Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဗျာ​ဒိတ် 12:4

Judson Bible

သူ၏​အ​မြီး​သည် ကောင်း​ကင်​ကြယ် သုံး​စု​တစ်​စု​ကို ဆွဲ​ငင်၍ မြေ​ကြီး​သို့​ချ​လိုက်​လေ၏။ သား​ကို​ဖွား​လု​သော မိန်း​မ​သည် ဖွား​သော​အ​ခါ၊ န​ဂါး​သည် ထို​သား​ကို ကိုက်​စား​မည့်​အ​ကြံ​နှင့် မိန်း​မ​ရှေ့၌​ရပ်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် ဟေ​ဗြဲ​မိန်း​မ​တို့​အား​ဝမ်း​ဆွဲ​လုပ်၍ မွေး​ရာ​အ​ရပ်၌ စောင့်​နေ​သော​အ​ခါ၊ ယောက်ျား​ဖြစ်​လျှင် သေ​စေ၊ မိန်း​မ​ဖြစ်​လျှင် အ​သက်​ရှင်​စေ​ဟု အ​မိန့်​တော်​ရှိ​၏။

ထို​ကာ​လ၌ ထာ​ဝ​ရ​ဘု​ရား​သည် ပြေး​တတ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း၊ လိမ်​သော မြွေ​လ​ဝိ​သန်​ကို​လည်း​ကောင်း ခိုင်​ခံ့​ကြီး​မား​သော ဓား​တော်​နှင့် ဒဏ်​ပေး၍၊ ပင်​လယ်၌​ရှိ​သော န​ဂါး​ကို​လည်း သတ်​တော်​မူ​လိမ့်​မည်။

သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-

သ​မ္မာ​သ​တိ​ရှိ​လျက် မ​အိပ်​ဘဲ​စောင့်​နေ​ကြ​လော့။ သင်​တို့၏ ရန်​သူ​တည်း​ဟူ​သော မာရ်​နတ်​သည်၊ ဟောက်​သော​ခြင်္သေ့​ကဲ့​သို့ အ​ဘယ်​သူ​ကို မျို​ရ​မည်​နည်း​ဟူ၍ လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ၏။-

ကောင်း​ကင်၌ စစ်​ဖြစ်၏။ မိ​က္ခေ​လ​နှင့် သူ၏ ကောင်း​ကင်​တ​မန်​တို့​သည် န​ဂါး​ကို စစ်​တိုက်​ကြ၏။ န​ဂါး​နှင့် သူ၏​တ​မန်​တို့​သည် စစ်​တိုက်၍ မ​နိုင်​ကြ။ ကောင်း​ကင်၌​လည်း သူ​တို့​နေ​စ​ရာ​မ​ရှိ။-

ထို​သို့ ငါ​မြင်​သော​သား​ရဲ​သည် ကျား​သစ်​နှင့် တူ၏။ သူ၏​ခြေ​သည် ဝံ​ခြေ​ကဲ့​သို့​ဖြစ်၏။ သူ၏​နှုတ်​သည်​လည်း ခြင်္သေ့​နှုတ်​ကဲ့​သို့​ဖြစ်၏။ န​ဂါး​သည် မိ​မိ​တန်​ခိုး​နှင့် မိ​မိ​ပ​လ္လင်​ကို​လည်း​ကောင်း၊ ကြီး​စွာ​သော အာ​ဏာ​စက်​ကို​လည်း​ကောင်း သား​ရဲ၌ အပ်​ပေး၏။-

ထို​သား​ရဲ၌ အာ​ဏာ​စက်​ကို အပ်​ပေး​သော န​ဂါး​ကို ကိုး​ကွယ်​ကြ၏။ သား​ရဲ​ကို​လည်း ကိုး​ကွယ်၍၊ အ​ဘယ်​သူ​သည် သား​ရဲ​နှင့်​တူ​သ​နည်း။ အ​ဘယ်​သူ​သည် သူ့​ကို​စစ်​ပြိုင်​နိုင်​သ​နည်း​ဟု ပြော​ဆို​ကြ၏။-

ထို​အ​ခါ၊ န​ဂါး၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ သား​ရဲ၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ မိ​စ္ဆာ​ပ​ရော​ဖက်၏ ခံ​တွင်း​ထဲ​က​လည်း​ကောင်း၊ ဖား​ကောင်​ကဲ့​သို့ ညစ်​ညူး​သော ဝိ​ညာဉ်​သုံး​ပါး​ထွက်​သည်​ကို ငါ​မြင်၏။-

ယ​ခု​မြင်​သော မိန်း​မ​သည်​လည်း၊ လော​ကီ​ရှင်​ဘု​ရင်​တို့​ကို အုပ်​စိုး​သော မြို့​ကြီး​ဖြစ်​သ​တည်း​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။

ရှေး​မြွေ​ဟောင်း၊ မာရ်​နတ်​စာ​တန်​တည်း​ဟူ​သော န​ဂါး​ကို ကိုင်​ဖမ်း၍၊ အ​နှစ်​တစ်​ထောင်​ဖို့ ချည်​နှောင်​လေ၏။-

တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ မီး​ခွက်​ကဲ့​သို့ ထွန်း​တောက်​သော ကြယ်​ကြီး​သည် ကောင်း​ကင်​က​ကျ၍၊ မြစ်​သုံး​စု​တစ်​စု​သို့​လည်း​ကောင်း၊ စမ်း​ရေ​တွင်း​သို့​လည်း​ကောင်း ရောက်၏။-

ထို​ကြယ်​သည် ဒေါ​န​ရွက်​ဟူ​သော​အ​မည် ရှိ၏။ ရေ​သုံး​စု​တစ်​စု​သည် ဒေါ​န​ရွက်​ဖြစ်၍ ရေ​ခါး​သော​ကြောင့်၊ လူ​အ​များ​တို့​သည် သေ​ကြ၏။-

စ​တု​တ္ထ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ နေ​သုံး​စု​တစ်​စု၊ လ​သုံး​စု​တစ်​စု၊ ကြယ်​သုံး​စု​တစ်​စု​ကြတ်၍ သုံး​စု​တစ်​စု မိုက်​လေ၏။ နေ့​သုံး​စု​တစ်​စု၊ ည​သုံး​စု​တစ်​စု​သည် အ​လင်း​မ​ရှိ၊-

ပ​ထ​မ​သူ​သည် တံ​ပိုး​မှုတ်​သော​အ​ခါ မိုး​သီး​ဖြစ်၏။ အ​သွေး​နှင့် ရော​နှော​သော​မီး​လည်း ဖြစ်၏။ မြေ​ကြီး​အ​ပေါ်​သို့ ချ​လိုက်၍၊ မြေ​သုံး​စု​တစ်​စု၊ သစ်​ပင်​သုံး​စု​တစ်​စု၊ စိမ်း​သော မြက်​ပင်​ရှိ​သ​မျှ​တို့​ကို ကျွမ်း​လောင်​လေ၏။-

ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် တံ​ပိုး​မှုတ်​သော​အ​ခါ၊ မီး​လောင်​သော တောင်​ကြီး​ကို ပင်​လယ်​ထဲ​သို့ ချ​လိုက်​သ​ကဲ့​သို့ ဖြစ်၍၊ ပင်​လယ်​သုံး​စု​တစ်​စု​သည် အ​သွေး​ဖြစ်၏။-

ပင်​လယ်၌ အ​သက်​ရှင်​သော သ​တ္တ​ဝါ​သုံး​စု​တစ်​စု​လည်း သေ၏။ သင်္ဘော​သုံး​စု​တစ်​စု​လည်း ပျက်၏။-

အ​မြီး​သည် ကင်း​မြီး​ကောက်​နှင့် တူ၏။ အ​မြီး၌​လည်း ဆူး​ရှိ၏။ လူ​တို့​ကို ငါး​လ​ပတ်​လုံး ညှဉ်း​ဆဲ​ရ​သော အ​ခွင့်​တန်​ခိုး​ရှိ၏။-

အ​ကြောင်း​မူ​ကား၊ သူ​တို့​တန်​ခိုး​သည် ခံ​တွင်း၌​လည်း​ကောင်း၊ အ​မြီး၌​လည်း​ကောင်း တည်၏။ အ​မြီး​သည် ခေါင်း​နှင့်​ပြည့်​စုံ၍ မြွေ​နှင့်​တူ၏။ အ​မြီး​အား​ဖြင့် ညှဥ်း​ဆဲ​တတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ