ဒေသနာကျမ်း။ 6:2Judson Bibleအလိုဆန္ဒရှိသမျှပြေလောက်အောင် စည်းစိမ်ဥစ္စာ ဂုဏ်အသရေကို ဘုရားသခင်ပေးသော်လည်း၊ ခံစားရသောအခွင့်ကို ပေးတော်မမူသောကြောင့်၊ ကိုယ်တိုင် မခံစားရ။ မဆိုင်သောသူတစ်ပါးဝင်၍ ခံစားရသောအမှုသည် အနတ္တအမှု၊ ဆိုးသောအမှု ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်ကလည်း၊ သင်သည် ထိုသို့အောက်မေ့၍ စည်းစိမ်ဥစ္စာ ဂုဏ်အသရေကိုမတောင်း၊ ရန်သူတို့၏ အသက်ကိုလည်း မတောင်း၊ တာရှည်သောအသက်ကိုလည်း မတောင်း၊ ငါခန့်ထား၍ သင်အစိုးရသော ငါ၏လူမျိုးကို တရားစီရင်ခြင်းငှာ တတ်နိုင်သော ဉာဏ်ပညာကိုသာ ကိုယ်အဖို့တောင်းသောကြောင့်၊
အိုထာဝရဘုရား၊ လောကီသားဖြစ်သောထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ။ ထိုသူတို့သည် ယခုဘဝမှာ မိမိတို့အဖို့ကို ခံရကြပါ၏။ သူတို့အလိုကို ဘဏ္ဍာတော်နှင့် ပြည့်စုံစေတော်မူ၏။ သူတို့သားသမီးတို့သည်လည်း ကြွယ်ဝ၍၊ မြေးမြစ်စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။
လူသည် အဖော်အဖက်၊ သားသမီး၊ ညီအစ်ကိုမရှိ၊ တစ်ယောက်တည်းဖြစ်သော်လည်း၊ ကြိုးစားအားထုတ်၍ မကုန်နိုင်။ မိမိစည်းစိမ်ကိုမြင်၍ မရောင့်ရဲနိုင်။ ငါသည်ကိုယ်ကိုညှဉ်းဆဲ၍၊ အဘယ်သူအဖို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤအမှုအရာသည်လည်း အနတ္တအမှု၊ အလွန်ပင်ပန်းစေသောအမှုဖြစ်၏။
အစာမဟုတ်သောအရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။