ငါ၏ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ သို့သော်လည်း ငါ၏လက်ယာဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသောအခွင့်ကိုကား အကြင်သူတို့ အဖို့အလို့ငှာ ငါ့ခမည်းတော်သည် ပြင်ဆင်၏။ ထိုသူတို့အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏။