အထက်က တစ်ခါမျှ ရှေ့တော်၌ ညှိုးငယ်သောမျက်နှာကို မပြဖူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာလျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်းနည်းဟန် ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊
သင်တို့သည် ယနေ့အဘယ်ကြောင့်မျက်နှာညှိုးငယ်သနည်းဟု မိမိသခင်အိမ်၌ မိမိနှင့်အတူအချုပ်ခံနေရသော ဖာရောမင်း၏အမတ်တို့အားမေး၏။
မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင်၊ စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
ရွှင်လန်းသောစိတ်နှလုံးသည် ချိုသောမျက်နှာကို ဖြစ်စေတတ်၏။ ညှိုးငယ်ခြင်းအားဖြင့်ကား၊ စိတ်ပျက်တတ်၏။