော​တတ်​သော​နှုတ်​နှင့် မျက်​စိ​ရှိ​သ​ဖြင့်၊ မိ​မိ​အ​ဖော်​တို့​ထက်​သာ၍ ရဲ​ရင့်​သော မျက်​နှာ​အ​ဆင်း​ရှိ​သော ချို​တစ်​ချောင်း​ကား၊ အ​ဘယ်​သို့​ဆို​လို​သည်​ကို​လည်း​ကောင်း သိ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။

ထို​နိုင်​ငံ၌ ပေါက်​သော ချို​ဆယ်​ချောင်း​သည် ပေါ်​လ​တ္တံ့​သော မင်း​ကြီး​ဆယ်​ပါး ဖြစ်၏။ သူ​တို့​နောက် အ​ခြား​သော မင်း​ကြီး ပေါ်​လာ​လိမ့်​မည်။ အ​ရင်​မင်း​ကြီး​ထက် ထူး​ခြား၍ သုံး​ပါး​တို့​ကို နှိမ့်​ချ​လိမ့်​မည်။

ကောင်း​ကင်၌ ကြီး​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ ဟူ​မူ​ကား၊ မိန်း​မ​တစ်​ဦး​သည် နေ​ကို​ဝတ်​လျက်၊ လ​ကို ခြေ​ဖြင့်​နင်း​လျက်၊ မိ​မိ​ခေါင်း​ပေါ်၌ ကြယ်​ဆယ်​နှစ်​လုံး​ဖြင့်​ပြီး​သော သ​ရ​ဖူ​ကို ဆောင်း​လျက်​ပေါ်​လာ၏။-

ထို​န​ဂါး​သည် မြေ​ကြီး​သို့ ကိုယ်​ကျ​သည်​ကို သိ​မြင်​လေ​သော်၊ သား​ယောက်ျား​ကို ဖွား​မြင်​သော မိန်း​မ​ကို ညှဉ်း​ဆဲ၏။-

န​ဂါး​သည် မိန်း​မ​ကို အ​ငြိုး​ထား၏။ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​တို့​ကို ကျင့်၍ ယေ​ရှု၏ သက်​သေ​ခံ​တော်​မူ​ချက်​ကို စွဲ​လမ်း​သော​သူ​တည်း​ဟူ​သော ထို​မိန်း​မ၌ ကြွင်း​သော အ​မျိုး​အ​နွယ်​ကို စစ်​တိုက်​ခြင်း​ငှာ သွား၏။-

သူ၏​အ​မြီး​သည် ကောင်း​ကင်​ကြယ် သုံး​စု​တစ်​စု​ကို ဆွဲ​ငင်၍ မြေ​ကြီး​သို့​ချ​လိုက်​လေ၏။ သား​ကို​ဖွား​လု​သော မိန်း​မ​သည် ဖွား​သော​အ​ခါ၊ န​ဂါး​သည် ထို​သား​ကို ကိုက်​စား​မည့်​အ​ကြံ​နှင့် မိန်း​မ​ရှေ့၌​ရပ်​နေ၏။-

ကောင်း​ကင်၌ စစ်​ဖြစ်၏။ မိ​က္ခေ​လ​နှင့် သူ၏ ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​ကို စစ်​တိုက်​ကြ၏။ န​ဂါး​နှင့် သူ၏​တ​မန်​တို့​သည် စစ်​တိုက်၍ မ​နိုင်​ကြ။ ကောင်း​ကင်၌​လည်း သူ​တို့​နေ​စ​ရာ​မ​ရှိ။-

ပင်​လယ်​နား၌ သဲ​ပေါ်​မှာ ငါ​ရပ်၍၊ သား​ရဲ တစ်​ကောင်​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ချို​ပေါ်၌ သ​ရ​ဖူ​ဆယ်​ဆူ​ကို ဆောင်း​လျက်၊ ခေါင်း​ပေါ်၌​လည်း ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​ရှိ​လျက်၊ ပင်​လယ်​ထဲ​က​တက်​သည်​ကို မြင်၏။-

ထို​သို့ ငါ​မြင်​သော​သား​ရဲ​သည် ကျား​သစ်​နှင့် တူ၏။ သူ၏​ခြေ​သည် ဝံ​ခြေ​ကဲ့​သို့​ဖြစ်၏။ သူ၏​နှုတ်​သည်​လည်း ခြင်္သေ့​နှုတ်​ကဲ့​သို့​ဖြစ်၏။ န​ဂါး​သည် မိ​မိ​တန်​ခိုး​နှင့် မိ​မိ​ပ​လ္လင်​ကို​လည်း​ကောင်း၊ ကြီး​စွာ​သော အာ​ဏာ​စက်​ကို​လည်း​ကောင်း သား​ရဲ၌ အပ်​ပေး၏။-

ထို​သား​ရဲ၌ အာ​ဏာ​စက်​ကို အပ်​ပေး​သော န​ဂါး​ကို ကိုး​ကွယ်​ကြ၏။ သား​ရဲ​ကို​လည်း ကိုး​ကွယ်၍၊ အ​ဘယ်​သူ​သည် သား​ရဲ​နှင့်​တူ​သ​နည်း။ အ​ဘယ်​သူ​သည် သူ့​ကို​စစ်​ပြိုင်​နိုင်​သ​နည်း​ဟု ပြော​ဆို​ကြ၏။-

တစ်​ဖန်​တုံ၊ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ကို ပြီး​စီး​စေ​သော နောက်​ဆုံး​ဘေး​ဒဏ် ခု​နစ်​ပါး​ရှိ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး တည်း​ဟူ​သော၊ ကောင်း​ကင်၌ အံ့​ဖွယ်​သော​နိ​မိတ်​ကြီး အ​ခြား​တစ်​ပါး​ကို ငါ​မြင်​ရ၏။-

ထို​အ​ခါ၊ န​ဂါး၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ သား​ရဲ၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ မိ​စ္ဆာ​ပ​ရော​ဖက်၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ ဖား​ကောင်​ကဲ့​သို့ ညစ်​ညူး​သော ဝိ​ညာဉ်​သုံး​ပါး​ထွက်​သည်​ကို ငါ​မြင်၏။-

ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​ကား၊ မင်း​အာ​ဏာ​စက်​ကို မ​ရ​သေး​သော ရှင်​ဘု​ရင်​ဆယ်​ပါး ဖြစ်၏။ ရှင်​ဘု​ရင်၏ အာ​ဏာ​စက်​ကို သား​ရဲ​နှင့်​အ​တူ တစ်​ချက်​တည်း ရ​ကြ​လိမ့်​မည်။-

ယ​ခု​မြင်​သော ချို​ဆယ်​ချောင်း​နှင့် သား​ရဲ​သည် ပြည့်​တန်​ဆာ​ကို မုန်း၍ သူ၏​စည်း​စိမ်​ကို ဖျက်​ဆီး​လိမ့်​မည်။ သူ၏​အ​ဝတ်​တန်​ဆာ​ကို ချွတ်၍ သူ၏​အ​သား​ကို ကိုက်​စား​လိမ့်​မည်။-

ကောင်း​ကင်​တ​မန်​က​လည်း၊ အ​ဘယ်​ကြောင့် အံ့​ဩ​သ​နည်း။ ထို​မိန်း​မ၏ နက်​နဲ​သော အ​ရာ​ကို​လည်း​ကောင်း၊ ခေါင်း​ခု​နစ်​လုံး​နှင့် ချို​ဆယ်​ချောင်း​ရှိ၍ ထို​မိန်း​မ​ကို ဆောင်​သော သား​ရဲ၏ နက်​နဲ​သော​အ​ရာ​ကို​လည်း​ကောင်း၊ ငါ​ပြော​မည်။-

မျက်​စိ​တော်​သည် မီး​လျှံ​ကဲ့​သို့​ဖြစ်၏။ ခေါင်း​တော်​ပေါ်၌ သ​ရ​ဖူ​များ​ကို ဆောင်း၏။ ကိုယ်​တိုင်​မှ​တစ်​ပါး၊ အ​ဘယ်​သူ​မျှ​မ​သိ​သော နာ​မ​တော်​သည် ရေး​ထား​လျက် ရှိ၏။-

ရှေး​မြွေ​ဟောင်း၊ မာရ်​နတ်​စာ​တန်​တည်း​ဟူ​သော န​ဂါး​ကို ကိုင်​ဖမ်း၍၊ အ​နှစ်​တစ်​ထောင်​ဖို့ ချည်​နှောင်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ