Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



နေ​ဟ​မိ 13:2

Judson Bible

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို လုပ်​ကျွေး​ခြင်း​ငှာ မ​ကြို​ဆို၊ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဗာ​လံ​ကို​ငှား​ကြ၏။ သို့​ရာ​တွင် ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ကျိန်​ဆဲ​သော​စ​ကား​ကို ကောင်း​ချီး​ပေး​သော စ​ကား​ဖြစ်​စေ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် ကျိန်​ဆဲ​သော်​လည်း၊ ကိုယ်​တော်​မူ​ကား ကောင်း​ချီး​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ထ​သော​အ​ခါ အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ ဝမ်း​မြောက်​ပါ​စေ​သော။

အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။

ထို​အ​ခါ ဗာ​လမ်​သည်၊ ပ​ရော​ဖက်​စ​ကား​အား​ဖြင့် မြွက်​ဆို​သည်​ကား၊ အို​ဇိ​ဖော်​သား ဗာ​လက်​မင်း၊ ထ​လော့။ ငါ့​စ​ကား​ကို စေ့​စေ့​နား​ထောင်​လော့။

မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-

အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​မ​ဖြစ်​ရ။ ကာ​လ​အ​စဉ်​မ​ကုန်၊ ဆယ်​ဆက်​မြောက်​အောင် မ​ဝင်​ရ။

အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သူ​တို့​သည် မုန့်​နှင့်​ရေ​ကို​ဆောင်၍ ခ​ရီး​ဦး​ကြို​မ​လာ​ကြ။ သင့်​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ပေ​သော်​မြို့၌​နေ​သော ဗော​ရ​သား​ဗာ​လမ်​ကို ငှား​ကြ၏။

သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​စ​ကား​ကို နား​မ​ထောင်။ သင့်​ကို​ချစ်​သော​ကြောင့် ကျိန်​ဆဲ​ခြင်း​ကို သင်၌ ကောင်း​ချီး​မင်္ဂ​လာ ဖြစ်​စေ​တော်​မူ၏။

ဖြောင့်​မတ်​သော​လမ်း​ထဲ​က​ထွက်၍ လွှဲ​သွား​သ​ဖြင့်၊ ဗော​သော်၏​သား​ဗာ​လမ်၏​လမ်း​ကို လိုက်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ