Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 13:3

Judson Bible

ထို​တ​ရား​ကို ကြား​သော​အ​ခါ၊ အ​မျိုး​မ​စစ်​သော​သူ ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်၍ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တောင်း​ပန်​ကြ​လော့။ အ​လို​တော်​အ​တိုင်း ပြု​လျက်၊ ဤ​ပြည်​သား​တို့​နှင့်​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား မိန်း​မ​တို့​နှင့်​လည်း​ကောင်း ကွာ​ကြ​လော့​ဟု သူ​တို့​အား​ဆို၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သ​မီး​များ​ကို ကိုယ်​ဖို့​လည်း​ကောင်း၊ ကိုယ်​သား​ဖို့​လည်း​ကောင်း၊ သိမ်း​ယူ​သ​ဖြင့်၊ သန့်​ရှင်း​သော​အ​မျိုး​သည် ဤ​ပြည်​သား​ရင်း​အ​မျိုး​နှင့် ရော​နှော​လျက်​ရှိ၍၊ အ​ကြီး​အ​ကဲ​နှင့် မင်း​အ​ရာ​ရှိ​တို့​သည်၊ ဤ​ဒု​စ​ရိုက်​အ​မှု​ကို အ​ဦး​ပြု​ကြ​ပြီ​တ​ကား​ဟု ကြား​ပြော​ကြ၏။

ကြွင်း​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား၊ တံ​ခါး​စောင့်၊ သီ​ချင်း​သည်၊ ဘု​ရား​ကျွန်​အ​စ​ရှိ​သော ဘု​ရား​သ​ခင်၏ တ​ရား​ကို​စောင့်​အံ့​သော​ငှာ၊ ထို​ပြည်​သား​တို့​နှင့်​ကွာ​သော သူ​အ​ပေါင်း​တို့​သည် မ​ယား​သား​သ​မီး​တို့​နှင့်​တ​ကွ အ​ကျိုး​အ​ကြောင်း​ကို နား​လည်​သော​သူ​ဖြစ်၍၊

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​စစ်​ဖြစ်​သော သူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ရှိ​သ​မျှ​တို့​နှင့် ကွာ၍၊ ကိုယ်​အ​ပြစ်​နှင့် ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကို ဖော်​ပြ​တောင်း​ပန်​ကြ၏။

ကိုယ်​တော်​ကို မ​ပြစ်​မှား​ဘဲ နေ​နိုင်​မည်​အ​ကြောင်း၊ ဗျာ​ဒိတ်​တော်​ကို နှ​လုံး​ထဲ​မှာ သို​ထား​ပါ​ပြီ။

လူ​ပျို​သည် မိ​မိ​သွား​သော​လမ်း​ကို အ​ဘယ်​သို့ သန့်​ရှင်း​စေ​နိုင်​ပါ​မည်​နည်း​ဟူ​မူ​ကား၊ နှုတ်​က​ပတ်​တော်​အ​တိုင်း သတိ​ပြု​ရ​မည်။

အ​မျိုး​မျိုး​သော​လူ​အ​များ​တို့​သည်​လည်း၊ သိုး​နွား​အ​စ​ရှိ​သော များ​စွာ​သော​တိ​ရ​စ္ဆာန်​တို့​နှင့်​တ​ကွ လိုက်​ကြ​၏။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တော်​သည် မီး​ခွက်​ဖြစ်၏။ တ​ရား​တော်​သည် အ​လင်း​ဖြစ်၏။ အ​ပြစ်​ကို ပြ​တတ်​သော ဩ​ဝါ​ဒ​စ​ကား​သည် အ​သက်​လမ်း​ဖြစ်၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော​လျက်​ပါ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တောင့်​တ​သော​စိတ်​စွဲ​လမ်း​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း တစ်​ဖန်​ငို​ကြွေး​လျက် ငါ​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို အ​ဘယ်​သူ​ပေး​လိမ့်​မည်​နည်း။

ထို​သို့ ပ​ညတ်​တ​ရား​သည် ဒု​စ​ရိုက်​အ​ပြစ်​ကို ထင်​ရှား​စေ​သည်​ဖြစ်​သော​ကြောင့်၊ ပ​ညတ်​တ​ရား၏ အ​ကျင့်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​ရာ။-

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ