Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဗျာ​ဒိတ် 1:8

Judson Bible

ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်​၏​ဟု အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင် မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

29 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ အာ​ဗြံ​သည် အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား​တော်​မူ၍၊ ငါ​သည် အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ့​ရှေ့​မှာ​သွား​လာ၍ စုံ​လင်​ခြင်း​ရှိ​လော့။

အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍​တိုး​ပွား​စေ​သ​ဖြင့်၊ သင်​သည် အ​မျိုး​ကြီး​ဖြစ်​မည်​အ​ကြောင်း​နှင့် များ​ပြား​စေ​တော်​မူ​စေ​သ​တည်း။

တစ်​ဖန်​ဘု​ရား​သ​ခင်​က၊ ငါ​သည်​အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင် ဖြစ်၏။ တိုး​ပွား​များ​ပြား​လော့။ လူ​တစ်​မျိုး​မ​က၊ အ​မျိုး​မျိုး​တို့​သည် သင်၌​ဖြစ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​တို့​သည် သင်၏​အ​မျိုး​အ​နွယ်၌ ဖြစ်​ကြ​လိမ့်​မည်။

ထို​သူ​သည် သင်​တို့​အစ်​ကို​တစ်​ယောက်​နှင့် ဗင်္ယာ​မိန်​ကို လွှတ်​လိုက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သူ့​စိတ်​နှင့်​တွေ့​ရ​သော​အ​ခွင့်​ကို အ​န​န္တ​တန်​ခိုး​ရှင် ဘု​ရား​သ​ခင်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ငါ​သည် သား​ဆုံး​ခြင်း​ကို​ခံ​ရ​လျှင် ခံ​ရ​တော့​မည်​ဟု သား​တို့​အား​ဆို​သည်​အ​တိုင်း၊

ထို​အ​ခါ​ယာ​ကုပ်​က၊ အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည်၊ ခါ​နာန်​ပြည်​လု​ဇ​မြို့၌ ငါ့​အား​ထင်​ရှား၍​ကောင်း​ချီး​ပေး​တော်​မူ​လျက်၊

သင့်​ကို​မ​စ​တော်​မူ​သော သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​သော အ​န​န္တ​တန်​ခိုး​ရှင်​အား​ဖြင့်​လည်း​ကောင်း ခိုင်​မာ​လျက်​ရှိ၏။ ထို​ဘု​ရား​သည် အ​ထက်​မိုး​ကောင်း​ကင်၏​မင်္ဂ​လာ၊ အောက်​နက်​နဲ​သော​အ​ရပ်၏​မင်္ဂ​လာ၊ သား​မြတ်​နှင့်​ဆိုင်​သော​မင်္ဂ​လာ၊ ဝမ်း​နှင့်​ဆိုင်​သော​မင်္ဂ​လာ​တို့​ဖြင့် သင့်​ကို​ကောင်​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

ဘု​ရား​သ​ခင်​က​လည်း၊ ငါ​ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်၏​ဟူ၍​လည်း​ကောင်း၊ ငါ​ဖြစ်​သည်​ဟု အ​မည်​ရှိ​သော​သူ​သည်၊ ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ပြော​လော့​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။

ငါ​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား၊ အ​န​န္တ​တန်​ခိုး​ရှင်၊ ဘု​ရား​သ​ခင်​နာ​မ​နှင့် ထင်​ရှား​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​နာ​မ​အား​ဖြင့် သူ​တို့​သည် ငါ့​ကို​မ​သိ​ကြ။

ထို​အ​မှု​များ​ကို စီ​ရင်​ဖန်​ဆင်း​လျက်၊ ရှေ့​ဦး​စွာ​မှ​စ၍ လူ​မျိုး​အ​စဉ်​အ​ဆက်​တို့​ကို ခေါ်​သော​သူ​သည် အ​ဘယ်​သူ​နည်း​ဟူ​မူ​ကား၊ အ​ဦး​ဆုံး​သော​သူ​ဖြစ်၍၊ နောက်​ဆုံး​သော သူ​တို့​နှင့်​ရှိ​သော ငါ​ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည်၊ ငါ့​ကို​သိ​မှတ်​ယုံ​ကြည်၍၊ ငါ​သည် မှန်​ပြီ​ဟု နား​လည်​မည်​အ​ကြောင်း၊ ငါ၏​သက်​သေ၊ ငါ​ရွေး​ကောက်​သော​ကျွန် ဖြစ်​ကြ၏။ ငါ့​ရှေ့​မှာ ဖန်​ဆင်း​ရာ​ထဲ​က အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ဖြစ်၊ ငါ့​နောက်​မှာ​လည်း၊ အ​ဘယ်​ဘု​ရား​သ​ခင်​မျှ မ​ရှိ​ရာ။

ဣ​သ​ရေ​လ​အ​မျိုး၏ ရှင်​ဘု​ရင် ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ရွေး​နုတ်​သော၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ ငါ​မှ​တစ်​ပါး အ​ခြား​သော ဘု​ရား​သ​ခင်​မ​ရှိ။

အို ယာ​ကုပ်၊ ငါ​ခေါ်​သော ဣ​သ​ရေ​လ၊ ငါ့​စ​ကား​ကို နား​ထောင်​လော့။ ငါ​သည် ဘု​ရား​ဖြစ်၏။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။

အ​ကြောင်း​မူ​ကား၊ ငါ​တို့​အ​ဖို့ သူ​ငယ်​ကို​ဖွား​မြင်၏။ ငါ​တို့​အား သား​ကို​သ​နား​တော်​မူ၏။ ထို​သူ​သည် အုပ်​စိုး​ခြင်း​အာ​ဏာ​စက်​ရှိ​လိမ့်​မည်။ နာ​မ​တော်​မူကား အံ့​ဩ​ဖွယ်၊ တိုင်​ပင်​ဘက်၊ တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​အ​ဘ၊ ငြိမ်​သက်​ခြင်း​အ​ရှင်​ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို ခံ​တော်​မူ​လိမ့်​မည်။

ဘ​ဝင်​ဖြစ်၍ မျက်​စိ​ပွင့်​လျက် အ​န​န္တ​တန်​ခိုး​ရှင်၏ ရူ​ပါ​ရုံ​ကို​မြင်၍၊ ဘု​ရား​သ​ခင်၏​အ​မိန့်​တော်​ကို ကြား​သော​သူ၏​စ​ကား​ဟူ​မူ​ကား၊

သင်​တို့၏​အ​ဘ ဖြစ်​မည်။ သင်​တို့​သည်​လည်း ငါ၏​သား​သ​မီး ဖြစ်​ကြ​လိမ့်​မည်​ဟု အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​သော​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြည်​သော​အ​ချက်​ဟူ​မူ​ကား၊ သင်​သည် မြင်​သော​အ​ရာ​ကို စာ​စောင်၌​ရေး​ထား၍၊ ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ​ဒေ​လ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ထံ​သို့ ပေး​လိုက်​လော့​ဟု ဆို​သ​တည်း။

ထို​သူ​ကို​ငါ​မြင်​သော​အ​ခါ၊ သေ​မ​တတ်​ဖြစ်၍ ခြေ​တော်​ရင်း၌ လဲ​လျက်​နေ၏။ ထို​သူ​သည် လက်​ယာလက်​တော်​ကို ငါ့​အ​ပေါ်​သို့ တင်​လျက်၊ ကြောက်​ရွံ့​ခြင်း​မ​ရှိ​နှင့်။ ငါ​သည် အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။-

ငါ​ယော​ဟန်​သည် အာ​ရှိ​ပြည်၌​ရှိ​သော အ​သင်း​တော်​ခု​နစ်​ပါး​ကို ကြား​လိုက်​ပါ၏။ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ဘု​ရား​သ​ခင့်​အ​ထံ​တော်​က​လည်း​ကောင်း၊ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ဝိ​ညာဉ်​ခု​နှစ်​ပါး အ​ထံ​က​လည်း​ကောင်း၊-

အ​န​န္တ​တန်​ခိုး​နှင့်​ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ မ​ဟာ​တန်​ခိုး​တော်​ကို ယူ​ဆောင်၍ စိုး​စံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို အ​ကျွန်ုပ်​တို့​သည် ချီး​မွမ်း​ပါ၏။-

ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျွန်​မော​ရှေ၏ သီ​ချင်း​နှင့် သိုး​သ​ငယ်၏​သီ​ချင်း​ကို သီ၍၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်၏ အ​ပြု​အ​မူ​တို့​သည် ကောင်း​မြတ်၍ အံ့​ဩ​ဖွယ်​ဖြစ်​ကြ​ပါ၏။ လူ​မျိုး​တို့၏​ဘု​ရင်၊ ကိုယ်​တော်၏ အ​ကျင့်​ဓ​လေ့​တို့​သည် ဖြောင့်​မတ်​ဟုတ်​မှန်​ကြ​ပါ၏။-

နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို​ပြ​သော နတ်​ဆိုး၏​ဝိ​ညာဉ် ဖြစ်​သ​တည်း။ ထို​ဝိ​ညာဉ်​တို့​သည် လော​ကီ​တစ်​နိုင်​ငံ လုံး​တွင်​ရှိ​သော ရှင်​ဘု​ရင်​တို့​ထံ​သို့ ထွက်​သွား၍ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ဘု​ရား​သ​ခင်၏ နေ့​ကြီး၌ စစ်​တိုက်​ခြင်း​အ​လို​ငှာ စု​ဝေး​စေ​ကြ၏။-

ယဇ်​ပ​လ္လင်​က​လည်း၊ မှန်​ပါ၏။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​ခြင်း အ​ရာ​တို့​သည် ဟုတ်​မှန်​ဖြောင့်​မတ် ကြ​ပါ၏​ဟု လျှောက်​ဆို​သော​အ​သံ​ကို ငါ​ကြား၏။

လူ​မျိုး​တို့​ကို ဒဏ်​ခတ်​စ​ရာ​ဖို့၊ ထက်​သော သန်​လျက်​သည် ခံ​တွင်း​တော်​ထဲ​က ထွက်၏။ သူ​တို့​ကို သံ​လှံ​တံ​နှင့် အုပ်​စိုး​တော်​မူ​မည်။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော် မူ​သော ဘု​ရား​သ​ခင်၏ ဒေါ​သ​အ​မျက်​တော်၏ စ​ပျစ်​သီး​နယ်​ရာ တန်​ဆာ​ကို ဖိ​နင်း​တော်​မူ​မည်။-

တစ်​ဖန်​တုံ၊ ဟာ​လေ​လု​ယ။ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် စိုး​စံ​တော်​မူ၏။-

စ​မု​ရ​န​မြို့၌​ရှိ​သော အ​သင်း​တော်၏ တ​မန်​ကို ဤ​သို့​ရေး၍ မှာ​လိုက်​လော့။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော သူ​တည်း​ဟူ​သော၊ အ​ရင်​သေ၍ အ​သက်​ရှင်​လျက်​ရှိ​သော သူ၏ အ​မိန့်​တော်​ကား၊-

မြို့​ထဲ၌ ဗိ​မာန်​တော်​ကို​ငါ​မ​မြင်၊ အ​ကြောင်း​မူ​ကား၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​နှင့် သိုး​သ​ငယ်​သည် ထို​မြို့၏ ဗိ​မာန်​ဖြစ်​တော်​မူ၏။-

အ​မှု​ပြီး​ပြီ။ ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။ ရေ​ငတ်​သော​သူ​အား အ​သက်​စမ်း​ရေ​ကို အ​ဖိုး​မ​ယူ​ဘဲ ငါ​ပေး​မည်။-

ငါ​သည် အာ​လ​ဖ​ဖြစ်၏။ ဩ​မေ​ဃ​လည်း​ဖြစ်၏။ အ​ဦး​ဆုံး​သော​သူ၊ နောက်​ဆုံး​သော​သူ ဖြစ်၏။ အ​စ​နှင့်​အ​ဆုံး​လည်း ဖြစ်၏။-

ထို​သ​တ္တ​ဝါ​လေး​ပါး​တို့၏ ကိုယ်​ပတ်​ဝန်း​ကျင်၌၊ တစ်​ပါး​တစ်​ပါး​လျှင် အ​တောင်​ခြောက်​ခု​စီ​ရှိ၍၊ အ​တွင်း၌ မျက်​စိ​နှင့်​ပြည့်​ကြ၏။ သူ​တို့​က​လည်း၊ အ​န​န္တ​တန်​ခိုး​နှင့် ပြည့်​စုံ၍၊ ပ​စ္စု​ပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏၊ သန့်​ရှင်း​တော်​မူ၏​ဟု နေ့​ည​မ​ပြတ် ငြိမ်၍​မ​နေ​ဘဲ ပြော​ဆို​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ