Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဖိ​လိပ္ပိ 1:6

Judson Bible

သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

33 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​အ​မှု​ကို ပြီး​စီး​စေ​တော်​မူ​မည်။ အို​ထာ​ဝ​ရ​ဘု​ရား၊ က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ တည်​ပါ​သည်​ဖြစ်၍၊ ကိုယ်​တော်၏​လက်​နှင့်​ပြု​စု​သော အ​မှု​တို့​ကို စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။

ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင် စေ​လွှတ်​တော်​မူ​သော​သူ​ကို ယုံ​ကြည်​ခြင်း​အ​ကျင့်​ကား၊ အ​လို​တော်​နှင့် ညီ​သော​အ​ကျင့်​တည်း​ဟု မိန့်​တော်​မူ၏။-

ဤ​အ​ကြောင်း​အ​ရာ​တို့​ကို ထို​သူ​တို့​သည် ကြား​ရ​လျှင် မ​ငြင်း​ဘဲ​နေ၍၊ အ​ကယ်​စင်​စစ် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​ခြင်း​အ​လို​ငှာ၊ နောင်​တ​တ​ရား​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား​လည်း ပေး​တော်​မူ​ပြီ​ဟု ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။

ထို​အ​ခါ နီ​မောင်း​သော​အ​ထည်​အ​လိပ်​ကို ရောင်း​သော သွာ​တိ​ရဲ​မြို့​သူ လု​ဒိ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၍၊ တ​ရား​နာ​စဉ်​တွင် ပေါ​လု​ဟော​ပြော​သော​အ​ရာ​ကို မှီ​ဝဲ​ဆည်း​ကပ်​စေ​ခြင်း​ငှာ သူ၏​စိတ်​နှ​လုံး​ကို သ​ခင်​ဘု​ရား ဖွင့်​တော်​မူ၏။-

သင်​တို့​သည် ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏ နေ့​ရက်၌ အ​ပြစ်​တင်​စ​ရာ​အ​ခွင့်​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ သင်​တို့​ကို အ​ဆုံး​တိုင်​အောင် ခိုင်​ခံ့​မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-

အ​စဉ်​ဝန်​ခံ​မည်​ဟု ငါ​သ​ဘော​ကျ​လျက်​ရှိ၍၊ သင်​တို့​သည်​တစ်​ဖန် ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​စေ​ခြင်း​ငှာ ငါ​သည် သင်​တို့​ဆီ​သို့ အ​ရင်​လာ​မည်​ဟု အ​ကြံ​ရှိ၏။-

ငါ​ဝမ်း​မြောက်​ခြင်း၏ အ​ကြောင်း​သည် သင်​တို့​ရှိ​သ​မျှ၏ ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ဖြစ်​သည်​ကို ငါ​သ​ဘော​ကျ​သည်​ဖြစ်၍၊ ငါ​ရောက်​သော​အ​ခါ ငါ့​ကို ဝမ်း​မြောက်​စေ​အပ်​သော​သူ​တို့​သည် ဝမ်း​နည်း​ခြင်း အ​ကြောင်း​ကို မ​ပြု​စေ​ခြင်း​ငှာ၊ အ​ထက်​စာ​ကို ငါ​ရေး၍ ပေး​လိုက်၏။-

ငါ​သည် အ​ရာ​ရာ၌ သင်​တို့​ကို ယုံ​နိုင်​သော​ကြောင့် ဝမ်း​မြောက်​ခြင်း​ရှိ၏။

သို့​မ​ဟုတ် မာ​ကေ​ဒေါ​နိ​လူ​တို့​သည် ငါ​နှင့်​အ​တူ​လာ၍ သင်​တို့​သည် အ​သင့်​မ​ရှိ​ကြ​သည်​ကို​တွေ့​လျှင်၊ သင်​တို့​ရှက်​ကြ​လိမ့်​မည်​ဟု မ​ဆို​ဘဲ၊ ငါ​တို့​သည် ရဲ​ရင့်​စွာ ဝါ​ကြွား​ခဲ့​ပြီး​သည်​ကို အ​ရှက်​ခံ​ရ​ကြ​လိမ့်​မည်။-

သင်​တို့​သည် ကွဲ​ပြား​သော​အ​ယူ​ရှိ​သ​မျှ​ကို ပယ်​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို ငါ​အ​မှီ​ပြု၍ စိတ်​စွဲ​လမ်း​ခြင်း​ရှိ၏။ သင်​တို့​ကို နှောင့်​ယှက်​သော သူ​မည်​သည်​ကား၊ မိ​မိ အ​ပြစ်​ဒဏ်​ကို ခံ​ရ​လိမ့်​မည်။-

သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ခြင်း​အ​လို​ငှာ၊ ထို​သ​ခင်​သည် လူ​အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို သာ​သ​နာ​ပြု​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ၊ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား​တော်​မူ၏။-

မေ​တ္တာ​ပါ​ရ​မီ​တိုး​ပွား၍ ပြည့်​စုံ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​ထက်​က​မြင်​သည်​အ​တိုင်း၊ ယ​ခု​လည်း ကြား​သည်​အ​တိုင်း ငါ​ခံ​ရ​သော တိုက်​လှန်​ခြင်း​ကို ခံ​ရ​သည်​နည်း​တူ၊ သင်​တို့​သည် ခံ​ရ​ကြ​သည်​ဖြစ်၍၊ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​အ​ခွင့်​မှ​တစ်​ပါး၊ ခ​ရစ်​တော်​အ​တွက်​ကြောင့် ဆင်း​ရဲ​ခံ​ရ​ခြင်း​အ​ခွင့်​ကို ကျေး​ဇူး​တော်​အား​ဖြင့် ရ​ကြ၏။

သို့​ဖြစ်၍ ငါ့​ချစ်​သူ​တို့၊ သင်​တို့​သည် ငါ့​မျက်​မှောက်၌ နား​ထောင်​သည်​သာ​မ​က၊ မျက်​ကွယ်၌​လည်း အ​စဉ် နား​ထောင်​ကြ​သည်​နှင့်​အ​ညီ၊ ကြောက်​ရွံ့​တုန်​လှုပ်​သော​စိတ်​နှင့်၊ ကိုယ်​ကို ကယ်​တင်​ခြင်း​ငှာ ကိုယ်​တိုင် ကြိုး​စား​အား​ထုတ်​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် အ​လို​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျင့်​ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​အ​ထဲ၌ စေ​တ​နာ​တော်​အား​ဖြင့် ပြု​ပြင်​တော်​မူ​သော​သူ​ကား ဘု​ရား​သ​ခင်​ပေ​တည်း။-

ဗ​တ္တိ​ဇံ​အား​ဖြင့် ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပြု​ပြင်​အား​ထုတ်​တော်​မူ​ခြင်း​ကို ယုံ​ကြည်​သော​အား​ဖြင့်၊ ဗ​တ္တိ​ဇံ​ကို​ခံ၍ ထို​သ​ခင်​နှင့်​အ​တူ ထ​မြောက်​ခြင်း​သို့ ရောက်​ကြ၏။-

ထို​ကြောင့် ငါ​တို့​ဘု​ရား​သ​ခင်​နှင့် အ​ရှင်​ယေ​ရှု​ခ​ရစ်၏ ကျေး​ဇူး​တော်​အ​တိုင်း၊ ထို​သ​ခင်၏​နာ​မ​တော်​ကို သင်​တို့​အား​ဖြင့် ဘုန်း​ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​ကို​လည်း ထို​သ​ခင်​အား​ဖြင့် ဘုန်း​ထင်​ရှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့​သည် ခေါ်​တော်​မူ​ခြင်း ကျေး​ဇူး​ကို ခံ​ထိုက်​ကြ​သည်​ဟု မှတ်​တော်​မူ၍၊ ကောင်း​မြတ်​တော်​မူ​ခြင်း၏ စေ​တ​နာ​အ​ပေါင်း​နှင့် သင်​တို့၏​ယုံ​ကြည်​ခြင်း​အ​မှု​ကို တန်​ခိုး​နှင့် ပြည့်​စုံ​စေ​တော်​မူ​မည် အ​ကြောင်း၊ ငါ​တို့​သည် သင်​တို့​အ​ဖို့ အ​စဉ်​ဆု​တောင်း​ပ​တ္ထ​နာ ပြု​ကြ၏။

ငါ​တို့ ပ​ညတ်​သည်​အ​တိုင်း သင်​တို့​သည် ယ​ခု​ကျင့်​ကြ၏။ နောက်၌​လည်း ကျင့်​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို အ​မှီ​ပြု၍ ငါ​တို့​သည် ယုံ​မှား​ခြင်း​မ​ရှိ။-

သင်​သည်​နား​ထောင်​မည်​ဟု ယုံ​မှား​ခြင်း​မ​ရှိ​သည် သာ​မ​က၊ ငါ​ပြော​သည်​ထက် သာ၍​ပြု​မည်​ဟု အ​မှန်​သိ​လျက် ငါ​ရေး​လိုက်​ပါ၏။-

ထို​ကြောင့်၊ ကြီး​စွာ​သော​အ​ကျိုး​နှင့်​ယှဉ်​သော သင်​တို့၏ ရဲ​ရင့်​ခြင်း​စိတ်​ကို မ​စွန့်​ကြ​နှင့်။-

ယုံ​ကြည်​ခြင်း​ကို အ​စ​အ​ဦး​စီ​ရင်၍ စုံ​လင်​စေ​တော်​မူ​သော သ​ခင်​ယေ​ရှု​ကို စေ့​စေ့​ထောက်​ရှု​ကြ​ကုန်​အံ့။ ထို​သ​ခင်​သည် မိ​မိ​ရှေ့၌​ထား​သော ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ကြောင့်၊ ရှက်​ကြောက်​သော​အ​ရာ​ကို မ​မှတ်​ဘဲ လက်​ဝါး​ကပ်​တိုင်၌ ခံ​ပြီး​မှ၊ ဘု​ရား​သ​ခင်၏ ပ​လ္လင်​တော် လက်​ယာ​ဘက်၌ ထိုင်​နေ​တော်​မူ၏။-

ခ​ရစ်​တော်​ယေ​ရှု​အား​ဖြင့် ငါ​တို့​ကို ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​တော်​သို့ ခေါ်​တော်​မူ​သော၊ ခပ်​သိမ်း​သော​ကျေး​ဇူး​ကို ပြု​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ခ​ဏ​ဆင်း​ရဲ​ခံ​ပြီး​သော သင်​တို့​ကို စုံ​လင်​တည်​ကြည်​ခိုင်​ခံ့ မြဲ​မြံ​စေ​တော်​မူ​လိမ့်​မည်။-

သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ