Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 2:3

Judson Bible

ငါ​သည် အ​လွန်​ကြောက်၍၊ ရှင်​ဘု​ရင် အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ ကျွန်​တော်​ဘိုး​ဘေး သင်္ချိုင်း​ရှိ​ရာ​မြို့​သည် ပျက်​စီး​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ ကုန်​ပြီ​ဖြစ်​သော​ကြောင့်၊ ကျွန်​တော်​သည် မျက်​နှာ​မ​ညှိုး​ငယ်​ဘဲ အ​ဘယ်​သို့ နေ​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

ဗာ​သ​ရှေ​ဘ​သည် ဦး​ချ​ပျပ်​ဝပ်​လျက်၊ ရှင်​ဘု​ရင်​အား​ရှိ​ခိုး​လျက်၊ အ​ရှင်​ဒါ​ဝိဒ်​မင်း​ကြီး​သည် အ​သက်​တော်​အ​စဉ်​အ​မြဲ​ရှင်​စေ​သ​တည်း​ဟု မြွက်​ဆို၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​နန်း​စံ ဆယ်​ကိုး​နှစ်၊ ပ​ဥ္စ​မ​လ ခု​နစ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊

ယ​ဟော​ရံ​သည် အ​သက်​သုံး​ဆယ်​နှစ်​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ ရှစ်​နှစ်​စိုး​စံ​ပြီး​မှ၊ အ​ဘယ်​သူ​မျှ​မ​နှ​မြော​ဘဲ သေ​သွား၏။ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​သော်​လည်း၊ ရှင်​ဘု​ရင်​တို့ သင်္ချိုင်း၌ မ​သင်္ဂြိုဟ်​ကြ။

အာ​ခတ်​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ယေ​ရု​ရှ​လင်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့ သင်္ချိုင်း၌ မ​သင်္ဂြိုဟ်​ကြ။ သား​တော်​ဟေ​ဇ​ကိ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ဟေ​ဇ​ကိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ ဒါ​ဝိဒ်၏​သား​တော် မြေး​တော်​တို့ သင်္ချိုင်း​တွင် အ​မြတ်​ဆုံး​သော​သင်္ချိုင်း၌ သင်္ဂြိုဟ်​ခြင်း​ကို ပြု​လေ၏။ ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​သည်၊ ဟေ​ဇ​ကိ အ​နိ​စ္စ​ရောက်​သော​အ​ခါ၊ ဂုဏ်​အ​သ​ရေ​တော်​ကို ချီး​မြှောက်​ကြ၏။ သား​တော်​မ​နာ​ရှေ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ဗိ​မာန်​တော်​ကို​လည်း မီး​ရှို့၍ ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို ဖြို​ဖျက်​ကြ၏။ မင်း​အိမ်​ရှိ​သ​မျှ​တို့​ကို​လည်း မီး​ရှို့၍ မြို့​တန်​ဆာ အ​ကောင်း​အ​မြတ်​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​ကြ၏။

သူ​တို့​က၊ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု​ထဲ​က လွတ်၍၊ ထို​ပြည်၌ နေ​သော​သူ​တို့​သည် ကြီး​စွာ​သော ဆင်း​ရဲ​ခြင်း၊ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍​ကုန်​ပြီ​ဟု ပြန်​ပြော​ကြ၏။

ည​အ​ခါ ချိုင့်​တံ​ခါး​ဖြင့်​ထွက်၍၊ န​ဂါး​ရေ​တွင်း​တစ်​ဖက်​တစ်​ချက်၊ နောက်​ချေး​တံ​ခါး​တိုင်​အောင် သွား​သ​ဖြင့်၊ ယေ​ရု​ရှ​လင်​မြို့​ရိုး​သည် ပြို​ပျက်​လျက်၊ မြို့​တံ​ခါး​လည်း မီး​လောင်၍ မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊

ကျွန်​တော်​မ​အ​မျိုး​အ​ပေါ်​သို့ ရောက်​ရ​သော ဘေး​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​မျိုး​သား​ချင်း ပျက်​စီး​သော အ​မှု​ကို​လည်း​ကောင်း၊ ကျွန်​တော်​မ​သည် ကြည့်​ရှု​ခြင်း​ငှာ၊ အ​ဘယ်​သို့ တတ်​နိုင်​ပါ​အံ့​နည်း​ဟု လျှောက်​ဆို၏။

ကိုယ်​တော်၏​ကျွန်​တို့​သည် ထို​မြို့၏ ကျောက်​ခဲ​တို့​ကို​ပင် နှစ်​သက်၍၊ သူ၏​မြေ​မှုန့်​ကို​ပင် စုံ​မက်​ကြ​ပါ၏။

တစ်​ပါး​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို​လည်း​ကောင်း၊ လော​ကီ​ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် ဘုန်း​တော်​ကို​လည်း​ကောင်း ကြောက်​ရွံ့​ကြ​ပါ​လိမ့်​မည်။

သင့်​ကို ငါ​မ​အောက်​မေ့၊ အ​မြတ်​ဆုံး​သော ဝမ်း​မြောက်​ခြင်း​အ​ကြောင်း​ထက်၊ ယေ​ရု​ရှ​လင်​မြို့​ကို အ​မြတ်​မ​ထား​လျှင်၊ ငါ့​လျှာ​သည် အာ​ခေါင်၌​ကပ်​ပါ​စေ။

အ​ကျွန်ုပ်​ခါး​သည် ပူ​လောင်​သော​အ​နာ​စွဲ၍၊ အ​သား​သည်​လည်း ကျန်း​မာ​ခြင်း​မ​ရှိ​ပါ။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ နန်း​စံ​တစ်​ဆယ်​ကိုး​နှစ်၊ ပ​ဥ္စ​မ​လ ဆယ်​ရက်​နေ့​တွင်၊ အ​မှု​တော်​ထမ်း​ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လာ၍၊

မြို့​တံ​ခါး​ရွက်​တို့​သည် မြေ၌​မြှုပ်​လျက်​ရှိ​ကြ၏။ ကန့်​လန့်​ကျင်​တို့​ကို ချိုး​ဖဲ့​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် နေ​ရ​ကြ၏။ တ​ရား​တော်​မ​ရှိ။ ပ​ရော​ဖက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ခံ​မ​ရ​ကြ။

ခါ​လ​ဒဲ​ပ​ညာ​ရှိ​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ အ​ကျွန်ုပ်​တို့​အား အိပ်​မက်​တော်​ကို​မိန့်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည် အ​နက်​ကို ဖော်​ပြ​ပါ​မည်​ဟု၊ ရှု​ရိ​ဘာ​သာ​ဖြင့် လျှောက်​ကြ၏။

အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။

ထို​အ​ခါ မယ်​တော်​မိ​ဖု​ရား​သည် ရှင်​ဘု​ရင်၏ စ​ကား၊ မှူး​မတ်​တို့၏​စ​ကား​ကို ကြား​သိ​လျှင်၊ ပွဲ​တော်​သို့ ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။ စိတ်​တော်​ပူ​ပန်​ခြင်း မ​ရှိ​ပါ​နှင့်။ မျက်​နှာ​ညှိုး​ငယ်​တော် မ​မူ​ပါ​နှင့်။

ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော် အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။

အ​ထံ​တော်​သို့ လာ​ရောက်​စည်း​ဝေး​ကြ၍၊ အ​ရှင်​မင်း​ကြီး​ဒါ​ရိ၊ အ​သက်​တော် အ​စဉ်​အ​မြဲ​ရှင်​ပါ​စေ။

သင်​တို့​မြို့​များ​ကို​ငါ​ဖျက်​ဆီး၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့်၊ သင်​တို့​နံ့​သာ​ပေါင်း အ​မွှေး​အ​ကြိုင်​ကို​ငါ​မ​နမ်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ