သစ္စာကတိပြု၍ ဝတ်ကိုမဖြေဘဲနေသည်ထက်၊ သစ္စာကတိအလျှင်းမပြုဘဲနေသော် သာ၍ကောင်း၏။
ဘုရားအမှု၌ စကားလွန်မိသောသူ၊ သစ္စာကတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။
တစ်စုံတစ်ယောက်သောသူသည် ကောင်းသောအမှု၊ မကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ်ကိုမသိဘဲ ကျိန်ဆိုလျက် သစ္စာပြု၍ နောက်တစ်ဖန်သိလျှင်၊ အရင်ကျိန်ဆိုလျက် သစ္စာပြုလေရာရာ၌ အပြစ်တစ်စုံတစ်ခုရောက်သော်လည်းကောင်း၊
အကျွန်ုပ်မူကား၊ ကျေးဇူးတော်ကို ချီးမွမ်းသောစကားနှင့် ကိုယ်တော်အား ယဇ်ပူဇော်ပါမည်။ သစ္စာကတိထားသည်အတိုင်း သစ္စာဝတ်ကို ပြုပါမည်။ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါသည်ဟု ဆုတောင်းလေ၏။
ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကိုစောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကိုရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။
ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ရသော အဖိုးသည် ကိုယ်ဥစ္စာဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာ မုသားပြောပြီမဟုတ်၊ ဘုရားသခင်ကိုလည်း မုသားပြောပြီဟု ပေတရုဆို၏။-
သင်၏ဘုရားသခင် ထာဝရဘုရားအား သစ္စာကတိထားလျှင်၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဧကန်အမှန်တောင်းတော်မူမည်။ သင်သည်မပြုဘဲနေလျှင် အပြစ်ရောက်လိမ့်မည်။
သစ္စာကတိမထားဘဲနေလျှင် အပြစ်မရောက်။
ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကိုဆုတ်၍၊ အို ငါ့သမီး၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီတကား။ ငါ့ကို နှောင့်ယှက်သောသူတစ်ယောက် ဖြစ်ပါသည်တကား။ ထာဝရဘုရားအား ငါလျှောက်ထားပြီ။ နုတ်ရသောအခွင့်မရှိဟု ဆိုသော်၊