လူသည် နှစ်ပေါင်းများစွာ အသက်ရှည်၍၊ သားတစ်ရာပင်ရှိငြားသော်လည်း၊ အလိုဆန္ဒမပြည့်စုံဘဲ၊ သင်္ဂြိုဟ်ခြင်းကို မခံရဘဲသေသွားလျှင်၊ ထိုသူထက် ပျက်သောကိုယ်ဝန်သည် သာ၍မြတ်၏။
ထိုနောက်၊ မျှော်ကြည့်၍၊ မိန်းမများ၊ သူငယ်များကိုမြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ်သူနည်းဟုမေးသော်၊ ကိုယ်တော်၏ကျွန်အား၊ ဘုရားသခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟုပြန်ပြောပြီးမှ၊
ကျွန်တော်သည်ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တစ်ရာသုံးဆယ်ရှိပါပြီ။ ကျွန်တော်အသက်ရှင်သောနှစ်ပေါင်းနည်း၍ ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏အသက်တန်းကို မမီပါဟု လျှောက်ဆိုပြီးလျှင်၊
အာဟပ်၏သားခုနစ်ကျိပ်တို့သည် ရှမာရိမြို့၌ ရှိသည်ဖြစ်၍၊ ယေဟုသည် ယေဇရေလမြို့အုပ်များ၊ အသက်ကြီးသူများ၊ အာဟပ်သားတို့ကိုလုပ်ကျွေးသော သူများရှိရာ၊ ရှမာရိမြို့သို့ စာရေး၍ ပေးလိုက်လေ၏။
သင်္ဂြိုဟ်ခြင်းငှာ သွားသောအခါ၊ ဦးခေါင်းခွံ၊ ခြေဖျား၊ လက်ဝါးတို့ကိုသာတွေ့သောကြောင့်၊ တစ်ဖန်လာ၍ ကြားလျှောက်ကြ၏။
ထာဝရဘုရားသည် ငါ့အား များစွာသောသားတို့ကိုပေးတော်မူသည်ဖြစ်၍၊ ငါ့သားအပေါင်းတို့တွင် သားရှောလမုန်ကို ရွေးကောက်၍ ဣသရေလအမျိုးကို အုပ်စိုးလျက်၊ ထာဝရဘုရား၏နိုင်ငံတော် ရာဇပလ္လင်ပေါ်မှာ ထိုင်စေခြင်းငှာ ခန့်ထားတော်မူပြီ။
ရောဗောင်သည် ခင်ပွန်း တစ်ဆယ်ရှစ်ယောက်၊ မောင်းမမိဿံ ခြောက်ဆယ်တို့ကိုသိမ်းယူ၍၊ သားနှစ်ဆယ်ရှစ်ယောက်၊ သမီးခြောက်ဆယ်တို့ကို ရသည်တွင်၊ အဗရှလုံသမီးမာခါကို အခြားသောခင်ပွန်း မောင်းမမိဿံအပေါင်းတို့ထက် သာ၍ချစ်သောကြောင့်၊
မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော်မတ်တော် ကျွန်တော်မျိုးများထက် သာ၍မြတ်သောအရာ၌ ခန့်ထားတော်မူကြောင်းများကို ဖော်ပြလျက်၊
ထိုသို့ မော်ဒကဲအဖို့လုပ်သော လည်ဆွဲချတိုင်၌ ဟာမန်ကို ဆွဲချကြ၏။ ရှင်ဘုရင်လည်း စိတ်ပြေတော်မူ၏။
ငါသည်မွေးစက အဘယ်ကြောင့် မသေသနည်း။ အမိဝမ်းထဲမှထွက်စက အဘယ်ကြောင့် အသက်မချုပ်သနည်း။
သို့မဟုတ် အချိန်နေ့လမစေ့မီ မွေးသောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါပျက်စီးရပြီ။
ခရုသည်သွားစဉ်တွင် ရွေ့လျော့သကဲ့သို့လည်းကောင်း၊ ပျက်သောကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့လည်းကောင်း ဖြစ်ကြပါစေသော။
မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ်၏။ သားတို့၏ဘုန်းကား အဘတည်း။
သို့ရာတွင် တစ်ခါမျှ မဖြစ်သေးသောသူ၊ နေအောက်မှာ ပြုသောဒုစရိုက်ကို မမြင်သေးသောသူသည် ထိုနှစ်ဦးထက် သာ၍မင်္ဂလာရှိ၏။
အကြောင်းမူကား၊ ပျက်သောကိုယ်ဝန်သည် အချည်းနှီးပေါ်လာ၏။ မှောင်မိုက်ထဲမှာ ထွက်သွား၏။ သူ့အမည်ကား၊ မှောင်မိုက်နှင့်ဖုံးလွှမ်းလျက် ရှိလိမ့်မည်။
ယေရုရှလင်မြို့ပြင်သို့ ဆွဲသွား၍ ပစ်ထားသဖြင့်၊ မြည်းကို သင်္ဂြိုဟ်သကဲ့သို့ ထိုမင်းကို သင်္ဂြိုဟ်ရလိမ့်မည်။
ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင်ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏အသေကောင်ကို နေ့အချိန်၌ နေပူထဲသို့လည်းကောင်း၊ ညအချိန်၌ နှင်းခဲထဲသို့လည်းကောင်း ပစ်လိုက်ကြလိမ့်မည်။
ထိုသူတို့သည် ကြည်ညိုရာ၊ အမှုဆောင်ရာ၊ လိုက်သွားရာ၊ ရှာဖွေရာ၊ ကိုးကွယ်ရာဖြစ်သော နေ၊ လ၊ ကောင်းကင်တန်ဆာရှေ့မှာ လှန်ထားကြလိမ့်မည်။ ထိုအရိုးတို့ကိုမစုမပုံ၊ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။
ကျမ်းစာလာသည်အတိုင်း လူသားသည် သွားရမည်။ သို့သော်လည်း လူသားကိုအပ်နှံသောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကိုမခံရလျှင် အနေသာ၍ကောင်းသည်ဟု မိန့်တော်မူ၏။-