Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 1:7

Judson Bible

ရှိ​သ​မျှ​သော​သင်​တို့၏ အ​မှု​အ​ရာ၌ ဤ​သို့ ငါ​ယူ​အပ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​ခံ​ရ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အ​ပေါင်း​သည် ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ငါ​သည် အ​ကျဉ်း​ခံ​ရ​သော်​လည်း​ကောင်း၊ ဧ​ဝံ​ဂ​လိ​တ​ရား​ဘက်၌ သက်​သေ​ခံ၍ ထို​တ​ရား​ကို တည်​စေ​သော်​လည်း​ကောင်း၊ သင်​တို့​ကို အောက်​မေ့၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း ချည်​နှောင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​အ​မှု​တို့​သည် ငါ့​ကို​ဆိုင်း​လင့်​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ခပ်​သိမ်း​သော​မြို့​တို့၌ ငါ့​အား သက်​သေ​ခံ​တော်​မူ၏။-

ထို​အ​ခါ စစ်​သူ​ကြီး​သည်​အ​နီး​သို့​ရောက်၍ ပေါ​လု​ကို​ကိုင်​ယူ​ပြီး​လျှင်၊ သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​ချေ​ဟု​စီ​ရင်၍၊ ဤ​သူ​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း​ဟု မေး​စစ်​လေ၏။-

ခပ်​သိမ်း​သော​အ​ရာ​ကို ဖုံး​အုပ်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို ယုံ​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို မျှော်​လ​င့်​တတ်၏။ ခပ်​သိမ်း​သော​အ​ရာ​ကို သည်း​ခံ​တတ်၏။-

သင်​တို့​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဆက်​ဆံ​ခြင်း​အ​လို​ငှာ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ထို​သို့​ငါ​ပြု​လေ့​ရှိ၏။

သင်​တို့​သည် ငါ​တို့​စိတ်​နှ​လုံး​ပေါ်၌ ရေး​ထား​သော​စာ၊ လူ​အ​ပေါင်း​တို့​သိ၍ ဖတ်​တတ်​သော ငါ​တို့​စာ​ပင် ဖြစ်​ကြ​သ​တည်း။-

သင်​တို့​ကို အ​ပြစ်​တင်၍ ဤ​သို့​ငါ​ဆို​သည်​မ​ဟုတ်။ သင်​တို့​နှင့်​အ​တူ အ​သက်​ရှင်​ခြင်း​ငှာ​လည်း​ကောင်း၊ သေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​ရှိ​သည်​တိုင်​အောင်၊ ငါ​တို့​သည် သင်​တို့​ကို​ချစ်​ကြ၏​ဟု အ​ထက်​က​ငါ​ပြော​ခဲ့​ပြီ။-

ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ၊ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ မေ​တ္တာ​အား​ဖြင့် ပြု​ပြင်​တတ်​သော ယုံ​ကြည်​ခြင်း​သာ အ​ကျိုး​ရှိ၏။-

ထို​အ​ကြောင်း​ကြောင့် ငါ​ပေါ​လု​သည် ယေ​ရှု​ခ​ရစ်​နှင့်​စပ်​ဆိုင်​သော​အား​ဖြင့် အ​ကျဉ်း​ခံ​ရ၏။-

ခေါ်​တော်​မူ​ခြင်း​ကျေး​ဇူး​တော်​ကို သင်​တို့​သည် ခံ​ရ​သည်​နှင့် အ​ထိုက်​အ​လျောက် ကျင့်​ဆောင်​မည် အ​ကြောင်း၊ သ​ခင်​ဘု​ရား​အ​တွက်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော ငါ​သည် သင်​တို့​ကို တိုက်​တွန်း​နှိုး​ဆော်​ပါ၏။-

ညီ​အစ်​ကို​တို့၊ ငါ၌​ရောက်​သော အ​မှု​အ​ရာ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မ​မြစ်​တား​သည်​သာ​မ​က၊ ပြု​စု​ရာ​ဖြစ်​သည်​ဟု သင်​တို့ သိ​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။-

ထို​သို့​သော​အား​ဖြင့် ခ​ရစ်​တော်​ကြောင့် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​အ​မှု​အ​ရာ​သည်၊ နန်း​တော်၌ အ​နှံ့​အ​ပြား​ထင်​ရှား​သည်​သာ​မ​က၊ ခပ်​သိမ်း​သော​အ​ရပ်၌ ထင်​ရှား၏။-

သ​ခင်​ဘု​ရား၌ ညီ​အစ်​ကို​အ​များ​တို့​သည် ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကြောင့် ယုံ​မှား​သော​စိတ်​နှင့် ကင်း​လွတ်၍ ကြောက်​ရွံ့​ခြင်း မ​ရှိ​ဘဲ၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို သာ၍ ဟော​ပြော​ဝံ့​ကြ၏။-

သို့​သော်​လည်း သား​သည်​အ​ဘ​နှင့်​အ​တူ ဆောင်​ရွက်​သ​ကဲ့​သို့၊ သူ​သည်​ငါ​နှင့်​အ​တူ ဧ​ဝံ​ဂေ​လိ​တ​ရား​အ​မှု​ကို အ​မှန်​ဆောင်​ရွက်​သည်​ဟု သူ​ပြ​သော​သက်​သေ​ကို သင်​တို့ သိ​ကြ၏။-

သို့​သော်​လည်း ဆင်း​ရဲ​ဒု​က္ခ​ကို​ငါ ခံ​ရ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ​နှင့်​ဆက်​ဆံ​သော​အား​ဖြင့် ကောင်း​မွန်​စွာ ပြု​ကြ​ပြီ။-

အ​ချင်း​ဖိ​လိ​ပ္ပိ​မြို့​သား​တို့၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စ​ပြု၍၊ မာ​ကေ​ဒေါ​နိ​ပြည်​မှ ငါ​ထွက်​ဆဲ​ရှိ​သော​အ​ခါ အ​လှူ​လှူ​ခြင်း၊ အ​လှူ​ခံ​ခြင်း​အ​မှု၌၊ သင်​တို့​မှ​တစ်​ပါး အ​ဘယ်​အ​သင်း​တော်​မျှ ငါ​နှင့်​မ​ဆက်​ဆံ​ကြ။-

အ​ချင်း ငါ့​လုပ်​ဖော်​ဆောင်​ဖက်​စစ်၊ သင့်ကို​လည်း ငါ​တောင်း​ပန်၏။ ငါ​နှင့် က​လေ​မင်​မှ​စ၍ အ​သက်​စာ​ရင်း​ဝင်​သော အ​ခြား​သော ငါ၏​လုပ်​ဖော်​ဆောင်​ဖက်​တို့​နှင့်​အ​တူ၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​သော​အ​မှု၌ ကူ​ညီ၍ ကြိုး​စား​အား​ထုတ်​သော မိန်း​မ​တို့​ကို မ​စ​ထောက်​ပံ့​ပါ​လော့။

ငါ​ပေါ​လု​သည် သင်​တို့​အား နှုတ်​ဆက်​သော​အ​ချက်​ကို ကိုယ်​လက်​ဖြင့် ရေး​ထား၏။ ငါ​ခံ​ရ​သော ချည်​နှောင်​ခြင်း​ကို အောက်​မေ့​ကြ​လော့။ သင်​တို့၌ ကျေး​ဇူး​တော်​ရှိ​စေ​သ​တည်း ။ အာ​မင်။ ကော​လော​သဲ​ဩ​ဝါ​ဒ​စာ​ပြီး၏။

ငါ​သည် ခ​ရစ်​တော်၏ နက်​နဲ​သော​အ​ရာ​ကြောင့် အ​ချည်​အ​နှောင်​ခံ​ရ​သည်​ဖြစ်၍။-

သင်​တို့​အ​ပေါင်း​သည် အ​လင်း၏​သား၊ နေ့၏​သား​ဖြစ်​ကြ၏။ ည၏​သား၊ မှောင်​မိုက်၏​သား မ​ဟုတ်။-

ထို​ကြောင့်၊ ငါ​တို့​သ​ခင်​ဘု​ရား၏ သက်​သေ​ကို​လည်း​ကောင်း၊ ထို​သ​ခင်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ​ဖြစ်​သော ငါ​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​နှင့်။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော တန်​ခိုး​ကို​ရ​သည်​အ​တိုင်း ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ဆက်​ဆံ၍ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​လော့။-

ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။-

ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့် ချည်​နှောင်​ခြင်း​ကို ငါ​ခံ​စဉ်​တွင်၊ သူ​သည် သင်၏​ကိုယ်​စား ငါ့​ကို ပြု​စု​စေ​မည်​အ​ကြောင်း၊ သူ့​ကို ငါ​ထား​ချင်​သော်​လည်း၊-

ထို​သို့​ဖြစ်​လျှင်၊ ကောင်း​ကင်​ဘုံ​နှင့်​စပ်​ဆိုင်​သော ခေါ်​ဖိတ်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​သော​သူ၊ သန့်​ရှင်း​သော ညီ​အစ်​ကို​တို့၊ ငါ​တို့​ဝန်​ခံ​သော တ​မန်​တော်​နှင့် ယဇ်​ပု​ရော​ဟိတ်​မင်း​တည်း​ဟူ​သော ယေ​ရှု၏​အ​ကြောင်း​ကို စေ့​စေ့​ဆင်​ခြင်​ကြ​လော့။-

သင်​တို့​သည် ခ​ရစ်​တော်၏​ဆင်း​ရဲ​ကို ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ဘုန်း​တော်​ပေါ်​ထွန်း​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​မည်​အ​ကြောင်း၊ ယ​ခု​ပင် ဝမ်း​မြောက်​ကြ​လော့။-

သင်း​အုပ်​အ​ရာ၌​လည်း​ကောင်း၊ ခ​ရစ်​တော်၏ ဆင်း​ရဲ​ဒု​က္ခ​ဝေ​ဒ​နာ​ကို သိ​မြင်​သော သက်​သေ​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​သော​သူ၊ ထင်​ရှား​စေ​တော်​မူ​လ​တ္တံ့​သော ဘုန်း​အ​သ​ရေ​တော်​ကို ဆက်​ဆံ​သော​သူ​ဖြစ်​သော ငါ​ပေ​တ​ရု​သည်၊ သင်​တို့​တွင်​ရှိ​သော သင်း​အုပ်​ချင်း​တို့​ကို တောင်း​ပန်​ပါ၏။-

ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​အ​တိုင်း၊ ငါ​တည်း​ခို​ရာ​တဲ​ကို မ​ကြာ​မ​မြင့်​မီ ငါ​ပစ်​သွား​ရ​မည်​အ​ရာ​ကို ငါ​သိ​မှတ်၍၊ ဤ​တဲ၌ ရှိ​နေ​စဉ် ကာ​လ​ပတ်​လုံး၊ သင်​တို့​ကို သ​တိ​ပေး၍ နှိုး​ဆော်​အပ်​သည်​ဟု ငါ​သ​ဘော​ရှိ၏။-

ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​တို့​ကို ချစ်​သော​ကြောင့်၊ သေ​ခြင်း​မှ အ​သက်​ရှင်​ခြင်း​သို့ ကိုယ်​ကူး​မြောက်​သည်​ကို ကိုယ်​သိ​ရ​ကြ၏။ မိ​မိ ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ​သည် သေ​ခြင်း၌​တည်၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ